Sunday, 14 January 2024

No Excuses .....





IA ကတော်တော်တော့ ကြောက်ဖို့ကောင်းနေပြီ...။ ကျနော်တို့ ဖုန်းကို Wifi ဖွင့်ထားတာနဲ့ ကျနော်တို့ စိတ်ထဲကအတွေးတွေကိုပါ သူကဖတ်တတ်နေပုံရတယ်...။ ကျနော်ကြည့်နေကျ Pinterest မှာ လိပ်ပြာပုံတွေ တစ်မျိုးပြီးတစ်မျိုးလာပြတယ်...။ လိပ်ပြာပုံတက်တူးတွေကိုရောပဲ...။ အခု ကျနော် Tiktok သုံးတော့လဲ လိပ်ပြာတွေကို ပုံစံတစ်မျိုးနဲ့လာပြပြန်ပြီ...။ ဒီတစ်ခါတော့ Pinterest မှာလို လိပ်ပြာပုံသက်သက်မဟုတ်တော့ဘဲ လူတစ်ယောက်ရဲ့ တက်တူးအနေနဲ့ ကျနော့်ဆီထပ်ရောက်လာခဲ့တယ်....။ သတိရခြင်းတွေဟာ အရှင်လတ်လတ်လိပ်ပြာတစ်ကောင်အဖြစ် ကျနော့်ဆီ ပျံသန်းရောက်ရှိလာမယ့်အစား Digital ခေတ်အရ လှိုင်းကနေတဆင့် ပုံရိပ်တွေအဖြစ်နဲ့ ရောက်လာကြတယ် တကယ်အံ့မခန်းပါပဲ...။







ဒီပုံက Tiktok မှာ ကျနော့်ကိုလာပြတဲ့ လိပ်ပြာပုံ အဲဒီကတစ်ဆင့် ကျနော် လိုက်စပ်စုကြည့်တော့မှ ၂၀၂၂ Dance of the Year အကပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးတဲ့ Soul Catcher အဖွဲ့က Gunn ဆိုတဲ့ ကောင်လေးမှန်းသိရတယ်...။ ပြီးခဲ့တဲ့ နှစ်လ ၂၀၂၃ နိုဝင်ဘာလမှာပဲ သူ့ရဲ့ "No Excuses" ဆိုတဲ့  MV လေးထွက်လာခဲ့တယ်...။ ကျနော် You Tube မှာ သူ့ MV , သူ့အင်တာဗျူး , သူ့ MV reaction တွေလျှောက်ကြည့်တော့မှ တော်တော်မိုက်မှန်းသိရတယ်....။ နိုင်ငံတကာ အဆင့်မှီတဲ့ အရည်အသွေးပြည့်ဝတဲ့ MV တစ်ပုဒ် အနာဂတ်မှာ တောက်ပလာမယ့် Hip Hop ကြယ်တစ်ပွင့်ဆိုတာ သေချာတယ်...။ ကျနော်က Hip Hop ဂီတကို အစကတည်းက ရူးသွပ်သူမို့ ကြိုက်တာလည်းပါမယ်...။ Gunn ဆိုတဲ့ ဖြိုးသူလှိုင်က တိုက်ကွမ်ဒိုလက်ရွေးစင်ကစားသမားကနေ ဂီတဖက်ကို ကူးလာတဲ့ လူငယ်တစ်ယောက် (တိုက်ကွမ်ဒိုဆိုလို့ အဲဒီအားကစားကနေ တဆင့်လာကြတဲ့ အနုပညာရှင်တွေ ကျနော်တို့နိုင်ငံမှာ အများသားလား)...။ သီချင်းတွေ Update နားထောင်ဖြစ်နေပေမယ့် Gunn ကိုခုမှတွေ့မိ...။ သူဟာသူတော့ FC တွေရှိနေပြီးသား အောင်မြင်ကျော်ကြားမယ့် musician တစ်ယောက်အဖြစ် Hip Hopper တစ်ယောက်အဖြစ် ရှေ့လျှောက်ကျနော်တို့ ထပ်တွေ့ရဦးမယ်လို့ မျှော်လင့်ပါတယ်....။  "No Excuses" gift set box လေးကိုတော့ လိုချင်မိ ဘယ်ကဘယ်လိုဝယ်ရလဲမသိ....။ Gunn ရဲ့ Tiktok က For_Guniverse  အဲက ဗီဒီယိုဖိုင်အတိုလေးတွေတင်ထားတာ အကတွေအရမ်းမိုက်တယ်...။ Gunn ရဲ့ အသံက အသံလုံးကြီးပြီး မိုက်တယ်ဗျ...။ ပြီးတော့ ဖက်ရှင်စတိုင်လ်လဲလန်းတယ်...။

ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ လူငယ်တစ်ယောက်မှာ ဇွဲ လုံလ ဝီရိယနဲ့ ရိုးသားမှု ကြိုးစားအားထုတ်မှု  ရိုကျိုးမှု ကျေးဇူးသိတတ်မှုတွေ ရှိနေဖို့လိုတယ်ဆိုတာ ဒီလူငယ်လေးကိုကြည့်ရင် မြင်ရပါလိမ့်မယ်...။ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ကြိုးစားမှုအားလုံးကို ဂုဏ်ယူပါတယ် Gunn ရေ...။
























______________________
Revolution will prevail
မိုးငွေ့


No comments: