ကိုယ့်ဘဝမှာ အဖောသီဆုံးက မင်းကိုချစ်ခြင်းနဲ့လွမ်းခြင်းတွေပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါကွယ်…။
မင်းပါးပြင်မှာ ယှက်တွယ်နေကြတဲ့ ခရမ်းရောင် အစိမ်းရောင် သွေးကြောလေးတွေကို ကိုယ်စိတ်ကူးနဲ့ အကြိမ်ကြိမ်… နမ်းကြည့်ခဲ့ဖူးတယ်…။
အဲဒီချိန်မှာ ကိုယ့်နှုတ်ခမ်းတွေ အေးစက်နေမလား နွေးထွေးနေကြမလား မင်းဘယ်လိုထင်လဲ…။
မင်းမျက်ဝန်းတွေကတော့ ကြည်စင်မြဲပါပဲ…။
မင်းကို ပြန်တွေ့ရတာ ကိုယ်သိပ်ဝမ်းသာတာပဲ အိန်ဂျယ်…။ အပိုဆုအဖြစ် နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့အတူ ပြန်တွေ့ရလို့ပေါ့…။
သိပ်လှတဲ့ မိုးညနေခင်းလေးမှာ ကိုယ်တို့ အချမ်းပြေ ကော်ဖီ အတူသောက်ကြတာပေါ့…..။
ပြီးရင်…မင်းပခုံးလေးမှာ မှေးစက်လို့ ကိုယ်တို့အတူ ရုပ်ရှင်ကြည့်ကြရင် မကောင်းဘူးလား… ဟင်..။
ဒီမိုးကုန်လို့ ဆောင်းဦးပေါက်ရင် ကိုယ်တို့ ကမ်းခြေမှာ ပြန်တွေ့ကြရအောင်လေ…။ စကားပန်းပင်အောက်မှာ အုန်းရည်အတူသောက်ကြမယ်…။ အဲခါကျရင် မင်းရှေ့မှာ မင်းကို ကိုယ်တိုင်မပြောပြခဲ့ဖူးတဲ့ မင်းကို ချစ်တဲ့အကြောင်းလေးတွေ ကိုယ်တဝကြီးပြောပြမယ်လေ….။ ကိုယ်အသက်ကြီးလာတဲ့အခါ ကိုယ်သေလွန်ခါနီးတဲ့အခါ ကိုယ့်သေတမ်းစာမှာ ဘာတွေရေးမလဲဆိုတာက အစ မင်းကို ကိုယ်ပြောပြမယ်…။
ဒီမိုးကုန်မှာမဟုတ်လည်း နောက်မိုးရာသီတွေမှာဖြစ်ဖြစ်ပေါ့…။ အလွမ်းတွေချည်းပေးစွမ်းတဲ့ မိုးပေမယ့် ကိုယ်မိုးကို မမုန်းပါဘူး…။ ကိုယ်စောင့်နေပါ့မယ် အိန်ဂျယ်…။
2 comments:
မ ရဲ့ ဝက်ဆိုက် ပေါ်မှာ ဆောင်းပါးလေးတင်ချင်လို့ပါ။ မမိုးငွေ့ခွင့်ပြုပေးနိုင်မလားသိချင်ပါတယ်
ကော်ဖီလေးသောက်ရင်း မမိုးရဲ့အိန်ဂျယ်
ကိုဖတ်နေတယ်..
လွမ်းစရာတွေ ပေးတယ်
ချစ်ခင်လျက်
သဒ္ဓါ
Post a Comment