
ကြယ်တွေတောင်စုံနေပြီ
ပျော်နေလိုက်ကြတာ
ကောင်းကင်ကြီးတစ်ခုလုံးလင်းလက်လို့
ပျော်နိုင်သူတွေပျော်နေချိန်
ငါ့ဘေးမှာဂစ်တာအိုလေးပဲ အဖော်ရှိတယ်
ဆေးပေါင်းခတဲ့ညဆို…
ငါလွမ်းနေတာသက်သာအောင်
ဆေးတစ်ခွက်လောက်ဖော်ပေးမယ့်သူ
ခုထိပေါ်မလာသေးပါလား……..
ချစ်ခွင့်မရှိတဲ့ဘ၀မှာ
တစ်ဖတ်သတ်လွမ်းရတဲ့ဝေဒနာ
ဘယ်လောက်ခံရခက်တယ်ဆိုတာ
ကြွေသွားတဲ့ကြယ်လေးတွေကိုမေးကြည့်ပါလား……
ဖြစ်နိုင်မယ်ဆိုပြောပြချင်တယ်
ငါဘယ်လောက်လွမ်းလဲဆိုတာပေါ့
နင်ကမသိသလိုနေနေမှတော့
မပြောတော့ပါဘူး……….
ကြယ်ကြွေတွေလိုက်ကောက်ပြီး
ကော်ဖီထဲထည့်သောက်လိုက်တော့မယ်
ငါ့အလွမ်းတွေများပျောက်သွားမလားလို့လေ………..။ ။(ဒဿ)
5 comments:
ကြယ်ကြွေသောက်ရင် လွမ်းတာပျောက်တယ် တဲ့လား.....ကျနော်လည်း ကြယ်ရဲ့အလင်းတွေ သောက်သောက်ပြီး လွမ်းတာဖျောက်ဖျောက် နေရတယ် :)
ခင်တဲ့(ဖိုးကြယ်)
ကြယ်ကြွေ နဲနဲလောက်ရမလား...။
အလွမ်းတွေပျောက်အောင် ကာဖီထဲဖျော်သောက်ချင်လို့ :)။
လှလိုက်တာ..
ကြယ်ကြွေသောက်ရင်
လွမ်းတာပျောက်တယ် သတဲ့လား။
ကြယ်ကြွေ တွေ ထဲ့ထားတဲ့ ကော်ဖီတော့ မသောက်ဘူး သေးဘူး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အရသာက ဘယ်လိုနေလဲဟင်မမိုး....
ကြုံရင်သောက်ကြည့်ဦးမှပဲ...း))
Post a Comment