ကုသိုလ်ဆိုတာ.....?
လောဘ မောဟ ဒေါသ မပါတဲ့အလုပ်ကိုခေါ်တာ.....။
ကုသိုလ်ဆိုတာ ကုသလဆိုတဲ့ ပါဠိကလာတာ... ဒီလိုပဲ အကုသိုလ်ဆိုတာလည်း “အ”ဆိုတာ မဟုတ်ဘူး ကုသလဆိုတာက ကုသိုလ်...။ အကုသိုလ်ဆိုတာ ကုသိုလ်မဟုတ်တဲ့ ဆန့်ကျင်ဖက်စိတ်ကိုပြောတာပါ..။
ကုသိုလ်မှာ ထိုက်တန်တဲ့ ဂုဏ် တခါ ကျွမ်းကျင်တယ်ဆိုတဲ့ အနက်လည်းရှိတယ်..။ ဒါပေမယ့် တကယ့်မူရင်းက ကုသ+လ ကလာတာပါ...။ ကုသဆိုတာ သမန်းမြက် The Kusha Grass ဒါမှမဟုတ် စာရေးတံကိုခေါ်တာဖြစ်ပြီး “လ”ဆိုတာ ယူငင်ကိုင်တွယ်တာပါ...။ သမန်းမြက်ရဲ့သဘောက အသွားနှစ်ဖက်ရှတတ်တယ်...။ ဒီတော့ အလွန်ကျွမ်းကျင်တဲ့ သူမှ လက်မရှအောင်ကိုင်နိုင်ပါတယ်...။ နောက်ပိုင်းမှာတော့ ကျွမ်းကျင်တာမှန်သမျှကို ကုသလလို့ခေါ်ပါတယ်...။ စိတ်မှာ ကျွမ်းကျင်သွားမယ်ဆိုရင် အပြစ်ဖြစ်မယ့် စိတ်တွေ မလုပ်မိတော့ဘဲ အပြစ်မရှိတာတွေကို လုပ်ဖြစ်သွားလို့ merit ဆိုတာ အပြစ်မရှိခြင်းနှင့် ကောင်းသောအကျိုးပေးခြင်းဆိုတဲ့ ဂုဏ်တွေပြည့်စုံတဲ့ စိတ်ကို ပြောတာပါ..။
မြတ်စွာဘုရားကလည်း အကုသိုလ်ကိုမလုပ်နဲ့ ကုသိုလ်ကိုလုပ် စိတ်ကိုဖြူအောင်ထားလို့ ဟောထားတော့..ကုသိုလ် အကုသိုလ် ခွဲခြားသိမှပဲ အပြစ်ဖြစ်မယ့်ဟာကို ရှောင်နိုင်မှာပါ...။
To avoid all devil,
to cultivate good,
and to clean one's mind,
This is the teaching of the Buddhas
မှတ်မိလွယ်အောင် ဆရာတော်များက “မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား” လို့ ဆုံးမကြတယ်...။
တကယ်လေ့လာကြည့်ရင် လောဘ နဲ့ ဒေါသကို စဖြစ်စေတာက မောဟပဲ....။ ဒီသုံးခုလုံးပါမှတော့ အကုသိုလ်ဖြစ်ပြီပေါ့...။ ဒီတော့ လောဘ ဒေါသ မောဟမပါရင် ကုသိုလ်ဖြစ်တယ်...။ မောဟမပါရင် ခေတ္တခဏ နိဗ္ဗာန်ရောက်သွားတယ်လို့ မှတ်ယူလို့ရတယ်...။ မောဟကို သေချာ သတိနဲ့ ထိန်းချုပ်နိုင်ရင် ငြိမ်းသတ်နိုင်ရင် လောဘနဲ့ ဒေါသလည်း အလိုလိုချုပ်ငြိမ်းသွားပြီ...။ လွယ်လွယ်ကူကူ ဥပမာပြရရင် နောက်ဆုံးပေါ် အိုင်ဖုန်းတစ်လုံးကို လိုချင်တယ်ဆိုပါစို့...။ ဖုန်း(ပညတ်)ကို အမြင်(ရူပါရုံ) ကစမြင်ပြီး စိတ်ကဖုန်းလို့ သိလိုက်ပြီဆိုတာနဲ့ မောဟဖြစ်သွားပြီ...။ အဲဒီနောက် ဖုန်းကို လိုချင်တာက လောဘ မ၀ယ်နိုင်သေးလို့ ဖြစ်တဲ့ စိတ်က ဒေါသ...။ မောဟကို အရင်သတ်ချင်ရင် ဖုန်းဆိုတာ တကယ်မရှိဘူး လေးတောင့် အမဲရောင်လို့ပဲ အမြင်အာရုံကသိရင် မောဟပြုတ်သွားပြီ...။ ဖုန်းကို ဖုန်းလို့မြင်နေသရွေ့က မောဟဖြစ်နေတုန်းပဲနော်...။ ဒါက ဖုန်းနဲ့ပဲ ဥပမာပေးတာ နိစ္စဓူဝ ကိုယ်နေထိုင်သွားလာနေတာ မြင်ကြားနေတာတွေကို အဲလို စိတ်နဲ့ ဆင်ခြင်နိုင်ရင် မောဟဖြုတ်နိုင်ရင် လောဘနဲ့ ဒေါသပါသူ့အလိုလို ပြုတ်သွားလို့ အဲဒီစိတ်ရတဲ့ အချိန် စက္ကန့် မိနစ်ပိုင်းဟာ နိဗ္ဗာန်ပဲလို့ အလွယ်မှတ်ယူလို့ ရတယ်...။ ပုထုဇဉ်တွေ အတွက် နေ့စဉ်သွားလာလှုပ်ရှားမြင်တွေ့နေတာတွေကို သတိနဲ့ရှုနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ဘူး...။ ဒီလိုမလွယ်တာကို တစ်နေ့တာမှာ တစ်ခါပဲရရ နှစ်ခါပဲရရ သတိလေးနဲ့ လိုက်မှတ်နိုင်ရင် နိဗ္ဗာနျကိုအထောက်အပံ့ပေးနိုင်မယ့် ကုသိုလ်ရနေပြီ...။
ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ရင် ရှေ့စိတ်နဲ့ နောက်စိတ်ဆိုတာနဲ့ ဆင်ခြင်သိရှိတတ်ဖို့လိုတယ်.... နောက်စိတ်နဲ့ ဆင်ခြင်သိခြင်းကသာ နိဗ္ဗာန်ကို တကယ်ရှေ့ရှုတာပါ...။ ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ် အကြောင်းကို ဒေါက်တာစိုးလွင် (မန္တလေး) ရဲ့ ရုပ်နာမ် နှင့် နိဗ္ဗာန်ကို ကိုးကားပြီး နောက်တစ်ပို့စ်မှ ရေးပေးဦးမယ်နော်...။
အားလုံးကျန်းမာရွှင်လန်းအသိတိုးပွားလို့ မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကို ဖြူအောင် ထားနိုင်ကြပါစေ...။
မှတ်ချက်။ ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏
ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။ စာအုပ်ကအထူကြီးမို့
ကျွန်မဖတ်မှတ်သလောက် အပိုင်းတွေ ခေါင်းစဉ်လေးတွေခွဲပြီး
တင်ပေးသွားမှာပါ...။
မိုးငွေ့
No comments:
Post a Comment