
တစ်နှစ်တုန်းက အမေရိကားကခဏအလည်ပြန်လာတဲ့ ညီမတစ်ဝမ်းကွဲလေးတစ်ယောက်ကိုသွားတွေ့တာ....။ သူကတွေ့တွေ့ခြင်း “အစ်မ သမီးမှာ ကိုယ်ဝန်ရှိနေပြီ” လို့ပြောတော့ ကြားကြားချင်း စိတ်ထဲ ဘယ်လိုကြည်နူးဝမ်းသာသွားမှန်းမသိဘူး...မျက်ရည်တွေဘာတွေတောင်ဝဲသွားတယ်...ပြောမပြတတ်ဘူး...။ ကိုယ်တောင်အဲလောက်ခံစားမိတာ မိခင်လောင်းဖြစ်နေတဲ့ အဲဒီညီမလေးကိုယ်တိုင်ဆို ဘယ်လောက်ဝမ်းသာ ပျော်ရွှင်လိုက်မလဲ ကြည်နူးပီတိဖြစ်လိုက်မလဲ..။ မှတ်မှတ်ရရ အဲဒီနေ့က ပြာသိုလပြည့်နေ့ အမေနေ့လဲဖြစ်တယ်...။ အမေနေ့မှာ မိခင်လောင်းတစ်ယောက်ဆီက ခုလိုမင်္ဂလာစကားကြားခဲ့လိုက်ရတာ မင်္ဂလာတစ်ပါးပါ....။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၃ မှာသားယောက်ကျားလေးမွေးတယ်....။ မွေးမွေးချင်းပဲ ကလေးလေးက ဖဘမှာတင်ခံရတယ်...။ မိခင်ကိုယ်တိုင်လဲ ဆေးရုံပေါ်မှာ ဖဘပေါ်နဲ့ အပ်ဒိတ်အဆက်မပျက်ရှိနေတာ..။ သူများနိုင်ငံများတိုးတက်တယ်ပြောပါတယ်...။ ခုဒီညီမဝမ်းကွဲက ဖေဘက်ကတော်တာ....။ အဖေ့ဘက်က ဝမ်းကွဲတွေ လေးဆယ်တစ်ယောက်ရှိတယ်တဲ့ အကုန်မမြင်ဖူးဘူး...။ ဒါက အစချီလိုက်တာ ခု..အမေဘက်က ဝမ်းကွဲညီမလေးတစ်ယောက်ဖဘမှာ တင်ထားတယ်“I am pregnant ” တဲ့ မောင်နှမတွေ မိတ်ဆွေသူငယ်ချင်းတွေ congratulation လာရေးလိုက်ကြတာဆို....။ ဒီညီမကတော့ ပထမသမီးလေးတစ်ယောက်မွေးထားပြီးသား...။ ကိုယ်တို့အမေဘက်မှာ ပထမဦးဆုံးအိမ်ထောင်ကျတဲ့ ဝမ်းကွဲညီမလေးပေါ့....။ တူလေးလား တူမလေးလားမသိ နောက်ထပ်ရောက်လာမယ့် ကလေးလေးကို အားလုံးက ဝမ်းသာအားရကြိုဆိုနေကြတယ်...။ ကိုယ်ကခေးလေးတွေသိပ်ချစ်တာ...ကိုယ်တိုင်မွေးဖို့ကျတော့ အချိန်နောက်ကျနေပြီလေ....။ ဒီတော့ သူများကလေးတွေကိုပဲချစ်ရတာပေါ့.....။ မီးနဲ့ခေးလေးများ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ဖဘ ဖိုတိုအမ်ဘမ်ထဲမှာတင်ထားတာအများကြီးပါ လာကြည့်လို့ရတယ်...။ စာကြွင်း။ ။ တစ်ဝမ်းကွဲညီမလေးသဲသဲက သမီးလေးရထားပြီးပြီဆိုတော့ ခုကိုယ်ဝန်လေးက သားသားလေးဖြစ်ရင်ပိုကောင်းတာပေါ့ သားတစ်ယောက်သမီးတစ်ယောက် ဒါကြောင့် ဘေဘီဘွိုင်းပုံလေးကို အကြိုနိမိတ်တင်ပေးလိုက်ပါတယ်....။
မိုးငွေ့
6 comments:
ဟိ..ဒါမျိုးဆို များတို့လည်း ရင်ခုန်တယ် မမိုး..။ ဒီက သားကလေးလိုချင်တာ။ နှလုံးအားနည်းလို့ ထပ်မယူတော့ဘူးး( နောက်တစ်ယောက်က တူသား ကလေးဖြစ်ပါစေလို့ ဝိုင်းဆုတောင်းခဲ့ပါတယ်း))
ကျွန်တော်က နောက်နှစ်စီမံကိန်း
း) အားကျ၏
ကျွန်တော်လဲ တူလေးရတော့မယ်လို့ သိရတဲ့နေ့ က ကျေနပ်ပီတိ ဖြစ်ခဲ့ဖူးတယ်... သတင်း စစကြားလိုက်ရ ချိန်မှာဘဲ ရင်ထဲက လှိုက်ခနဲကို ဝမ်းသာခဲ့ရတာ...
တူမ မလိုချင်ဘူး..
တူ လိုချင်တယ်...
:))))
ဘာမှရှောင်မပြေးပါနဲ့
ရီဆင်တွေမလိုချင်ဘူး
အမြန်ဆုံးအကောင်အထည်ဖော်ပါလေး)))
ချစ်တဲ့
ဒိုးကန်
တူလေး ဖြစ်ပါစေလို့  ဆုတောင်းပါတယ်နော့..ဒီမှာလည်း တူလေးတွေ၊ တူမလေးတွေ လိုချင်နေတာ...
Post a Comment