မင်းဆီ ငါမသွားနိုင်တဲ့ နွေရက်တွေ
ငါ့ဆီ မင်းမလာနိုင်တဲ့ ဆောင်းညများ
ဝေးကွာမှုက
နာကျင်စရာမိုးဉတု.....
သတိရလွန်းလို့
မင်းနှလုံးသားနဲ့ အနီးဆုံနံပါတ်တွေကို ငါနှိပ်တယ်....
စိတ်မချလို့
ငါ့ရင်ခွင်နဲ့အနီးဆုံးနံပါတ်တွေကို မင်းခေါ်တယ်....
အလွမ်းနံရံမှာ
တစ်ယောက်နဲ့တစ်ယောက်ပဲ့တင်နေတဲ့အသံ
သတိရခြင်းတပွေ့တပိုက်နဲ့
ငါတို့ဒီလိုပဲဆန်တက်နေရဦးမှာပဲ
လောကဓံကြိုးတစ်လျှောက်
တုန်ခါနေတဲ့အဆက်အသွယ်......။ ။ (ခေါင်ခေါင်)
ခေါင်ခေါင်ဆိုတာ ကျွန်မနဲ့ မွေးရက်မွေးလတူညီမလေး...။ ဘလော့လောကကို ကျွန်မထက်စောရောက်တဲ့ ဆရာမကြီး ...။ သူဘလော့ကို ဒီမှာ သွားဖတ်ကြည့်လို့ရတယ်...။ Side Roll မှာ တကယ့် ဝါရင့်သမာရင့်ဘလော့ဂါတွေအများကြီးမြင်ရလိမ့်မယ်....။ ကိုယ်နှစ်သက်ရာ ဝင်ရောက်ဖတ်ရှုလေ့လာဖို့ ညွှန်းလိုက်ပါရစေ...။ တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်လေးရေးပြီးနောက်တစ်ရက်မှာပဲ ဗီယက်နမ်ဟနွိုင်းခရီးစဉ်အတွက် ခေါင်ခေါင့်ဆီ ငွေသွားသွင်းတော့ ထုံးစံအတိုင်းလူတွေ့တာနဲ ပြေးဖက်ပြီး မချီပစ်လိုက်တာ ကလေးအမေဖြစ်သွားလဲ ကိုယ်တွေနဲ့တွေ့ရင် သူက ကလေးတစ်ယောက်လို ပြုမူတတ်တုန်း ချစ်ဖို့ကောင်းတုန်း....။
မိုးငွေ့
No comments:
Post a Comment