Tuesday, 28 February 2012

ရင်တွင်းစကား.....






စားရေးတဲ့သူဆိုတာ စာဖတ်သူတွေရဲ့စိတ်ကိုလှည့်စားတဲ့သူလား......?????

ကျမ မကြာခဏတွေးမိတဲ့ မေးခွန်းလေးတစ်ခုပါ....။
စာရေးသူဖက်ကကြည့်ရင် တနည်းအားဖြင့်လည်း မှန်ပါတယ်...ကိုယ်ရေးတဲ့စာတွေကို စာဖတ်သူတွေစိတ်ဝင်တစား ရှိစေချင်တာလည်းပါတယ်.... ကိုယ့်ရင်တွင်းကထွက်ကျလာတဲ့ ခံစားမှုပေါင်းစုံကိုလဲ ပြချင်တယ်... အဲဒီလိုလေး.....စာဖတ်သူကို အရေးအသားလေးနဲ့ လှည့်စားတာပဲပေါ့.....။

စာဖတ်သူအနေနဲ့ကြည့်ပြန်တော့လည်း အများစုက ဒီစာကိုဖတ်လိုက်တာနဲ့ ဒီအဖြစ်အပျက်ဟာ စာရေးသူရဲ့ ကိုယ်တွေ့ တကယ့်အဖြစ်အပျက်လို့ မုချမှတ်လိုက်တတ်ကြတယ်.....။ ကျမပြောချင်တာ အဲဒီနေရာလေးပါပဲ...။ စာရေးသူနဲ့သူ့စာကို မရောထွေးစေချင်ဘူးဆိုတာပဲ.....။ တချို့စာတွေမှာ မှတ်ချက် စာကြွင်းတွေအဖြင့် တွေ့ရတတ်ပါတယ် ဒီအဖြစ်အပျက်ဟာစိတ်ကူးနဲ့ရေးတာမို့ တိုက်ဆိုင်မှုရှိရင် နားလည်ပေးပါ ဘာညာတွေပေါ့။ကျမတော့အဲလို တခါမှ မှတ်ချက်မရေးဖူးဘူး....။ ဘာကြောင့်လဲဆိုတော့ ကျမရေးသမျှစာတွေအများစုက ကျမရဲ့ စိတ်ကူးယဉ်သက်သက်တွေပဲလေ.....။

တခါတလေစာဖတ်သူတွေက စိတ်ဝင်တစားရှိလာပြီဆို သူတို့ကိုပျော်ပါစေဆိုတဲ့စေတနာနဲ့ တကယ်ရှိသလိုဖန်တီးပေးဖူးပါတယ်.......။ ဥပမာ မနှစ်ကကျမတော်တော်များများရေးဖြစ်ခဲ့တဲ့ “အိန်ဂျယ်”လိုဇာတ်ကောင်မျိုးပေါ့....။ တကယ်တော့ “အိန်ဂျယ်”ဆိုတဲ့ ဇာတ်ကောင်က အပြင်မှာတကယ်ရှိတဲ့ လူငယ်လေးတစ်ယောက်ပါ...။ ဒါပေမယ့် ကျမရေးသမျှ အိန်ဂျယ်နဲ့ပတ်သက်တဲ့ အက်ဆေးအားလုံးဟာ ကျမစိတ်ကူးတွေနဲ့ပုံဖော်ထားခြင်းသက်သက်သာဖြစ်ပါတယ်...။ တချို့ကော်မန့်တွေကိုဖတ်မိရင် ကိုယ်ရေးခဲ့တဲ့စာအတွက် စာဖတ်သူကို တော်တော်လေးအားနာမိသွားတယ်....။
“အိန်ဂျယ့်” ကိုဆက်လက်ချစ်နေနိုင်ပါစေ...ဆိုတဲ့ ကော်မန့်လိုမျိုးပေ့ါ...။

တကယ်တော့ စာရေးသူတွေဟာ အပြင်ပတ်ဝန်းကျင်က ဖြစ်ပျက်သမျှကို ကြည့်မြင်ခံစားပြီး စိတ်ကူးနဲ့ပေါင်းစပ်ရေးသားတတ်သူတွေပါ...။ ကျမအက်ဆေးတွေအများစုဟာ ကျမရဲ့ စိတ်ကူးယဉ်ခြင်းက စီးဆင်းလာတဲ့ စမ်းချောင်းလေးတစ်ခုပါ..။ ကျမက စိတ်ကူးတော်တော်ယဉ်တတ်တဲ့ မိန်းမတစ်ယောက်ပါ....။ သူများတွေယဉ်တာထက်ပိုယဉ်တတ်သူလို့ ဝန်ခံပါရစေ....။ အနီးကပ်ပေါင်းတဲ့ သူငယ်ချင်းတွေတောင် မသိနိုင်ပါဘူး...ဘာကြောင့်လဲဆိုတော့ ကျမရဲ့အပြင်လက်တွေ့လုပ်ကိုင်နေထိုင်မှုနဲ့ ကျမရဲ့ဝါသနာနဲ့က ဘယ်လိုမှ မဆက်စပ်နိုင်လို့ပါပဲ...။ ဒါကြောင့် ကျမရဲ့စိတ်ကူးယဉ်မှုတွေက စာတွေထဲမှာရောက်ကုန်ရော ဒီတော့ စာလာဖတ်သူတွေကသာ ကျမရဲ့စိတ်ကူးယဉ်မှုကိုပိုပြီးဖမ်းမိလိမ့်မယ်ထင်တယ်...။ ဒီအသက်အရွယ်အထိ စိတ်ကူးယဉ်နယ်ထဲက မရုန်းထွက်နိုင်တော့တာဟာ မရင့်ကျက်မှုဆိုရင်တော့ အိုခေ ကျမငယ်ပါသေးတယ်လို့ ဝန်ခံလိုက်မယ်...။

တခါတလေ ကျမ ဂျီတော့နစ်မှာ ရေးထားတတ်တယ် “အိန်ဂျယ်ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်လောက် သောက်ချင်တယ်” ...။ အဲခါမျိုးမှာ ကျမသူငယ်ချင်းတချို့က “wake up from your dream world” ဆိုတာမျိုးလာပြောတတ်တယ်....။ ငါစိတ်ကူးယဉ်တော်တော်လွန်သွားပြီလားလို့ ကိုယ့်ကိုယ်ပြန်မေးကြည့်တယ်......။ ဘယ်ဟာက စိတ်ကူးယဉ် ဘယ်ဟာကလက်တွေ့ဆိုတာ ခွဲခြားထားပြီးသားမို့ ကျမစိတ်ကို ကျမအသိဆုံး...။ ဒါကြောင့် ကိုယ့်စိတ်ကို ပိုမသိနိုင်တဲ့သူတွေပြောတာကို ကျမလျစ်လျူရှူနိုင်ခဲ့ပါတယ်....။

ပျော်စရာတော့ကောင်းတယ်....ကျမဘလော့ကိုလာဖတ်သူတွေ ကော်မန့်လာပေးသူတွေက ကျမစာကိုဖတ်ပြီး ကျမစိတ်ကိုဖတ်နေကြသူတွေလေ.....။ ခုတလော ကျမ ပန်းနုရောင်လေးတွေကို အရမ်းဓါတ်ကျနေတာကို မှတ်ချက်ပေးကြတာမျိုးပေါ့....။ ကျမက အပြောင်းအလဲတော့ မြန်တယ်ရှင့်.... မှန်သောစကားကိုဆိုတာ....။ ခုဒီအရောင်ကြိုက်ပေမယ့် နောက်တခါကျ နောက်တရောင်ပြောင်းကြိုက်တတ်သူမျိုး....။ ဖက်ရှင်နယ်ပယ်မှာ သူ့ season နဲ့သူ ဘာအရောင်ခေတ်စားလဲ ဒီနွေဦးကတော့ အဖြူရောင် မိုးရာသီ ဆိုဘာအရောင်ဆိုတာမျိုးလေ...။ ကျမရဲ့ ရာသက်ပန်အရောင်က အညိုရောင်ပါ....။ ဒီနေ့ဒီချိန်ထိတော့ အညိုရောင်နဲ့တူသော ကျမမျှော်လင့်ထားတဲ့သူမျိုး မတွေ့ဖူးသေးဘူး....:)

ဒီနှစ်ဦးပိုင်းမှာ ကျမရဲ့ အဓိက ဇာတ်ကောင်ကတော့ “ကျွန်မရဲ့ကဗျာဆရာ”ပါပဲ...။ သူ့ကိုလဲ ရှင်တို့တွေ သိပ်စိတ်ဝင်စားနေကြတယ်မဟုတ်လား....။ အိုခေ.... သူလည်း အပြင်မှာတကယ် သက်ရှိဇာတ်ကောင်ပါပဲ...။ အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲ “ကျွန်မ၏စာရေးဆရာ”နဲ့ပတ်သက်ပြီး ရေးသမျှစာတွေဟာလည်း ကျမရဲ့စိတ်ကူးယဉ်သက်သက်ပါ....။ ဒါပေမယ့် အချိန်ဘယ်လောက်ကြာတဲ့အထိ ကျမအတွက် သူကုန်ကြမ်းဖြစ်နိုင်မလဲ ဆိုတာမပြောတတ်သေးဘူး..။ လောလောဆယ် ကျမကတော့ သူ့ကဗျာတွေအတွက် ကုန်ကြမ်းပါ.....။

အဆိုးဆုံးကတော့ စိတ်ကူးယဉ်စာရေးသူတွေဟာ စာဖတ်သူတွေ သူ့ဇာတ်ကောင်တွေကို လှည့်စားရုံတင်မကဘဲ သူ့ကိုယ်သူလဲ လိုအပ်ရင် လှည့်စားရသေးတာကိုပဲ....။ကျမခုလိုဘာကြောင့် ရင်ဖွင့်စကားဆိုချင်ရသလဲ?? ကျမစာတွေရေးရင်း စာဖတ်သူတွေကိုလှည့်စားရပါများလာလို့ ရင်ထဲမွှန်းကြပ်လာလို့ပါ....။ အားနာတယ်...အမှန်တော့ ကိုယ်ရေးတဲ့ စာတွေက ဘာမှရေးကြီးခွင်ကျယ်တာလဲမဟုတ် ဘယ်သူ့အတွက်မှလဲ အရေးပါတာမဟုတ်ဘူးလေ...ဒါပေမယ့် ကျမစိတ်ကူးယဉ်ရေးချသမျှကို စိတ်ဝင်တစားနဲ့ ခံစားအားပေးသွားကြတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲ ။ စာဖတ်သူတွေကသာ ကျမအတွက် တကယ့်ခွန်အားပါ.... တကယ်ပါ ရှင်တို့တွေသာမရှိရင် ကျမစာတွေဟာ သေဆုံးသွားတာကြာပြီပေါ့...။


မိုးငွေ့

Monday, 27 February 2012

တနင်္ဂနွေမနက်ခင်းစာ.....



ခေါက်ဆွဲကြော်စားချင်နေတာ ဒီတနင်္ဂနွေလုပ်စားဖြစ်တယ်.....။ ခါတိုင်းကြော်နေကျ ဂေါ်ဖီထုပ်တွေ မုန်ညင်းတွေမထည့်တော့ဘဲ ကြက်ဥနဲ့ ပဲငံပြာရည် ကြက်သားမှုန့်ဆီနဲ့နယ်ထားနဲ့ ခေါက်ဆွဲကိုအရင်မွှေပြီး ခနဘေးဖယ်ထားတယ် ကြက်သွန်ဖြူဆီသတ် ကြက်သားလေးကြော်ပြီး ခေါက်ဆွဲပြန်ထည့်တယ် ကူးချိုင်(ကြက်သွန်မှိတ်)လေးဖြူးလိုက်တယ် ဒါပါပဲ လွယ်တယ်...။ သူ့နဲ့တွဲဖက်ဖို့ Clear Soup တစ်ခွက်လုပ်လိုက်တယ်...။ ကြက်သားမှုန့်ရည်ဆူဆူထဲကို ကြက်သားလုံးထည့် မုန်လာဥနီထည့် ငရုတ်ကောင်းထည့် အိုးချတော့ ပဲကြာဇံလေးနဲနဲခတ်လိုက်တယ်...။ အချဉ်ကိုတော့ မုန်လာဥနီခြစ်ထားတာကို နှမ်းဆီလေးသုံးလေးစက်နဲ့ ရှာလကာရည် ဆားလေးဖြူးပြီးနယ်ထားတယ် မွှေးမွှေးချဉ်ချဉ်လေး...။ ဟင်းရည်ကြည်ကြည်လေးကို ပူပူလေးတွဲသောက်..... ကောင်း၏.....။


မိုးငွေ့

Thursday, 23 February 2012

ကျွန်မ၏ကဗျာဆရာနှင့်တွေ့ဆုံခြင်း.....


တပို့တွဲလဆုတ်မတိုင်ခင် ညတစ်ညရဲ့သယ်ဆောင်လာတဲ့လေပြေဟာ တိုးတိတ်အေးချမ်းနေတယ်....။ ရင်ပြင်ပေါ်က ရောင်စုံမီးအလင်းရောင်နဲ့ မီးမောင်ထိုးခံထားရတဲ့စေတီကိုယ်ထည်ပေါ်က ရွှေရောင်တွေကြောင့်
ကောင်းကင်ကနက်ပြာရောင်ဖျော့တော့နေခဲ့တယ်...။ မှုန်ပြပြကြယ်ကလေးတွေကိုလဲ ဟိုတစဒီတစပဲတွေ့ရတယ်....။

ဘုရားဖူးလာသူတွေ လူးလားခေါက်ပြန်လျှောက်နေတာကိုကြည့်ရင်း အရံစေတီတွေစောင်းတန်းတွေပေါ်က ရောင်စုံမီးပြိုးပြိုးပြက်ပြက်တွေကို ငေးရင်း စောင့်ဆိုင်းရခြင်းဆိုတဲ့ အာရုံကိုလွဲပြောင်းကြည့်တယ်.....။ လေပြေတွေက ဆံနွယ်ကြားတိုးဝှေ့နေလည်း နဖူးကချွေးတွေစို့နေခဲ့တယ်....။ သော့တွဲလေးကို ကိုင်ဆော့ရင်း လက်ပတ်နာရီကို မသိမသာကြည့်မိတယ်..... တစ်နာရီတိတိအထိစောင့်မယ်လို့ ဆုံးဖြတ်လိုက်တယ်....။ ကြာသပတေးဒေါင့်မှာရှိတဲ့ ကိုယ်တက်လာတဲ့အနောက်မုတ် စက်လှေကားထိပ်ဆီကို ခဏပြန်သွားကြည့်လိုက်သေးတယ်....။ ဘာအရိပ်ယောင်မှမတွေ့ရ....။
(ကိုယ်တက်လာတုန်းကတော့ အဒေါ်ကြီးတွေတဖွဲ့စက်လှေကားကိုတက်မယ် မတက်ဘူးနဲ့အလုအယက်အကြောက်အကန်ဖြစ်နေကြလို့ အချိန်နောက်ကျနေတာနဲ့ လှေကားကနေပဲလမ်းလျှောက်တက်ခဲ့တာ...)

ခုနှစ်နာရီထိုးနေပြီ..... နာရီဝက်ရှိပြီ...စောင်းတန်းအုတ်ဘောင်ပေါ်မှာမထိုင်တော့ဘဲ အလှူခံမဏ္ဍတ်ရှေ့မှာပဲ ထိုင်နေလိုက်တယ်....။ တခုခုတော့လွဲနေပါပြီ....။
ကိုယ်တို့က အလွဲအချော်ကလေးနဲနဲရှိလိုက်ရမှ တွေ့ဆုံမှုက ပြည့်စုံတာလေ...။ ဆယ့်ငါးမိနစ်လောက် ကိုယ့်မှာ ဟိုဒီငေးလိုက် ဘုရားမီးတွေကိုကြည့်လိုက်နဲ့မူးလာလို့ ကျောက်ပြားတွေကိုပဲ ငုံ့ကြည့်နေတုန်း ဘယ်ဖက်မျက်လုံးဒေါင့်က အရိပ်တစ်ခုကိုဖမ်းလိုက်မိတယ်.....။ သူပဲဆိုတာကို အလိုလိုသိနေတဲ့ စွမ်းအားကလဲ အံ့ဖွယ်ပါပဲ...။ ကိုယ်မော့ကြည့်တော့ ကိုယ်စိတ်ကူးနဲ့ငေးမောခဲ့ဖူးတဲ့ ပျိုမျှစ်တဲ့ အပြုံးနဲ့အတူ သူ့ကိုတွေ့လိုက်တယ်....။
ကိုယ့်စိတ်ကူးထဲကအတိုင်းပဲ ခပ်ကြီးကြီးဘေးလွယ်အိတ်တစ်လုံးကိုသူလွယ်ထားတယ်....။ ကွေးကောက်နေတဲ့ ဆံပင်တွေကိုလေတိုးဝှေ့ခြင်း ခံနေရတယ်...။ “စောင့်နေတာကြာပြီလား”တဲ့ ။
သူက ကိုယ့်ကို မြောက်ဘက်မုတ်မှာသွားစောင့်နေတယ်.....။ အဲလိုလွဲကြတာ....။ နောက်တော့မှ ကြာသပတေးဒေါင့်ကိုသတိရပြီး ပြန်လာရှာတာတဲ့...။ တော်ပါသေးရဲ့......။ နောက်ဆယ်မိနစ်လောက်ဆို ကိုယ်ကထပြန်တော့မှာ.....။ “စောင့်ရလို့ စိတ်တိုနေတာမဟုတ်လား ဟိုးးးကတည်းကလှမ်းမြင်နေရတာ နှုတ်ခမ်းစူနေတယ်”တဲ့သူက အဝေးကတည်းက ကိုယ့်စိတ်ကို လှမ်းဖတ်တတ်နေတာ.....။


သူက သူ့မွေးနံဒေါင့်မှာ ဘုရားကန်တော့ ကိုယ်လဲကိုယ့်မွေးနံဒေါင့်မှာကန်တော့ပြီး..... ကိုယ်တို့ညနေစာ အတူစားဖို့သွားလိုက်တော့တယ်...။ ဗိုက်တော်တော်ဆာနေကြပြီလေ....။ ပန်းအိုးတွေခြံရံထားတဲ့ ဆိုင်အပြင်ဖက်လေးကိုပဲ နေရာရွေးထိုင်လိုက်တယ်...။ စားစရာတွေမှာပြီးတော့ သူ့ဘေးလွယ်အိတ်ကြီးကြီးထဲက လက်ဆောင်ထုပ်တစ်ခု ကိုထုတ်လိုက်တယ်....။


ကိုယ့်အတွက်လက်ဆောင်ဗူးလေးကို သူဖောက်ပေးနေတုန်း သူ့ရဲ့ လက်စွဲတော်ကင်မရာလေးကို သူရိုက်ထားသမျှပုံတွေကို ဇိမ်ပြေနပြေကြည့်နေလိုက်တယ်...။ ကိုယ့်ရဲ့ ကဗျာဆရာက ဓါတ်ပုံဆရာလဲဟုတ်သေးတယ်.....။ ရှုခင်းပုံလေးတွေရိုက်ထားတာသိပ်လှတာပဲ.....။ သူ့ရိုက်ထားတဲ့ နေ၀င်ပုံတွေကိုကြည့်ရတာ လွမ်းမောဖွယ်ကောင်းလိုက်တာ.....။ သူဖောက်နေတဲ့ ဗူးသေးသေးလေးထဲကနေ အရုပ်သော့တွဲကလေးနှစ်ခုထွက်လာတယ်.....။ သူပုံလေးရိုက်ပြထားဖူးလို့ အဲဒီသော့ချိပ်လေးကိုမြင်ဖူးထားပေမယ့် ခုမှသာအကောင်ထည်လိုက်မြင်ရကိုင်ကြည့်ရတာ....။ အရုပ်လေးက ချစ်ဖို့ကောင်းတယ်....။ သူ့ကိုပေးဖို့ကိုယ်ဘာလက်ဆောင်မှမပါခဲ့ဘူး.....။ မြင်ရတဲ့ ကိုင်တွယ်လို့ရတဲ့ အရာဝတ္ထုမဟုတ်ပေမယ့် ကိုင်တွယ်လို့မရတဲ့ မမြင်နိုင်တဲ့ဝိညာဉ်တွေနဲ့ ကဗျာဆရာအတွက် သိပ်လှတဲ့ ကဗျာတွေဖန်းဆင်းဖို့ ရာသက်ပန်ကုန်ကြမ်းကို လက်ဆောင်အဖြစ်ကိုယ်ပေးထားပြီးသားပဲလေ..။

ညရဲ့အလှကို ကိုယ်တို့ကော်ဖီနဲ့အတူထိုင်မြည်းကြသေးတယ်.....။ ကြယ်ရောင်နည်းတဲ့ညနဲ့ ခါးသက်သက်ကော်ဖီတစ်ခွက်နဲ့ ချိုမြတဲ့သူ့အပြုံးတို့ပေါင်းစပ်လိုက်တော့ အမှတ်ရစရာတွေက ကိုယ့်ရဲ့ဘယ်ဖက်အိတ်ကပ်ထဲမှာ ပိုပိုများလာတယ်......။ အရောင်ရင့်တဲ့ညရဲ့ အိမ်အပြန်လမ်းမှာ ပေါ့ပါးလန်းဆန်းလို့.... စွမ်းအားတွေရဲ့ တန်ခိုးကို မယုံကြည်ဘဲ မနေနိုင်တော့လောက်အောင်ပဲ......။
ဘာပဲဖြစ်ဖြစ် ....အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်..။


မိုးငွေ့

Tuesday, 21 February 2012

ပန်းနုရောင်ပြခန်း.....

ပန်းနုရောင်ညနေခင်း


  ပန်းနုရောင်ချောကလက်နှင်းဆီ


  ပန်းနုရောင်အသဲနှလုံး


ပန်းနုရောင်ကြယ်တာရာနဲ့သစ်ပင်


ပန်းနုရောင်အချစ်ရောင်စဉ်


သာမီးရဲ့ အိုင်ပက်ပေါ်မှာ လျှောက်ခြစ်ထားတဲ့ ပုံလေးတွေပါ......။ အမှန်တော့ ပုံတွေမဆွဲတတ်ပါဘူး...။ ငယ်ငယ်တုန်းက ဆေးရောင်လှလှခြယ်ကြမယ်ဆိုသလိုပဲ အရောင်လေးခြယ်ထားရုံသက်သက်ပါ....။


မိုးငွေ့

Monday, 20 February 2012

Welcome!!! my lit niece or nephew.....




တစ်နှစ်တုန်းက အမေရိကားကခဏအလည်ပြန်လာတဲ့ ညီမတစ်ဝမ်းကွဲလေးတစ်ယောက်ကိုသွားတွေ့တာ....။ သူကတွေ့တွေ့ခြင်း “အစ်မ သမီးမှာ ကိုယ်ဝန်ရှိနေပြီ” လို့ပြောတော့ ကြားကြားချင်း စိတ်ထဲ ဘယ်လိုကြည်နူးဝမ်းသာသွားမှန်းမသိဘူး...မျက်ရည်တွေဘာတွေတောင်ဝဲသွားတယ်...ပြောမပြတတ်ဘူး...။ ကိုယ်တောင်အဲလောက်ခံစားမိတာ မိခင်လောင်းဖြစ်နေတဲ့ အဲဒီညီမလေးကိုယ်တိုင်ဆို ဘယ်လောက်ဝမ်းသာ ပျော်ရွှင်လိုက်မလဲ ကြည်နူးပီတိဖြစ်လိုက်မလဲ..။ မှတ်မှတ်ရရ အဲဒီနေ့က ပြာသိုလပြည့်နေ့ အမေနေ့လဲဖြစ်တယ်...။ အမေနေ့မှာ မိခင်လောင်းတစ်ယောက်ဆီက ခုလိုမင်္ဂလာစကားကြားခဲ့လိုက်ရတာ မင်္ဂလာတစ်ပါးပါ....။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၃ မှာသားယောက်ကျားလေးမွေးတယ်....။ မွေးမွေးချင်းပဲ ကလေးလေးက ဖဘမှာတင်ခံရတယ်...။ မိခင်ကိုယ်တိုင်လဲ ဆေးရုံပေါ်မှာ ဖဘပေါ်နဲ့ အပ်ဒိတ်အဆက်မပျက်ရှိနေတာ..။ သူများနိုင်ငံများတိုးတက်တယ်ပြောပါတယ်...။ ခုဒီညီမဝမ်းကွဲက ဖေဘက်ကတော်တာ....။ အဖေ့ဘက်က ဝမ်းကွဲတွေ လေးဆယ်တစ်ယောက်ရှိတယ်တဲ့ အကုန်မမြင်ဖူးဘူး...။ ဒါက အစချီလိုက်တာ ခု..အမေဘက်က ဝမ်းကွဲညီမလေးတစ်ယောက်ဖဘမှာ တင်ထားတယ်“I am pregnant ” တဲ့ မောင်နှမတွေ မိတ်ဆွေသူငယ်ချင်းတွေ congratulation လာရေးလိုက်ကြတာဆို....။ ဒီညီမကတော့ ပထမသမီးလေးတစ်ယောက်မွေးထားပြီးသား...။ ကိုယ်တို့အမေဘက်မှာ ပထမဦးဆုံးအိမ်ထောင်ကျတဲ့ ဝမ်းကွဲညီမလေးပေါ့....။ တူလေးလား တူမလေးလားမသိ နောက်ထပ်ရောက်လာမယ့် ကလေးလေးကို အားလုံးက ဝမ်းသာအားရကြိုဆိုနေကြတယ်...။ ကိုယ်ကခေးလေးတွေသိပ်ချစ်တာ...ကိုယ်တိုင်မွေးဖို့ကျတော့ အချိန်နောက်ကျနေပြီလေ....။ ဒီတော့ သူများကလေးတွေကိုပဲချစ်ရတာပေါ့.....။ မီးနဲ့ခေးလေးများ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ဖဘ ဖိုတိုအမ်ဘမ်ထဲမှာတင်ထားတာအများကြီးပါ လာကြည့်လို့ရတယ်...။ စာကြွင်း။ ။ တစ်ဝမ်းကွဲညီမလေးသဲသဲက သမီးလေးရထားပြီးပြီဆိုတော့ ခုကိုယ်ဝန်လေးက သားသားလေးဖြစ်ရင်ပိုကောင်းတာပေါ့ သားတစ်ယောက်သမီးတစ်ယောက် ဒါကြောင့် ဘေဘီဘွိုင်းပုံလေးကို အကြိုနိမိတ်တင်ပေးလိုက်ပါတယ်....။ 


မိုးငွေ့

Saturday, 18 February 2012

ပန်းနုရောင်ရှော့ပင်နဲ့ ဖက်ရှင်.....

ပန်းရောင်ကိုင်းနဲ့မျက်မှန် ပန်းရောင်ဂဏန်းတွက်စက်
ပန်းရောင်တီရှပ်၊ အသဲပုံလေးက ခေါင်းစည်းကြိုး၊ အပေါ်က အလှခါးပတ်လေး
အကျီင်္မှာတော့ One Boy Friend is Not Enough တဲ့ ကိုယ်တိုင်ကတော့.....တော့...တော့........
နောက်ဆုံးဝတ်ဖြစ်တဲ့ ဖက်ရှင်... ခါးမြင့်စကဒ်တွေပြန်ခေတ်ထနေတယ်... ခုက ဘောင်းဘီစကပ်... အနောက်က ရှုံ့ကြိုးနဲ့ဆိုတော့ ခါးဆိုဒ်မလိုဘူး လူတိုင်းဝတ်လို့ရတယ်..။ အဲဒီဆိုင်မှာ နှစ်ရောင်ပဲရှိတာ နှစ်ထည်လုံးမလာလိုက်တယ် အကျီင်္လေးတွေက ခါးတိုလေးတွေ...။ သရေပိုက်ဆံအိတ်လေးက အရောင်လိုက်ဖက်အောင်အ၀ါလေးရွေးယူလိုက်တာ ...။
ဘောလ်ပင်လေး ခဲတံလေးထည့်ဖို့ ပန်းနုရောင်ယုန်ကလေး ချစ်ဖို့ကောင်းတယ်နော် ဒါလေးကတော့ ၀ယ်ထားတာနဲနဲကြာပြီ ခုတလောပန်းရောင်လေးတွေကြိုက်နေလို့ ပန်းရောင် Brazil Sandal

Thursday, 16 February 2012

မွှေးမြမြပန်းအလှ.....




ပ န်း က ေ လ း ေ မႊ း ျမ ျမ
ေ န ျခည္ ေ အ ာ က် မှာ
လ န်း ဆ န်း လို့ ဝေ ဆာ
ရ နံ့ေ တွ ထုံ အီ သ င်း တာ မို့
န မ်း ခဲ့ မိ တ ယ် ပ န်းေ လး ရ ယ်
ေ လ ေ ပြ အ လာ ဘ ယ် ညာ ယိ မ်း လို့
ေ ရှာ င် ဖ ယ် ကာ မ သွား ပါ နဲ့
ဒီေ မာ င် သာ ဆွ တ် ခူး လို့  ယူ င င်
တ ယု တ ယ နဲ့ မြ တ် နိုး ပါ့  မ ယ်
နွ မ်းေ ခြာ က် ကာ သွား လ ည်း
ရ နံ့ က ေ လ း ေ မႊ း မြ မြ
ထာ ဝ ရ သိ မ်း ထား ပါ့ မ ယ် ။


Wednesday, 15 February 2012

ပန်းနုရောင်(နှင်းဆီနှင့်နှလုံးသား)



ပန်းနုရောင် နှင်းဆီလေးက ရှက်သွေးဖြာလို့ 
စကား တစ်ခွန်း...ကိုယ်စား ခစားခဲ့ တယ်....။
အဲဒီပန်းနုရောင် နှင်းဆီလေးထဲမှာ သူ့ အပေါ်ချစ်တဲ့  ချစ်ခြင်းတွေပျော်ဝင်စီး မျောနေခဲ့ တယ်.....။
နူးညံ့တဲ့  အကြင်နာတွေလဲ အပြည့်စွန်းထင်းနေကြတယ်......။
မွှေးပျံ့ တဲ့ ချစ်ခြင်းရနံ့ တွေနဲ့ လဲ ထုံအီနေစေခဲ့ တယ်......။

ကိုယ့် ကို နူးညံ့လှပတဲ့ ချစ်ခြင်းတွေနဲ့  ချစ်တတ်လာအောင်ချစ်သူက သင်ပေးခဲ့ တာလေ....။
တကယ်ဆို ...........
ကိုယ်တိုင်က စိတ်ကူးယဉ်တွေနဲ့ သာယဉ်ပါးခဲ့ သူမို့  ကိုယ့်ပြုမူသမျှတွေဟာစိတ်ကူးယဉ်ဆန်နေလိမ့်မယ်။ လက်တွေ့ ဘဝနဲ့ ဆန့် ကျင်သလိုလဲဖြစ်နေလိမ့်မယ်။ စိတ်ကူးတွေနဲ့ သာ ချစ်ခဲ့ ရသူမို့  စိတ်ကူးယဉ်ဘဝမှာပဲအချစ်တွေက ပိုမိုလှပနေမလားပေါ့ ....။

သူပေးခဲ့ တဲ့ နှလုံးသားနုနုကလဲ ပန်းနုရောင်လေးလေ.....။ စွန်းထင်းသွားမှာလဲ ကြောက်မိတယ်။ ချစ်တတ်ကြသူအချင်းချင်းမို့  ရင်ခုန်သံတွေနီးခဲ့ တာလဲအဆန်းမှ မဟုတ်တာပဲလေ.....။

ကံကြမ္မာတစ်ဆစ်ချိုး.......ဝေးဖို့  သူကအစပျိုးခဲ့ ရင်တောင် သူပေးခဲ့ တဲ့ ပန်းနုရောင်နှလုံးသား ရင်ခွင်အခန်းထဲ ခပ်ဖွဖွလေး သိမ်းဆည်းထားလိုက်ပါ့မယ်။(ကျွန်မ၏ကဗျာဆရာ)


မှတ်ချက်။ ။ ကိုယ့်ရဲ့ ကဗျာဆရာဆီက ကဗျာတစ်ပုဒ်ကိုမျှော်လင့်ခဲ့မိပေမယ့် တကယ်တမ်းသူက မရေးစဖူး အက်ဆေးအတိုလေးတစ်ပုဒ်ရေးပေးခဲ့တယ်...ဘာပဲဖြစ်ဖြစ် သိပ်လှတဲ့စာကိုဖန်းဆင်းပေးလို့ ကျေးဇူးပါ....။



Tuesday, 14 February 2012

ပန်းနုရောင်.....




ပန်းနုရောင်နှင်းဆီပန်းလေးအတွက်ကျေးဇူးပါ ချစ်သူ....
(တကယ်တမ်း ကိုယ်မျှော်လင့်မိတာက ကိုယ့်ရဲ့ ကဗျာဆရာဆီက ကဗျာချိုချိုလေးတစ်ပုဒ်ပါ)

ကိုယ်အမြဲပြောဖူးတဲ့စကားလေးရှိတယ် ကိုယ်ကသိပ်နုတာ အသည်းတောင်မှ ပန်းရောင်လေး လို့လေ....။

တကယ်အသည်းနုတယ်လို့ ကိုယ့်ကိုယ်ကိုတော့မထင်ပါဘူး...။
ဒါပေမယ့် ပန်းရောင်လေးတော့ကြိုက်နှစ်သက်တယ်။
ဒီနှစ်ပိုင်းမှာ သဘာဝအသားရောင်နဲ့ ပန်းနုရောင်လေးတွေကိုခရေဇီဖြစ်နေတယ်....။
ပစ္စည်းတွေဝယ်ရင် baby pink လေးတွေရွေးဝယ်ဖြစ်တယ်....။

ချစ်သူများနေ့ကို ကိုယ့်တစ်သက်မှာ သိပ်ပြီးနင့်နင့်နဲနဲမခံစားခဲ့ရဖူးဘူး...။ ကိုယ်နဲ့သက်ဆိုင်တဲ့နေ့လို့လဲ မသတ်မှတ်ခဲ့မိဘူး...။ ဗယ်လင်တိုင်းမ်ဟာ ကိုယ့်အတွက်ရင်ခုန်စရာနေ့ရက်တစ်ခုမဟုတ်ခဲ့ဘူး.....။ တကယ်တမ်းတော့ ချစ်တတ်သူတိုင်းအတွက် Valentine's Day ဟာ သက်ဆိုင်ပါတယ်..။

ဒီလိုနေ့မျိုးမှာ တစ်ယောက်တည်းရှိနေလို့လဲ အထီးကျန်ဆန်တယ်လို့ မယူဆစေချင်ပါဘူး...။ တစ်ယောက်တစ်နေရာဆီအဝေးရောက်နေတဲ့ ချစ်သူတွေအတွက်ပြောပါတယ်...။ ချစ်ခြင်းညီမျှရင် အသဲနှလုံးတစ်စုံဟာ နီးနီးကပ်ကပ်လေးရှိနေမယ်လို့ နွေးထွေးရင်ခုန်စွာခံစားသိရှိနိုင်မှာပါ...။ လတ်ဆတ်စွာမွှေးမြနေမယ့် ပန်းနုရောင်နှင်းဆီရနံ့လေးတွေကိုရနေမှာပါ....။

ကဲ...အားလုံးပဲ ♥♥♥♥♥ Be Your Valentine ♥♥♥♥♥ ပါရှင်.......


ဒီနေ့လေးကို ဘာပို့စ်မှမတင်တော့ဘူးလို့ဆုံးဖြတ်ထားပေမယ့် စီဘောက်မှာလာအော်သွားတဲ့ ကိုယ့်ရဲ့ ထာဝရပိတ်သတ်ကြီးကြောင့် ကောက်ကာငင်ကာ အက်ဆေးတိုလေးကို ရေးလိုက်ရပါကြောင်း.....။

မေတ္တာအားဖြင့်
မိုးငွေ့

Monday, 13 February 2012

ကျွန်မဘ၀ရဲ့နေရာလေးတခု.....


မီးဖိုချောင်ထဲမ၀င်ဖြစ်တာတော်တော်ကြာပြီ...။ အားချိန်ကိုမရှိတာ....ပိတ်ရက်ကလဲ ဒိတ်ကအပြည့်လေ....။ ဒါကြောင့် မီးဖိုထဲခဏကလေးဝင်မွှေတုန်း ရိုက်ထားတာ...။ အိမ်မှာ ကင်မရာပျက်နေတာလဲပါတယ်...။ ဖုန်းနဲ့ရိုက်ထားတာတွေတင်ဖို့ရှိတယ်..။ ဖုန်းရဲ့ usp ကြိုးကလည်းပျက်နေတယ် ...ကဲ...အဲဒါနဲ့ပဲသူများတွေ သရေကျအောင် ပုံတွေ မတင်ဖြစ်တာ...။ ခုက အသစ်စက်စက်ရထားတဲ့ အိုက်ပက်ကြီးနဲ့ရိုက်ထားတာ (နဲနဲကြွားလုံးဝင်မယ်)...။ သိပ်မသုံးမတည့်ပါဘူး ဒီမှာက နေရာတိုင်းလိုင်းမရတာနဲ့ လိုင်းမကောင်းတာနဲ့။ ဂိမ်းလဲဆော့ရတာ ၀ါသနာမပါ....ပြီးရော....။ ဘာလုပ်ဖို့တုန်း...။ လောလောဆယ် MTV ကြည့်တယ် သီချင်းနားထောင်တယ်...။


တကယ်တော့ ဟင်းချက်ရတာကို မွေ့လျော်ခုံမင်တဲ့သူတစ်ယောက်အတွက် မီးဖိုချောင်ဆိုတာလဲ သူ့ဘ၀ရဲ့ နေရာလေးတစ်ခုပဲလေ...။ မချက်တာကြာရင် လက်ရည်ကျသွားမစိုးရသေးတယ်...။ ၀ယ်ဖတ်လိုက်ရတဲ့ mini cook စာအုပ်လေးတွေ....။ အဲဒီထဲကအတိုင်း ပြန်မချက်ဖြစ်တာကများပါတယ်...။ အိုကေ ...ချက်မယ် ချက်မယ် ချက်မယ် ဟင်းပွဲတွေပြောပါတယ်.....။ မုန့်ဖုတ်သင်တန်းလဲမတက်ဖြစ်ဘူး.... သူတို့အချိန်နဲ့ ကိုယ့်အလုပ်ချိန်နဲ့တိုက်နေတယ်....။ ဆရာခေါ်သင်ဖို့ကျတော့ အိမ်မှာ 0ven ကမရှိ...ဟူးး အဆင်မပြေသေးဘူး.။ မုန့်အရမ်းလုပ်ကြည့်ချင်နေတာ ...။ လောလောဆယ် သူများဘလော့ကမုန့်ကိုပဲ သွားသွားငမ်းနေရတယ် ...။


ကြက်သားငပိချက်နဲ့အတို့အမြှုပ်(ဆလပ်ရွက်၊ခရမ်းကျွတ်သီး၊ မုန်ညှင်းရွက်ပြုတ်)

တိုဖူးဦးနှောက်
တရုတ်တန်းက၀ယ်ခဲ့တာ ပဲနို့ရည်ကိုအခဲလုပ်ထားတာ သကြားရည်နဲ့သောက်တယ်
ဒါက အိမ်မှာ ထန်းညက်ရည်ဆမ်းထားတာ


ကျွန်မ၏လက်ရာထမင်းသုပ်....
ဘာထမင်းသုပ်လဲတော့မသိဘူး အိမ်မှာ ဗိုက်ဆာဆာနဲ့တွေ့တာ
အကုန်ကောက်ထည့်သုပ်ထားတာ...
ထမင်း ကြက်သွန်နီ ဆီချက် ငါးကြင်ကြော်အသားမျှင်ထားတာရယ် ဆီတိုဖူးရယ်ကိုနယ်နှပ်ပြီး
အားလူးငပိကြော်ဖြူးလိုက်တယ် ကြက်သွန်ဖြူထည့်တယ် ..။
ထမင်းသုပ်လေးစားလိုက် ခါဂျက်ဥအနီ သရက်သီးစိမ်းနဲ့ ငြုတ်သီးလေးကိုက်လိုက်နဲ့ ဂွတ်ပဲ...။


ဝက်သားကို အတုံးလိုက်ပဲငံပြာရည်လေးနဲ့
ပြုတ်ကြော်လေးလုပ်ပြီး ပြန်လှီးထားတာ...။ အချဉ်ရည်နဲ့တို့စား...ရှလွှတ်...။

Saturday, 11 February 2012

နွေဦး(၂)



















နွေဦးကို ဥသြတွေက ချိုသာတဲ့အသံလေးနဲ့ စပြီးနှုတ်ဆက်ပါတယ်.....။ ဆောင်းလေမကုန်သေးတဲ့ နွေဦးလေက ကိုယ့်ရဲ့ ဆံနွယ်တွေကိုတိုက်ခတ်ကျီစယ်လိုက်တယ်...။ ဒီမနက်က မြူတွေပိန်းပိတ်နေတာများ လမ်းတောင်မမြင်ရဘူး ... မနက်ကိုးနာရီမှာ ဒီလိုမြူဆိုင်းတာ တခါမှမမြင်ဖူးဘူး...။

နွေဦးကာလမြူထသောအခါတဲ့....
မြူတွေအများကြီးထတာဟာ သြဥငှက်တွေတွန်မြည်တာဟာ နွေဦးရဲ့ လက္ခဏာတွေတဲ့....။

ပြီးခဲ့တဲ့ ဒီလိုအချိန်မှာပေါ့ မင်းနဲ့စဆုံခဲ့တာ ...တစ်နှစ်ပတ်လည်ခဲ့ပါရောလား....။ လှိုင်းပုတ်ခတ်သံတွေ လေးပြေညှင်းတိုက်ခတ်လို့ အုန်းလက်တွေလှုပ်ခတ်သွားတဲ့ အသံတွေကို ခပ်တိုးတိုးပြန်ကြားယောင်နေမိတယ်......။

ကြယ်တွေစုံတဲ့ သံစဉ်ညလေးကိုပြန်လွမ်းမိသွားတယ်.....။ ကြည်လင်တဲ့ အပြုံးဖြူဖြူလေးတွေကို မြင်ယောင်မိသွားတယ်.....။ တေးသံချိုချိုတွေကို သီဆိုတတ်တဲ့ နှုတ်ခမ်းထူထူတစ်စုံကို သတိရမိသွားတယ်....။ မင်း....ဘယ်ဆီမှာလဲ အိန်ဂျယ်လို့ ကိုယ်မတဖြစ်တာကြာပြီ.....(မခဥမလာရိုက်မစိုးလို့ပါ)...။

အချိန်တွေအကြာကြီးနေမှ ခနကလေးပေါ်လာတတ်တဲ့ မင်းကို.... မင်းရဲ့ အတောင်ပံဖြူဖြူတွေကို ငေးမောကြည့်လို့မ၀ဘူးကွယ်....။ တဖျတ်ဖျတ်ရှိနေတဲ့ အတောင်ပံတွေက ကိုယ့်ကိုဘယ်ချိန်မဆို နွေးထွေးမှုပေးတတ်တယ်.....။ ဟိုတစ်ညတုန်းကပဲ ရုတ်တရက် ကိုယ့်ကို မက်မွန်သီးလေးလာကျွေးတယ်.....။ ထူးထူးဆန်းဆန်းနော်.......။ ပြီးတော့ ချက်ချင်းပဲ ပျောက်ကွယ်သွားတယ်.....။

ဟန်ထူးလွင်ရဲ့ “နွေဦး” သီချင်းကို နားထောင်မိရင် ပိုလွမ်းမိတယ်......။
“မနေ့ကလိုပဲ ငါ....လွမ်း...... တယ်...” လို့လိုက်ညည်းရင်းလေ....

ကမ်းခြေရဲ့လှိုင်းကြက်ခွပ်တွေထရုံကလေးရှိတဲ့ နွေဦး နေ့လည်ခင်းလေးကို အုန်းရည်ချိုမြမြလေးနဲ့ ထိုင်မြည်းရတာလေးကိုလွမ်းတယ်....
ကမ်းခြေသောင်ပြင်က အရောင်စုံဆော့ကစားနေကြသူတွေကို ငေးမောရတာလေးလွမ်းတယ်.... လာသမျှမုန့်သည်တွေကို ခေါ်ပြီးဝယ်စားရတာတွေကိုလွမ်းတယ်....
ကိုယ်မပါဝင်လိုက်ရတဲ့ မီးပုံပွဲကိုလွမ်းတယ်......
လွှင့်ပျံလာတဲ့ သံစဉ်ချိုမြမြတွေ ဖမ်းဆုတ်ရတာကို လွမ်းတယ်......

သိပ်လှတဲ့ နွေဦးရဲ့ နေ၀င်ချိန်ညနေခင်းလေး.........။ အဲလိုညနေခင်းမျိုးကို ဘယ်ချိန်ရောက်မှကိုယ်ထပ်မြင်ခွင့်ရမလဲ...။ ထပ်မြင်ခွင့်ရရင်တောင် မင်းမရှိတဲ့ ကမ်းခြေအလှဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး အိန်ဂျယ်.......။



မိုးငွေ့




Tuesday, 7 February 2012

You're Beautiful.....

ရန်ကုန်ဆောင်းက မအေးရတဲ့အထဲ အဆင်မပြေမှု စိတ်တိုင်းမကျမှုတွေနဲ့ လူကပိုပြီး အိုက်စပ်စပ်နိုင်လွန်းလှတယ်...။ ဒီမနက် ကိုးနာရီမှာချိန်းထားတဲ့ အင်တာဗျူး....။ ကျွန်တော့်ကပဲ သူတို့မေးခွန်းတွေကို မဖြေနိုင်လောက်အောင်ညံ့ဖျင်းနေသလား မပြောတတ်တော့....။ ကျွန်တော့်အတွက် ညဖက် ကော်ဖီဆိုင်မှာ သီချင်းဆိုလို့ရတာလေးနဲ့ အခန်းငှားခ စားရေး သောက်ရေး မဖူလုံလို့ နေ့အလုပ်ကိုရှာနေတာ...။ အဆင်မပြေဘူးဗျာ....။ ဟူးးးး....။ အင်တာဗျူးရှိရာကနေ မြေနီကုန်းကားဂိတ်ဆီကို လမ်းလျှောက်လာလိုက်တယ်...။ ဘယ်ဆက်သွားရမလဲ စဉ်းစားမရတာနဲ့ မြို့ထဲက တိုက်ခန်းကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တော့တယ်...။ စိတ်ကညစ်ညစ်နဲ့ လူစည်ကားတဲ့ နေရာကို မသွားချင်လဲသွားရဦးမယ်...။ အိုက်စပ်ပြီး စိတ်ပျက်ဖို့ကောင်းလိုက်တာ...။ မြို့ထဲကို ဘယ်ကားစီးစီး ရောက်တာမို့ ချောင်တဲ့ ကားစီးဖို့စောင့်လိုက်တယ်...။ လာသမျှကလဲ ငါးချဉ်သိပ် ကျပ်ပိတ်ညှပ်သတ်နေတာချည်းပဲ...။ မတတ်နိုင် လူများလည်းဒီကားစီးမှမြန်မြန်အိမ်ရောက်မှာ...။ နေရာလည်းရနိုင်မယ်ထင်ရတဲ့ အထူးကားတစ်စီးပေးတက်လိုက်တယ်...။ အထူးကားသာပြောတယ် နေရာကပြည့်လို့ မတ်တပ်ရပ်သူကရပ်ရတာပါပဲ....။ ကျွန်တော်အပါအ၀င်ပေါ့....။ ရှေ့ခန်းဖက်ကို တိုးဝင်လိုက်တယ်။ ကားစထွက်ပြီး မီးပွိုင့်မှာမိတော့ အရှေ့ဖက်ကို ကျွန်တော်လှမ်းကြည့်လိုက်တာ....။ ကျွန်တော့်မြင်ကွင်းထဲကို အလင်းတန်းတစ်ခုဖြတ်ပြေးသွားတယ်...။ ဒရိုင်ဘာနောက်ကျောက စတီးတိုင်ကိုကျောပေးပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ နတ်သမီးလေးတစ်ပါး....။ ဘုရားရေ..... ဒီလောက်လှပချောမောတဲ့ မိန်းကလေးမျိုးကို ကျွန်တော့်တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့တာသေချာပါတယ်....။ ကျွန်တော်က ကားရှေ့ဖက်ကိုလှမ်းအကြည့် တစ်ယောက်ယောက်ကိုစကားပြောရင်း ရယ်မောနေတဲ့ သူမနဲ့ အကြည့်ချင်းဆုံသွားတယ်....။ ကျွန်တော်နဲ့မသိပေမယ့် သူမက ကျွန်တော့်ကို လှမ်းပြုံးပြသလိုမျိုး အသိအမှတ်ပြုလိုက်တဲ့ အမူအရာမျိုးကိုခံစားလိုက်ရတယ်....။ တကယ်ဆို တခြားမိန်းကလေးတွေသာဆို သူတို့နဲမျက်လုံးချင်းဆိုင်သွားရင် ချက်ချင်းအကြည့်လွဲပစ်တတ်တာများတယ်... ကံဆိုးရင် မျက်စောင်းထိုးပါခံရမယ်....။ သူမကတော့ အဲလိုမဟုတ်ဘူး...။ အသားအရေလေးက ၀င်းလက်ကြည်စင်လို့ နက်ပြာရောင် ကချင်မနောတိုင်အဆင်နဲ့ ၀မ်းဆက်လေးဝတ်ထားတယ်...။ အကျီင်္ကရင်ဖုံးလက်ပျက်လေးမို့ လက်မောင်းသားတွေက ဆင်စွယ်ရောင်ပေါက်နေတယ်...။ ဒီလိုမျက်ဝန်းအိမ်မျိုးကို ကျွန်တော်သိပ်သဘောကျတာ...။ ဗာဒံစေ့ပုံ ဘေးတိုက်အလျားရှည်မျောမျောမျက်အိမ်ကို မဲနက်တဲ့ မျက်တောင်ရှည်ရှည်ကော့ကော့တွေနဲ့ ၀န်းရံထားတော့ မျက်ဆံနက်နက်တွေက တောက်ပလို့ ကြယ်ပွင့်လေးတွေလိုပဲ...။ မျက်ခုံးမွှေးတွေက နက်နက်စိပ်စိပ် ခပ်ထူထူကွေးကျသွားပုံလေးက သိပ်လှတာပဲ...။ နှာတံစင်းစင်း သန္တာရောင်တောက်နေတဲ့ ဆေးရောင်ကူမထားတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ...။ စောစောက ကျွန်တော့်ကို သွားလေးတွေပေါ်အောင်ပြုံးပြတာများ ပုလဲလုံးလေးတွေစီထားသလိုပဲ...။ အိုဗျာ... ပြစ်မျိုးမှဲ့မထင်လှတဲ့အလှမျိုး...။ ဒဏ္ဍာရီထဲက နတ်မိမယ်တွေကို မမြင်ဖူးပေမယ့် စာတွေထဲမှာ ဖွဲ့နွဲ့ထားသလို အလှမျိုးထက်ပိုမယ်ထင်ပါတယ်...။ ဆံကေသာပိတုန်းရောင်ဆိုတာ သူမဆံပင်တွေကမှ အစစ်...။ ဆံပင်တော်တော်ရှည်မယ့်ပုံလို့ ခန့်မှန်းမိတယ်...။ နောက်တွဲလေးထုံးထားတာ အထုံးတော်တော်ကြီးတယ်...။ သူမရှေ့က သူမနဲ့စကားပြောနေတဲ့ အမျိုးသားက စကားပြောရင်း သူမဆံပင်ကို ညင်ညင်သာသာပွတ်သပ်လိုက်သေးတယ်...။ သူ...သူတို့က ချစ်သူတွေပေါ့.... ဟုတ်လား...။ ဘယ်လိုစိတ်ခံစားမှုမျိုးမှန်းမသိဘူးဗျာ...။ ကျွန်တော့ဘ၀မှာတစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုလေး...။ သေချာတာတော့ ကျွန်တော်သူမကို မြင်မြင်ချင်းချစ်မိသွားတာပဲ....။ တပြိုင်နက်ထဲမှာပဲ သူမဘေးနားက သူမပိုင်ရှင်ကြောင့် ကျွန်တော်တိတ်တိတ်ကလေးပဲ အသည်းကွဲသွားပါတယ်...။ သူမကိုကြည့်ပြီး...ကျွန်တော်ဖြစ်နေတဲ့ စိတ်ခံစားမှုနဲ့ Jame Blunt ဆိုထားတဲ့ “You Beautiful” သီချင်းကို ချက်ချင်းကြားယောင်မိသွားတယ်...။ သီချင်းစာသားထဲကအတိုင်း အခုအပြင်မှာ ကျွန်တော်တကယ်ဖြစ်ပျက်နေတာလေဗျာ...။ အဲဒီသီချင်းက ကျွန်တော်မကြာခဏဆိုနေကျ သီချင်းလေး...။ခုမှ သီချင်းအဓိပ္ပါယ်လေးက ပိုပြီးပီပြင်လေးနက်လာတယ်....။ ကဲ ... ဘယ်သူတွေကများ ကျွန်တော့်လိုအဖြစ်မျိုးကြုံဖူးမလဲ...။ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုးလေး ချစ်မိသွားတယ်.... ပြီးတော့ စက္ကန့်ပိုင်းလေးမှာပဲ အသည်းတွေ ကွဲကြေရတယ်ဗျာ...။ ဒီနေ့က ကျွန်တော့်အပေါ် ဘယ်လို ကံကြမ္မာဆိုးတွေများကျရောက်ရသလဲ...။ ငယ်တုန်းက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာသင်ပေးဖူးတဲ့ စကားပုံလေးကို သတိရသွားတယ်...။ “Misfortune is never come alone, its come one after one” တဲ့....။နောက်ထပ် ဘယ်လိုကြမ္မာမျိုးထပ်ရောက်လာဦးမလဲ....။ အလုပ်လည်းမရ အသည်းလဲကွဲ...။ လူကို ခန္ဓာအားဖြင့် ထိခိုက်တာမဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာကိုတော့ ကြမ္မာဆိုးကျရောက်နေတယ်...။ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုက ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲလား...။ နောက်ထပ်ဘယ်မှာ ထပ်ဆုံတွေ့နိုင်ဦးမလဲဆိုတာ မသေချာမရေရာတဲ့ မျှော်လင့်ချက်ကြီးပါဗျာ....။ တချက်တချက် ကျွန်တော့်ကိုလှမ်းလှမ်းကြည့်တဲ့ သူမမျက်လုံးတွေကစကားတွေ အများကြီးပြောနေသလိုပဲ...။ ကျွန်တော့်စိတ်တွင်းခံစားမှုကိုများ သူမကဖတ်တတ်နေတာလား....။ မြို့ထဲကို အမြန်ရောက်ပါတော့လို့ ဆုတောင်းနေမိတယ်....မရောက်လဲ မရောက်စေချင်ဘူး...။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ကိုယ်စီလမ်းခွဲသွားရတော့မှာ...။ သူမကပဲ အရင်ကားပေါ်ကဆင်းသွားမလား ကျွန်တော်ပဲ အရင်းဆင်းရမလားမသိပေမယ့်... လူကျပ်ကျပ်သိပ်သိပ်ကြားမှာ ကျွန်တော့်စိတ်တွေက သူမနဲ့နှစ်ယောက်တည်းလို့ပဲ ထင်မှတ်မှားနေမိတော့တယ်...။ ကားထဲမှာ လူက လွှင့်လွှင့်မျောမျောနဲ့ ကြမ်းပြင်နဲ့ ခြေထောက်ကပ်မထားဘူးတောင် ထင်ရတယ်...။ ရင်ဘတ်ထဲဟာလာဟင်းလင်းနဲ့..... နောက်ဆုံးတော့ကျွန်တော်ဆင်းရမယ့် မှတ်တိုင်ရောက်တဲ့အထိ သူမတို့က မဆင်းသေး...။ ကျွန်တော်အပေါက်ဝမှာသွားရပ်ပြီး သူမကို တစ်ခန်ပြန်လှမ်းကြည့်တော့ ဗာဒံစေ့ပုံအလျားရှည်ရှည်နဲ့ မျက်ဝန်းတွေမှာအရည်လဲ့နေတာတွေ့လိုက်ရတယ်...။ ဘယ်လိုအဓိပ္ပါယ်မျိုးလဲဗျာ....။.

ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ဆီကို အရိပ်ယောင်လေးပြရုံ တခဏလေး ရောက်လာပြီး ကျွန်တော့်ကိုရူးရူးမိုက်မိုက်ဖြစ်အောင်ထားရစ်ခဲ့တယ်....။ ခုလိုဖြစ်ရတာ ဘယ်သူ့ကို အပြစ်တင်ရမလဲ ကျွန်တော့်မှာလည်းအပြစ်မရှိသလို သူမမှာလဲ အပြစ်မရှိဘူး........။ ကားပေါ်ကဆင်းပြီး တိုက်ခန်းရှိရာလမ်းထဲကို လျှောက်ဝင်လာလိုက်တယ်.....နေကလဲပူပြင်းလိုက်တာ..။ ကောင်းကင်ကိုမော့ကြည့်တော့ ကြည်ပြာရောင်နောက်ခံမှာ အဖြူရောင်တိမ်တောက်အထွေးတစ်ခု ပြေးလွှားနေလိုက်တာ..... ကျွန်တော့်အဖြစ်ပျက်ကလေးလိုပဲ တခဏအတွင်း အဲဒီတိမ်လိတ်တွေလဲ တစဆီလွှင်ြ့ပယ်ပျောက်ကွယ် သွားကြတယ်....။ သီချင်းစာသားလေးရဲ့ နောက်ဆုံးပိတ်စာကြောင်းလေးလိုပဲ “I will never be with you” တဲ့ ...သိပ်မှန်တာပေါ့....ဘယ်လိုမှမဆုံနိုင်မယ့်သူတွေလေ ဘယ်လိုလုပ်အတူရှိနေနိုင်တော့မလဲ...။
♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫ You're Beautiful My life is brilliant. My life is brilliant. My love is pure. I saw an angel. Of that I'm sure. She smiled at me on the subway. She was with another man. But I won't lose no sleep on that, 'Cause I've got a plan. You're beautiful. You're beautiful. You're beautiful, it's true. I saw your face in a crowded place, And I don't know what to do, 'Cause I'll never be with you. Yeah, she caught my eye, As we walked on by. She could see from my face that I was, Fucking high, And I don't think that I'll see her again, But we shared a moment that will last till the end. You're beautiful. You're beautiful. You're beautiful, it's true. I saw your face in a crowded place, And I don't know what to do, 'Cause I'll never be with you. You're beautiful. You're beautiful. You're beautiful, it's true. There must be an angel with a smile on her face, When she thought up that I should be with you. But it's time to face the truth, I will never be with you.
Link မှတ်ချက်။ ။ James Blunt ရဲ့ “You're Beautiful” သီချင်းကိုနားထောင်ပြီး ဒီစာလေးကို စိတ်ကူးရေးသားဖြစ်ပါတယ်....။ ကော်နက်ရှင်ကြောင့် သီချင်းရဲ့ ဗီဒီယိုဖိုင်လေးကို မတင်ပေးတော့ဘူး လင့်လေးပဲချိပ်ပေးလိုက်ပါတယ်....။


မေတ္တာအားဖြင့်
မိုးငွေ့

Monday, 6 February 2012

ရင်ထဲကနှင်းဆီ.....




ရင်ထဲက နှင်းဆီ
နေခြည်မရ လေပြေမကျလည်း
ကိုယ့်ရင်ထဲက အကြင်နာတွေနဲ့ 
လန်းဆန်းလို့
နှင်းဆီအလှမှာ ယစ်မူး
တကိုယ်တည်း ကြည်နူးမိတယ်
မြူမှုန်တွေအုံ့ဆိုင်း
အလွမ်းငွေ့တွေ ဝေတိုင်း
မျက်ရည်ဝိုင်းလို့
နှင်းဆီအလှ မှုန်ပြပြကို
ခပ်ဆွေးဆွေးလေး ငေးဖြစ်တယ်။
တစ်ယောက်တည်း နေ့ ညတွေမှာ
နှင်းဆီရနံ့တွေက လူးလွန့် လှုပ်ရှား
ကိုယ့်အနား မွှေးပျံ့နေခဲ့တယ်
ကျေးဇူးပါ နှင်းဆီ
ကိုယ့်နေ ရက်တွေအတွက်
သင်းပျံ့တဲ့ ရနံ့တွေနဲ့ 
အိပ်မက်တွေ မက်ခွင့်ရတဲ့အတွက်ပေါ့။ 

Saturday, 4 February 2012

တစ်စုံတစ်ရာသို့ လွမ်းချင်း.....



·
˙
˙






·
˙
˙
·




အသံတစ်ခုကိုကြားလိုက်တယ်......။
ဟင့်အင်း မဟုတ်ဘူး....အဲဒီအသံကိုမကြားခင်ကတည်းက သူဆိုတာ သေချာနေခဲ့တာပါ....။ ဟုတ်တယ်....နှလုံးသားက သူ့အလိုလိုအော်တိုသိနေတာလေးက ချစ်စရာပါ..။
အသံလှိုင်းလေးရဲ့ ဟိုဘက်ဒီဘက် အစွန်းနှစ်ခုမှာ အနီရဲရဲအသဲနှလုံးလေးတစ်ခုနဲ့ ပန်းနုရောင်အသဲနှလုံးလေးတစ်ခုချိပ်ဆွဲထားတယ်.....။ ကြိုးမျှင်လေးကတစ်ဆင့် အလွမ်းတွေက ကူးလူးခေါက်ပြန်သွားနေကြတယ်.......။
♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫
ဟောဒီလိုလေးပေါ့...။
တချိန်ထဲမှာပဲ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးပြီး ရှိန်းတိန်းတိန်းလေးဖြစ်သွားတယ်...။
နှလုံးခုန်နှုန်းရဲ့ အပူဓါတ်ကတဆင့် ကူးစက်လာပုံရပါတယ်...။


“ကိုယ်မရှိလို့ ပျင်းနေပြီလား”
တဲ့......။
အမှန်ပြောရရင် တနေ့တနေ့ သူ့ခြေရာတွေရှိရာဆီသွားလိုက် မီးလင်းမနေတဲ့ အိမ်ကလေးကို လှမ်းကြည့်လိုက်နဲ့ နေ့ရက်တွေက ဟာတာတာဖြစ်နေခဲ့တာ....။ တခါတလေကော်ဖီတစ်ခွက်နဲ့ ငုတ်တုတ်ထိုင်လို့.....။
ကိုယ့်ဘ၀ရဲ့ အဓိပ္ပါယ်တချို့ကို သူသိသိသာသာ ယူသွားခဲ့လိမ့်မယ်လို့တောင် ထင်မထားမိဘူး...။ ခုလဲ ကော်ဖီပူပူတစ်ခွက်ကိုကြည့်ရင်း သတိရလွမ်းဆွတ်မိသွားလို့ ကော်ဖီကိုမသောက်သေးဘဲ(အမှန်တော့ပူနေသေးလို့)
ခံစားချက်လေးတွေကို
ရေးချနေလိုက်မိတယ်.......။ကိုယ့်ဆီကိုဘယ်တော့ပြန်လာမလဲ.....။
ဒီမေးခွန်းကိုခက်ခဲမှန်းကိုယ်နားလည်ပါတယ်......။ ပြန်ဖြေဖို့မလိုပါဘူး...။ ပြန်ဖြေဖို့မဟုတ်ပါဘူး...။
သူမရှိလည်း သူ့ရဲ့ ဥယျာဉ်ခြံဆီကို အလည်ခဏခဏသွားလို့ရသားပဲ......။ ပန်းကလေးတွေ လိပ်ပြာကလေးတွေနဲ့ အလွမ်းဖြေလို့ရသားပဲ.....။ ပြန်တွေးကြည့်ရင် သူကမှပိုသနားဖို့ကောင်းပါတယ်.... ကိုယ့်ကိုအလွမ်းဖြေစရာ နေရာတွေမရှိ.......လူမသိသူမသိ တိတ်တဆိတ် ရင်ဘတ်ထဲသိုသိပ်သိမ်းဆည်းရင်း...နေ့ရက်တွေကို ဖြတ်ကျော်နေရမှာ....။

မိုးငွေ့

Friday, 3 February 2012

အိပ်မက်လှလှမက်ပါစေ.....

နှင်းလေပြေသွေး ခပ်အေးအေးမှာ ချမ်းခိုက်တုန်လို့ အိပ်မောကျသူ လှပျိုပြူအား ရင်ငွေ့များဖြင့် နွေးစေသား။ ။ 

Thursday, 2 February 2012

ချစ်သူရဲ့မြို့.....




အဲဒီတုန်းက မြူတွေမှုန်ဝါးဝါးနဲ့ ညနေခင်းလေးမှာ ဘုရားဖူးရင်း အဲဒီဘုရားရှေ့က အုတ်ခုံတန်းလေးမှာ ထိုင်ခဲ့ဖူးတယ်.......။ မီးခိုးရောင်မှိန်မှိန်အောက်ကမြို့ကလေးကို ငေးကြည့်ခဲ့မိတယ်....။ နာရီစင်ကိုငေးကြည့်ခဲ့မိတယ်...။ လမ်းမပေါ်မှာ ဆိုင်ကယ်တွေနဲ့ရှုပ်ရှက်ခတ်နေတာကို ငေးကြည့်ခဲ့မိတယ်...။ ခဏလေးပါပဲ....။ ဘယ်လိုထင်ခဲ့မလဲနော်....။ အဲဒီမြို့ကလေးက လူငယ်လေးတစ်ယောက်နဲ့ ဆုံတွေ့ပတ်သက်လိမ့်မယ်လို့....။

ညနေဆည်းဆာချိန်လေးရဲ့ မြင်ကွင်းက လွမ်းဆွေးချင်စရာလေးပါ....။
အဝေးပြေးလမ်းကလဲ မီးခိုးရောင် လမ်းတလျှောက်တွေ့ရတဲ့ အပင်တွေကအစ ညနေအရောင်လေးကြောင့်မီးခိုးရောင်ခပ်ရင့်ရင့်တွေဖြစ်ကုန်တယ်....။

မြန်မာပြည်ရဲ့ အထင်ကရမြစ်တစ်စင်းကိုဖြတ်ကျော်ပြီးမှ ရောက်တဲ့မြို့ကလေး....။
မြို့ကလေးက သေးငယ်ပေမယ့် လူတွေစည်ကားလို့ အသီးအနှံတွေလည်းပေါတယ်ပြောတယ်....။ ခရီးသွားဟန်လွှဲ ခဏလေးပဲဖြတ်သွားရတာမို့ မြို့ကလေးကို နှံ့နှံ့စပ်စပ်မလေ့လာခဲ့ရဘူး......။ မြို့ကလေးရဲ့ အဓိကစီးပွားရေးက စိုက်ပျိုးရေးလို့တော့ အကြမ်းမျဉ်းသိရတယ်...။ ဒါဖြင့် သူကြိုက်တတ်တဲ့ ပန်းကလေးတွေကောစိုက်ကြသလား.......။ ဒီဒေသမှာ ဘာပန်းတွေထွက်သလဲ သိချင်မိတယ်။

စိတ်ကူးထဲမှာတော့ တောင်စောင်းအနိမ့်အမြင့်လေးတွေမှာ ရောင်စုံပန်းခင်းလေးတွေကိုမြင်မိတယ်...။ ဒါပေမယ့် ရှမ်းပြည်လိုအေးတဲ့ နေရာမျိုးမှာပဲ ဒီလိုမြင်ကွင်းမျိုးရှိမယ်ထင်တယ်...။ ဒီမြို့ကလေးရဲ့ ရာသီဥတုက နဲနဲ ပူအိုက်စွတ်စိုတဲ့ အထဲပါလိမ့်မယ်ထင်တယ် မိုးလေ၀သ သတင်းထဲမှာ အပူချိန်တွေကိုကြည့်ရသလောက်ပေါ့..။

ချစ်သူကို လွမ်းလို့ ခဏကလေးရောက်ခဲ့ဖူးတဲ့ ချစ်သူရဲ့မြို့ကို ပြန်မှန်းဆကြည့်မိတာပါ.....။
မြို့ကလေးအကြောင်းကို သေသေချာချာမသိပေမယ့် အလင်းရောင်အောက်မှာလဲ သိပ်လှတဲ့မြို့ကလေးတစ်မြို့ဖြစ်လိမ့်မယ်လို့ထင်ပါတယ်.....။


မိုးငွေ့