မိုးရွာခြင်းအနုပညာ (၉).....
မေမေက ပန်းပွင့်စိပ်ဖဲထီးကလေးကို ဖွင့်လှန်းတဲ့အခါ
ကျွန်တော်က ဖတ်လက်စ ဝတ္ထုစာအုပ်ကိုချရင်း မေမေ့ကိုလှမ်းကြည့်တယ် ဈေးမှာ
မုန့်စိမ်းပေါင်းကုန်ပြီတဲ့ သားရဲ့..နက်ဖြန်မှစောစောသွားပေးမယ်နော်..
နှုတ်ခမ်းကို အစွမ်းကုန်ဆူပစ်လိုက်ပြီး ကျွန်တော်အိမ်နောက်ဖေး ထွက်သွားလိုက်တယ်
လျှပ်စီးလက်လိုက်တဲ့ခဏ မေမေ့ပါးပေါ်က အပြုံးနဲ့ကျွန်တော် လွဲခဲ့တယ်။ ။(Craton)
No comments:
Post a Comment