Thursday, 30 June 2016
Saturday, 25 June 2016
Monday, 20 June 2016
Tuesday, 14 June 2016
Saturday, 11 June 2016
အလွမ်းမိုးရိပ်.....
အိန်ဂျယ်ပို့စ်လေးတွေ စမရေးခင်တုန်းက အက်ဆေးလေးတွေသွားပြန်ဖတ်ရင်း အဲဒီပို့စ်တွေမှာ မင်းနဲ့ ကော်မန့်တွေအပြန်အလှန် ပြောထားတာလေးကြောင့် မင်းကို သတိရလွမ်းဆွတ်ခြင်း မိုးတိမ်တွေ တရိပ်ရိပ်တက်လာခဲ့တယ်.....။ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာလေးကိုတောင်ပြေးသတိရမိတယ်...။ “ဒါပါပဲကွယ်... ပုံပြင်ရယ်ထား အိပ်မက်များလို မေ့သွားနိုင်ရိုး အဖြစ်မျိုးလား မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ ချစ်ခြင်းဆင်းရဲ မိုးသားမဲညို ပြိုမည်အုန်းအုန်း မိုးထစ်ချုန်းပြီ နှလုံးသားတောင်ထိပ်မှာ အလွမ်းမိုးရိပ်တွေပါညို".....။
ဒီမနက် မင်းသူငယ်ချင်းတွေထဲက တစ်ယောက်အွန်လိုင်းမှာ လာနှုတ်ဆက်လို့ စကားပြောရင်းလည်း မင်းကို လွမ်းသွားမိပြန်တယ်..။ “ကျွန်တော်တို့တွေ မတွေ့ဖြစ်ခဲ့တဲ့ နှစ်တော်တော်ကြာသွားပြီထင်တယ်နော် အစ်မ” တဲ့ မင်းသူငယ်ချင်းတွေလည်း ကလေးအဖေတွေဖြစ်ကုန်ပြီလေ...။ ကိုယ့်ကိုလာနှုတ်ဆက်တဲ့ မင်းသူငယ်ချင်းက သူ့အမျိုးသမီးလေး ကိုယ်ဝန်လွယ်ထားပြီဆိုပြီး အစ်မရောတဲ့... ကိုယ်လည်း သားကလေးတစ်ယောက်ရပြီလို့ ကိုယ့်တူလေးနဲ့ရိုက်ထားတဲ့ ပုံလေးပြလိုက်တယ်။ သူယုံသွားတယ် ဟဟ....:) ။
ဒီလ ဦးသုမောင်ရဲ့ စာပေသဘင် စာအုပ်ဒုတိယတွဲဝယ်ဖတ်ဖြစ်တော့ အိန်ဂျယ်စာစုတွေကို ဦးသုမောင် ဂျယ်နယ်မှာရေးခဲ့သမျှဆောင်းပါးတိုလေးတွေစုပြီး စာအုပ်ပြန်ရိုက်သလိုဆို စာအုပ်တစ်အုပ်ကောင်းကောင်း ရလောက်ရဲ့နော်...။ မနှိုင်းသာပါဘူး... ဦးသုမောင်ဆိုတာ ရုပ်ရှင်မင်းသားမဖြစ်ခင်ကတည်းက အဆိုတော်မဖြစ်ခင်ကတည်းက စာအရင်ရေးခဲ့တဲ့ စာရေးဆရာ ဝါရင့် သဘာမြင့်မဟုတ်လား...။
အိန်ဂျယ်ကိုလည်း လွမ်းရင်း တခြားကိုယ်ဖတ်ထားတဲ့စာအုပ်လေးတွေအကြောင်းလည်းရေးပါဦးမယ်...။
မိုးငွေ့