꧁ ༺ မိမိ၌ လက်တလော/အမြဲတစေ ဖြစ်ပေါ်နေသော ဘဝအဆင်မပြေမှု ဒုက္ခတို့အပေါ် အခြေပြု၍ မေတ္တာပို့သနည်း ༻ ꧂
ဘဝ၌ ကြုံတွေ့ရသော အခက်အခဲများကို အခြေခံ၍ မိမိကိုယ်တိုင်မှ စတင်ကာ သတ္တဝါအနန္တအား မေတ္တာပို့သနိုင်ရန် ရည်ရွယ်၍ ဤမေတ္တာပို့သနည်းများကို စီစဉ်ရေးသားထားပါသည်။
「 ✦ မိမိ အလုပ်အကိုင်အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」
☺️ ငါသည် ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်ချင်ပါတယ်။
☺️ ငါသည် ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ပါစေ။
☺️ ငါ၏ သူဌေး ___ (နာမည်) သည်လည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ပါစေ။
☺️ ငါ၏ လုပ်ဖော်ကိုင်ဖက်များအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ပါစေ။
☺️ ငါ့အလုပ်က လူအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ကြပါစေ။
☺️ ငါ့အလုပ်နဲ့ ဆက်စပ်သမျှလူအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ကြပါစေ။
☺️ ဒီတစ်မြိုလုံးက လူအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ကြပါစေ။
☺️ ဒီတစ်နိုင်လုံးက လူအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ကြပါစေ။
☺️ ဒီကမ္ဘာကြီးတစ်ခုလုံးက လူအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ကြပါစေ။
☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ အလုပ် လုပ်ကိုင်နိုင်ကြပါစေ။
「 ✦ မိမိ ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」
☺️ ငါသည် ဒီငွေရေးကြေးရေးအခက်အခဲမှ အမြန်ဆုံး ပြေလည်ချင်ပါတယ်။
☺️ ငါသည် ဒီငွေရေးကြေးရေးအခက်အခဲမှ အမြန်ဆုံး ပြေလည်နိုင်ပါစေ။
☺️ ငါသည် အမြန်ဆုံး ပြေလည်နိုင်သလို ငါလိုပဲ ငွေရေးကြေးရေးအခက်အခဲ ကြုံတွေ့နေရတဲ့ လူအားလုံးလည်း ငွေရေးကြေးရေးအခက်အခဲများမှ အမြန်ဆုံး ပြေလည်နိုင်ကြပါစေ။
☺️ ဒီတစ်မြိုလုံးက လူအားလုံးလည်း ငွေရေးကြေးရေးအခက်အခဲများမှ အမြန်ဆုံး ပြေလည်နိုင်ကြပါစေ။
☺️ ဒီတစ်နိုင်လုံးက လူအားလုံးလည်း ငွေရေးကြေးရေးအခက်အခဲများမှ အမြန်ဆုံး ပြေလည်နိုင်ကြပါစေ။
☺️ ဒီကမ္ဘာကြီးတစ်ခုလုံးက လူအားလုံးလည်း ငွေရေးကြေးရေးအခက်အခဲများမှ အမြန်ဆုံး ပြေလည်နိုင်ကြပါစေ။
☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း ငွေရေးကြေးရေးအခက်အခဲများမှ အမြန်ဆုံး ပြေလည်နိုင်ကြပါစေ။
「 ✦ မိသားစု ပြဿနာ အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」
☺️ ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ အမြန်ဆုံး ပြေလည်ချင်ပါတယ်။
☺️ ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ အမြန်ဆုံး ပြေလည်နိုင်ပါစေ။
☺️ ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ အမြန်ဆုံး ပြေလည်နိုင်သလို ငါရဲ့အိမ်နီးနားချင်းတွေအားလုံးလည်း မိသားစုပြဿနာအခက်အခဲအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။
☺️ ဒီတစ်မြိုလုံးက လူအားလုံးလည်း မိသားစု ပြဿနာအခက်အခဲအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။
☺️ ဒီတစ်နိုင်လုံးက လူအားလုံးလည်း မိသားစု ပြဿနာအခက်အခဲအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။
☺️ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရှိတဲ့ လူအားလုံးလည်း မိသားစု ပြဿနာအခက်အခဲအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။
☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း မိသားစု ပြဿနာအခက်အခဲအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။
「 ✦ မိမိ ခန္ဓာကိုယ် ရောဂါဝေဒနာ တစ်မျိုးမျိုး နှိပ်စက်ခံရတဲ့အခါ ✦ 」
☺️ ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ အမြန်ဆုံး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်ချင်ပါတယ်။
☺️ ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ အမြန်ဆုံး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်နိုင်ပါစေ။
☺️ ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ အမြန်ဆုံး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်ခွင့်ရသကဲ့သို့ ငါ့လိုပဲ ရောဂါဝေဒနာ ခံစားနေရတဲ့ လူအားလုံးလည်း ရောဂါဝေဒနာတွေရဲ့ နှိပ်စက်မှုမှ အမြန်ဆုံး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်နိုင်ကြပါစေ။
☺️ ငါ့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန််၊ သူနာပြုဆရာမအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ ဒီတစ်မြိုလုံးက လူအားလုံး ၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ ဒီတစ်နိုင်လုံးက လူအားလုံး၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ ဒီကမ္ဘာကြီးတစ်ခုလုံးက လူအားလုံး၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
「 ✦ မိမိ မိသားစုဝင်တစ်ဦးဦး ရောဂါဝေဒနာ တစ်မျိုးမျိုး နှိပ်စက်ခံရတဲ့အခါ ✦ 」
☺️ ငါရဲ့ မိသားစုဝင်သည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အမြန်ဆုံး နေထိုင်နိုင်ပါစေ။
☺️ ငါရဲ့ မိသားစုဝင်သည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အမြန်ဆုံး နေထိုင်ခွင့်ရသကဲ့သို့၊
ငါရဲ့ မိသားစုဝင်ကဲ့သို့ ရောဂါဝေဒနာ ခံစားနေရတဲ့ လူအားလုံးလည်း ရောဂါဝေဒနာတွေရဲ့ နှိပ်စက်မှုမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အမြန်ဆုံး နေထိုင်နိုင်ကြပါစေ။
☺️ ငါရဲ့ မိသားစုဝင်အား ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန်၊ သူနာပြုဆရာမအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ ဒီတစ်မြိုလုံးက လူအားလုံး၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ ဒီတစ်နိုင်လုံးက လူအားလုံး၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
-----------
#ဝိမုတ္တိယုဂခေတ်
၂၀၂၅-၁၀-၀၆