Friday, 27 June 2025
အငွေ့အသက်များ(၂).....
Monday, 23 June 2025
တယ်လီဖုန်း.....
မှတ်မိသလောက် ကျနော်တင်တဲ့ သီချင်းတွေထဲမှာ Rဇာနည်ရဲ့သီချင်းက တစ်ပုဒ်လောက်ပဲရှိမယ်ထင်တယ်...။ သူ့သီချင်းတွေကို မကြိုက်လို့တော့မဟုတ်ဘူး သူ့သီချင်းတော်တော်များများက ကျနော့်ရဲ့ Taste မဟုတ်လို့ပဲထင်တယ်...။ တယ်လီဖုန်းသီချင်းကိုတော့ ကားမောင်းရင်း FM ကနားထောင်လို့ ကြိုက်တာ B-Sox featuring ဆိုထားတာလေးလည်း ကြိုက်တယ် ...။ ကျနော်က အဲလို melody နဲ့ rapping လေးညှပ်ဆိုတဲ့ သီချင်းလေးတွေဆို သဘောကျတယ်....။ rap ရွတ်ရင် များသောအားဖြင့် အသက်ကြီးပိုင်းတွေက နားမလည် နားမထောင်တတ်တဲ့အချိန်မှာ ကျနော်ကတော့ rap သီချင်းတွေ hip hop တွေကို ရူးသွပ်ဆဲ...။ ကျနော့်ကြောင့် ခင်မောင်တိုးသီချင်းလောက်ကိုပဲ စွဲစွဲမြဲမြဲနားထောင်တတ်တဲ့ လူငယ်လေးတစ်ယောက် hip hop သီချင်းတွေကို နားယဉ်တတ်သွားတာတော့ မှတ်မှတ်ရရပါပဲ 😊:)
သီချင်းတွေစိတ်ကြိုက်တင်နေလို့ ဂီတဟာ ကျနော့်အတွက်အကောင်းဆုံးအဖော်လို့ ထင်မှတ်မှားစရာရှိလိမ့်မယ်..။ သီချင်းဆိုတာ ကျနော့်အတွက် အပန်းဖြေဖို့ ဖျော်ဖြေရေးတစ်ခုသက်သက်ပဲ... စာဖတ် ရုပ်ရှင်ကြည့်သလိုမျိုးပေါ့... ဒါက လူတိုင်းဒီလိုပါပဲ....။ ကျနော့်မှာအသက်အရွယ်ဘယ်လောက်ရောက်ရင် ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိပြီးသားလေ ကျနော့်လိုပဲ တစ်ကိုယ်တည်း တောက်ပမယ့် ကျနော်နဲ့စိတ်တူကိုယ်တူ partner နဲ့ ကျနော်တို့နေချင်တဲ့နေရာ ကျနော်တို့သွားချင်တဲ့ခရီး ကျနော်တို့လုပ်ချင်တဲ့အလုပ် စသဖြင့် Planတွေ ရှိတယ်.....။ So what သဘောက loneliness ဆိုတဲ့အဓိပ္ပါယ်ကိုကွာ သေသေချာချာတိတိကျကျနားလည်နေတဲ့သူကသာ loneliness ဖြစ်နေသူပါ...။
Thursday, 19 June 2025
80th Birthday.....
Monday, 16 June 2025
မိုးညများ.....
Thursday, 12 June 2025
Monday, 9 June 2025
မနီးတော့တဲ့ကမ္ဘာ.....
Thursday, 5 June 2025
မိုး.....
ဒီသီချင်းလေးနားပြန်နားထောင်တော့ 2000-2005 ဝန်းကျင်နှစ်တွေကို သတိရမိတယ်...။ 2002ကစပြီး ကျနော် အလုပ်လုပ်နေပြီ အဲတုန်းက ငယ်သေးတော့ တာဝန်လည်းမကြီးသေးတော့ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ပဲ...။ လစာ နှစ်သောင်းခွဲစရတာ မှတ်မိသေးတယ်..။ အဲခေတ်က အဲလစာနဲ့ MKဆိုင်မှာ brand တွေဝယ်ဝတ်နိုင်တယ်..။ အလုပ်ကပြန်လာရင် အိမ်မရောက်ခင် လမ်းမှာရှိတဲ့ မုန့်တွေ စားချင်တာစားလိုက်တာပဲ...။ ညဖက် ရေမိုးချိုး စားသောက်ပြီးရင်လဲ အောက်တစ်ခါပြန်ဆင်း စာအုပ်အငှားဆိုင်သွား ခွေအငှားဆိုင်သွားမွှေရသေးတယ်... အဲတုန်းကတော့ အင်တာနက်တွေမပေါ်သေးတော့ အဲဆိုင်တွေသွားတဲ့ခေတ်မဟုတ်သေးဘူး ဗီဒီယိုခွေကြည့် မဂ္ဂဇင်းစာအုပ် ကာတွန်း ဝတ္ထုစာအုပ်ဖတ်တဲ့ခေတ်...။ သီးချင်းတောင် Mp 3 Mp 4 လောက်ပဲရသေးတာ ကိုယ်နားထောင်ချင်တာ ဆိုင်မှာသွားဘမ်းရတယ်...။
ပြီးတော့ အလုပ်ကအပြန် မိုးရွာထဲလမ်းလျှောက်ရတာ သိပ်သဘောကျတယ်...။ ကျနော် တက္ကသိုလ်မတက်ခင်ဆက်ကြား သင်တန်းတွေတက်နေတဲ့ ကာလတွေတုန်းက အင်္ဂလိပ်စာသင်တန်းက ကောင်လေးတစ်ယောက်နဲ့ ရက်ပိုင်းလေးခန ရည်းစားဖြစ်ဖူးတာအမှတ်ရမိတယ်...။ အဲတုန်းက လက်ကိုင်ဖုန်းဘယ်သူမှ သိပ်မကိုင်နိုင်တဲ့ခေတ်မှာ ကျနော့်ဆီမှာ ဆယ်လူလာဖုန်းတစ်လုံးရှိတယ်... တစ်ညနေမှာ အဲဖုန်းလေးနဲ့ မိုးဖွဲဖွဲလေးထဲမှာ လမ်းလျှောက်ရင်း အဲကောင်းလေးနဲ့ ဖုန်းပြောခဲ့ဖူးတယ်...။ " ငါအခု မိုးဖွဲအောက်ကနေ လမ်းလျှောက်ရင်း ဖုန်းပြောနေတာ သိလား" ဆိုပြီး မိုးရေထဲမှာ ဖုန်းလေးတစ်လုံးနဲ့ RO တာကို လက်တွေ့လုပ်ရလို့ ဂုဏ်ယူဝင့်ကြွားခဲ့ရသေး...။ အဲဒါ မိန်ရာသီခွင်မှာမွေးတဲ့သူတွေပဲ....။
စည်သူလွင်ဆိုတာ တစ်ချိန်က သီချင်းဆိုပြိုင်ပွဲကနေ ကိုညီထွဋ်ရဲ့သီချင်းနဲ့ ဆုရခဲ့ဖူးတဲ့ အဆိုတော်တစ်ယောက် ...။ ကျနော် ပထမနှစ် ကျောင်းစတက်တော့ ကိုစည်သူက RC2 မှာ နောက်ဆုံးနှစ်ကျောင်းသားဖြစ်နေပြီ ကျနော်တို့ထက် လေးငါးနှစ်တော့ကြီးတယ်...။ RC 2 မှာ Fresher Welcome လုပ်ရင် သွားသွားကြည့်တာ အဲမှာ စည်သူလွင်သီချင်းလာဆိုမယ်ပေါ့...။ သီချင်းတစ်ပုဒ်ဆီတိုင်းမှာ ကျနော်က ဇာတ်လမ်းလေးတွေ ပြောစရာရှိနေတော့တာ...။ ကဲ... ဒီနှစ်လည်း ကျနော် မိုးနဲ့ ပတ်သက်တဲ့ မတင်ရသေးတဲ့ သီချင်းတွေ အများကြီးရှာထားတယ် တစ်ပုဒ်ဆီလာတင်ပေးမယ်...။
☔...... သည်းသည်းမဲမဲ ရက်စက်တဲ့ မိုးရေ အကြင်နာတွေ သွန်းဖြိုးဦး ရက်ရက်စက်စက် ထားခဲ့တဲ့ မိုးရေ နှုတ်ဆက်ခဲ့ပြီနော် မိုးတိမ်တွေရယ် ညှို့ကာမဲခဲ့ရင်လေ ကိုယ်ကြွေပြီမိုးရေ .....☔
Monday, 2 June 2025
(သတိရခြင်းဆိုတာ)
လွတ်လပ်တယ်
တိကျသေချာတယ်
သိုဝှက်ဟန်ဆောင်မှုကင်းတယ်
လုံခြုံတယ်
အချက်အလက်ပြည့်စုံတယ်
ဒါပေမယ့်
အထီးကျန်ဆန်တယ်
၀မ်းနည်းစရာကောင်းတယ်
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်
အဆိုးဆုံးကတော့
တစ်ဖက်သတ်ဆန်တယ်။ ။
(အယ်ဖြူ)
( ၁၉၇၂ - ၂၇၊ မေ၊ ၂၀၀၄ )
မှတ်ချက်။ ။ ဦးကျားကြီး(ဆရာကျောင်း) စာမျက်နှာကယူလာတာ