Tuesday, 13 November 2018

Planting Bok-choy....



Last week ago, I went to the plants shop for making in-door plant pot of mother-in-law-tongue for our show flat. So I decided to buy some seeds of tomatoes, bok choy and mint. Thanks to my cousin sister who motivate me for bacony garden at our bacony space as condominium. Bok choy is particularly well suited to container growing because of its compact, shallow root mass.

In the other morning, I scattered the seeds in container at my bacony. I start with the seeds of bok choy. I used organic fertilizer mix from the plant shop where I bought the seeds. The seeds are sprouted on day 3 (see in the photo). Oh!! whats the feeling when I first see my tiny sprout . I so happy, but I told myself not to get too excited.  Actually, I am not-so-capable hands. I take a peek at my bok-choy everyday. 


bok choy sprouted on day 3


I wondering how many days do I wait for harvest those bok-choy?


After a week, they come out like this.........


I think I should buy the extra container for re-pot my bok choy



my ugly jasmine plant


I have not had much luck with jasmine in my bacony garden. Its bloom and then drop off and the leaves are turn to yellow color. I think my plant lacks certain nutrients.



ပြီးခဲ့တဲ့ အပတ်တွေက ကျွန်မတို့ရုံးက Condo အရောင်း Show flat အတွက် ပန်းအိုးသုံးလုံးလုပ်ဖို့ မင်းဓမ္မလမ်းပေါ်က ပန်းဆိုင်တစ်ဆိုင်ကိုရောက်ခဲ့တယ်...။ ပန်းအိုးတွေဝယ်ရင်း မျိုးစေ့လေးတွေပါဝယ်ဖို့ စိတ်ကူးထားပြီးသားမို့ ခရမ်းချဉ်သီးနဲ့ ထိုင်ဝမ်မုန်ညင်းမျိုးစေ့ တစ်ထုပ်ဆီဝယ်ခဲ့တယ်..။ တကယ်တမ်းကျွန်မက အိမ်မှာနေ့တိုင်းစားဖြစ်တဲ့ ပူစီနံပင်စိုက်ချင်တာ မျိုးစေ့ထုပ်တွေကုန်နေလို့တဲ့ ..။ ရုံးအတွက် ပန်းသုံးအိုးက နှစ်အိုးဆင်တူဝယ်ပြီး ကျန်တစ်အိုးကိုတော့ တခြားပန်းလေးဝယ်ဖြစ်တယ်...။ နဂါးစပ်နှစ်အိုးနဲ့ လပ်ကီးဝါးပင်လေးတစ်အိုး ဝယ်ခဲ့တယ်..။ တလက်စတည်း အိမ်အတွက် အမေ့အခန်းထဲထည့်ဖို့ လပ်ကီးဝါးပင်လေး တစ်ပင်ဝယ်ခဲ့လိုက်တယ် အိုးကရှိပြီးသားမို့မဝယ်တော့ဘူး...။

ကျွန်မဝမ်းကွဲညီမလေးတစ်ယောက်က သူ့အိမ်ဝရံတာမှာခရမ်းချဉ်သီးပင်တွေ ရုန်းပဒေပင်တွေ စိုက်တော့ ကျွန်မလည်း အိမ်ကဝရံတာမှာ စားပင်လေးတွေ စိုက်ချင်နေခဲ့မိတယ်..။ ထိုင်ဝမ်မုန်ညင်းပင်လေးတွေက အိမ်တွင်းစားပင်စိုက်ချင်သူတွေအတွက် ရှည်မျောမျောကော်ခွက်လေးနဲ့ စိုက်ရတာ ပိုသင့်လျော် အဆင်ပြေပါတယ်...။

တမနက်မှာတော့ ကျွန်မဝယ်ခဲ့တဲ့ မြေဆွေးအိမ်ထဲက မြေကြီးတွေကို ကော်ခွက်ထဲထည့်ပြီး မုန်ညင်းစေ့လေးတွေကို ကြဲပြီး မြေကြီးပြန်ဖုံး ရေလောင်းထားခဲ့လိုက်တယ်...။ သုံးရက်မြှောက်နေ့မှာတော့ အညှောင့်ပုစိလေးတွေပေါက်လာတာ မြင်ရတာ ကြည်နူးစရာကောင်းလိုက်တာ ဒါပေမယ့် သိပ်တော့မပျော်ရဲဘူး ကျွန်မက အပင်စိုက်တာ လက်သိပ်မဖြစ်ဘူး...။

ကျွန်မ မုန်ညင်းပင်လေးတွေ ဘယ်ဆီနေမှန်းမသိသေးပေမယ့် ဘယ်နေ့အပင်လေးကို ခူးရမလဲဆိုတာကို ကြိုပြီး ရင်ခုန်နေမိတယ်...။ စားပင်တွေကို ခုမှစစိုက်တော့ ကိုယ့်လက်ကိုသေချာမသိသေးဘူး...။ ကျွန်မ ဝရံတာမှာ ပထမဦးဆုံးစိုက်ထားတဲ့ စံပါယ်ပန်းပင်ကတော့ ကျွန်မနဲ့ကီးမကိုက်ဘူးထင်ရဲ့ အပင်တွေက မြေသြဇာပဲမကောင်းလို့လား အရွက်တွေက တပင်လုံးဝါပြီး အပွင့်တော့ ပွင့်ရှာပါတယ် ပြီးတော့ ခဏလေးနဲ့ကြွေရော...။



ရွက်လှပင်ကတော့ သန်နေရောပဲ... အိုးပြောင်းဦးမယ် ဒီအိုးက အဝကျယ်တော့ ပူစီနံလေးစိုက်မလို့



Lucky Bamboo



 Happy Gardening!!!!



No comments: