CW ဆိုင်က product လေးတွေအကြောင်းမရေးဖြစ်တာကြာပြီ... ဒီနေ့တော့ ရိုက်ထားတဲ့ပုံလေးတွေ နဲနဲပါးပါးလာတင်တာ... ။ နှစ်ပတ်လည်ပို့စ်တွေချည်းဖတ်ပြီး အီနေမှာစိုးလို့ ကြားဖြတ် ပျောက်ကျားပို့စ်လေးပေါ့...။
ကျွန်မရဲ့ မတတ်တခေါက်ဓါတ်ပုံပညာလေးကို လာကြွားတာဆိုပါတော့...။ ဒီလိုပဲ သူများရိုက်ထားတဲ့ Pinterest ကပုံလေးတွေလေ့လာရတာပေါ့...။
ဆိုင်ဖွင့်ပွဲက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ၁၄ ၁၅ သုံးရက် နေ့လည် (၁)နာရီက ညနေ (၇)နာရီထိလုပ်တယ်...။ လက်မလည်အောင်ရောင်းရပါသည်ပေါ့...။ ပုံမှန်ရောင်းအားတစ်လစာပမဏလောက်ကို သုံးရက်မှာရောင်းရတာ ပျော်စရာပေါ့...။ တရုတ်နှစ်ကူးနီးတော့ အနီရောင် Theme တွေ ၂၀၂၀ ရဲ့ တစ်လပိုင်းမှာ စရောင်းပါတယ်....။ ပန်းပွင့်နီရဲရဲလေးတွေ သိပ်လှတာပဲ...။ လာအားပေးချင်သူတွေအတွက် www.communewearmyanmar.com မှာ ဝင်ကြည့်နိုင်ပါတယ်နော်...။
2020 ရဲ့ပထမဆုံးနှစ်သစ်လက်ဆောင် ဇန်နဝါရီလထုတ် MODA magazine မှာ ပါဝင်ခွင့်ရခဲ့တယ်(ကြော်ငြာခတပြားတချပ်မှမပေးရဘဲ သူတို့ဘာသာ အလိုလိုသဘောကျလို့ ခွင့်တောင်းပြီးတော့တောင်လာရိုက်တာဆို)
2020 နှစ်စရဲ့ new product gold collection ထဲက အလန်းစာ နားကပ်လေးတွေ
ဒီလို အက္ခရာတွေနဲ့ ဆွဲကြိုးတွေလည်းရပါတယ်
ဒီချယ်ရီသီးနားကပ်လေးကလည်း best seller ထဲကတစ်ခု
ဆိုင်မှာ ဧည့်ခံဖို့ ဝိုင်တွေဘာတွေလဲသောက်ဖို့ စားပွဲဝိုင်းထားပေးပါတယ်
single wave သိုင်းကြိုးသားရေဖိနပ်လေးတွေ
မိန်းကလေးစီး sneaker အသစ်ထပ်ရောက်တယ် အသားရောင်နဲ့ နို့နှစ်ရောင်

ကျွန်မတို့ဆိုင်မှာ ဈေးဝယ်ပြီး ဒီနေရာလေးမှာ
ကော်ဖီကိုအေးဆေးကိုယ့်ဘာသာကိုယ်ဖျော်သောက်လို့ရပါတယ်ရှင့်
အဆာပြေ cookies လေးတွေလည်းရှိပါတယ်...
အရမ်းအားတယ်ဆိုတော့ ညဖက်အိပ်ယာမဝင်ခင်ကို book mark stick လေးတွေ
ကိုယ်တိုင်လုပ်ရောင်းပါသေးတယ် တစ်ခုကို တစ်ထောင် ထောင့်ငါးရာ နှစ်ထောင် အစားစားပါပဲ
ဒီနေရာက Men corner လေးပါ ယောကျ်ားစီး သရေဖိနပ် sneaker နဲ့
ညီမဝမ်းကွဲတစ်ယောက်လာတင်ထားတဲ့ Toma Hauk ယောကျ်ား ခေါင်းလိမ်းဆီတို့ Wax တို့ရပါတယ်...
မြန်မာလက်ယက်ချည်ထည်တွေက ပြင်သစ်သူ ဒီဇိုင်နာ ရဲ့ Lilla အမှတ်တံဆိပ် အဝတ်ထည်တွေပါ...
instagram မှာဆို by.lilla ဖဘမှာဆို www.fb.me/by.lilla.m မှာ ဝင်ကြည့်လို့ရပါတယ်
သရေပိုက်ဆံအိပ်လေးတစ်လုံးဝယ်ရင် နာမည်အတိုကောက်လေးတွေကို
စက်နဲ့ရိုက်ပေးပါတယ် ရွှေရောင် ငွေရောင် rose gold စသဖြင့်
ဒီနေရာလေးမှာလဲ ဈေးဝယ်လိုက်လာသူ အစ်ကို အစ်မတွေ အပန်းဖြေထိုင်စောင့်လို့ရပါတယ်
ဒီကောင်တာလေးတွေက body body myanmar, The Scent Studio တို့ရဲ့ organic handmade ဖယောင်းတိုင် ရေချိုးဆပ်ပြာ နဲ့ Julie ရဲ့ ပန်းချီပုံ ပို့စ်ကဒ်တွေ
သူများတွေလို photo booth နေရာလေးပေါ့
ဆိုင်လာတဲ့ customer တွေ ဓါတ်ပုံဖို့နေရာလေး
ညဖက် မိတ်ဆွေတွေအတွက် ဝိုင်ဘားလေးလည်းဟုတ်တယ်....:)
မိုးငွေ့
No comments:
Post a Comment