Thursday, 10 February 2022

Fourth Wave.....

 



ကဲ...လှိုင်းတွေ လှိုင်းတွေဆိုတာ ဘယ်တော့ပြီးဆုံးမလဲ.......?

ဆောင်းကုန်ခါနီးမှာ အလည်ရောက်လာခဲ့တဲ့ အိုမီခရွန်.....။ ကိုးဗစ်ဆိုတာ တကယ်မရှိဘူးလို့ ယုံကြည်ကြသူတွေရှိနေသလို ကိုးဗစ်ကြောင့် တကယ်ခံစားနေရသူတွေလည်း တပုံတပင်ကြီးရယ်....။ သတိထားမိသလောက် ကိုးဗစ်မဖြစ်တဲ့သူတွေထဲမှာ အရက်သမားတွေပါတယ်.....။ ဒီလိုပြောလို့ အရက်တွေဇွတ်မသောက်ကြနဲ့ဦး...။ အဓိကက ခန္ဓာကိုယ်ထဲ အအေးဓါတ်ရှိမနေစေဖို့ပဲ...။ ဒီ စတုတ္ထလှိုင်းမှာ ပြောချင်တာက မနက်မိုးလင်းရင် ခွက်တစ်ခုထဲ သံပုရာသီးညှစ်ထည့် အခွံပါထည့် ပျားရည်တစ်ဇွန်းထည့်ပြီး ရေးနွေးလောင်းထည့်ဖျော်ပါ ထွက်လာတဲ့အငွေ့ကိုအားပါးတရ ရှူပါ....ပြီးမှ သံပုရာရည်လေးကိုသောက်လိုက်ပါ....။ ပျားရည်ကလဲ လူတစ်ယောက်အတွက် တစ်ရက်ကို နှစ်ဇွန်းထက်ပိုမသောက်သုံးရပါဘူး အဲအချက်လေးတော့ သတိထားပေးပါ...။ Army Rum ရှိရင်တော့ တစ်နေ့ထမင်းစားဇွန်းတစ်ဇွန်းသောက်ပေးလဲကောင်းတယ်...။ တကယ်က ဘာရောဂါဖြစ်ဖြစ် ခုခံအားကောင်းနေဖို့က အဓိကပဲ....။ အစားသောက်မပြတ်ပါစေနဲ့ မစားချင်လဲ ရအောင်စားပါ  အိပ်ရေးဝဝအိပ်ပါ....။ အူလမ်းကြောင်း အစာအိမ်ရောဂါသမားများ ဂရုစိုက်ပါ ခုခံအားကောင်းစေတဲ့ Immune System က အူနံရံကနေထွက်တာမို့ အူလမ်းကြောင်းကျန်းမာပြီး သန့်ရှင်းနေမှ အဆင်ပြေမယ်...။ 

အိုမီခရွန်က ပျံ့နှံ့ကူးဆက်နှုန်းအရမ်းမြန်ပါတယ်....။ အဆင့်သုံးဆင့်နဲ့ ပိုင်းခြားထားတဲ့ သူ့လက္ခဏာတွေက ပထမ ဒုတိယနဲ့ တတိယလှိုင်းမှာဖြစ်တဲ့ လက္ခဏာတွေ တစ်မျိုးဆီပြန်ပါပါတယ်....။  ခု ကျွန်မတို့ရုံးမှာလဲ ဖျားတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက်....။ ဖျားပြီးရုံးမလာနိုင်တော့တဲ့ Suspense သမားတွေကို ရုံးလုံးဝမတက်ခိုင်းတော့ဘဲ သူတို့နေရာထိုင်ခင်းအသုံးအဆောင်တွေကို ဆေးဖျန်းတာလုပ်ခိုင်းရတယ်...။

ကျွန်မကတော့ ဒီစတုတ္ထလှိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု ဘာမှမလုပ်ဖြစ်ဘူး ရေကူး Gym ကစားတာ ယိုဂ ဘာမှမလုပ်ဖြစ်ဘူး လမ်းတော့လျှောက်ဖြစ်တယ် အများဆုံးလုပ်ဖြစ်တာက သီချင်းနားထောင်တယ် ဟုတ်တယ် အဲတစ်ခုအများဆုံးလုပ်တာပဲ....။ ဂီတသံစဉ်တွေနဲ့စိတ်ရဲ့ ကြည်နူးမှုကိုယူတယ်....။ ပုံမှန်လုပ်နေကျ အာရုံစုစည်း မေတ္တာအအေးလှိုင်းပို့တာလုပ်တယ်...။ မနေ့ကပဲ အိုမီခရွန် P ဖြစ်နေသူတစ်ယောက်ကို လှိုင်းပို့ပေးဖြစ်တယ် မနေ့က သူအဖျားရှိတယ် ဒီနေ့မနက်တော့ အဖျားလုံးဝမရှိတော့ဘူး wave ရဲ့စွမ်းအားကို လျှော့တွက်မရဘူးပဲ...။   Wave လွှတ်ထုတ်နိုင်ဖို့အတွက် နေ့စဉ်ကိုယ်ခန္ဓာစွမ်းအင်တွေကိုစုဆောင်းရတယ်....။ စိတ်ကိုပဲအဓိက အဟာရဖြည့်ဖြစ်သလို အစားအသောက်ကိုလဲ ကောင်းကောင်းစားဖြစ်တယ် ဒီလောက်ပဲ....။ မနက်တိုင်းရေနွေးနွေး တစ်မတ်ခွက်သောက်တယ် ထမင်းကြော် မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ သို့မဟုတ် အိမ်ကလုပ်တဲ့ ကိတ်မုန့် ပေါင်မုန့်အဝစားတယ် ကော်ဖီတစ်ခွက်သောက်တယ် သစ်သီးစားတယ် ပြီးရင် ရေတစ်ခွက်ထပ်သောက်တယ် အဲဒါကျွန်မရဲ့ နေ့စဉ်ပုံမှန်မနက်စာပါပဲ....။ ကြက်ဉပြုတ်တော့ တစ်ခါတစ်လေမှ စားဖြစ်တယ်....။ 

လေကောင်းလေသန့်ရှူပေးပါ နေပူဆာလုံပါ အိမ်မှာရှိတဲ့ ပြူတင်းတွေအကုန်ဖွင့်ပြီး အောက်စီဂျင်ကောင်းကောင်းရအောင်လုပ်ပါ...။ လေထုထဲကနေ အလကားရနေတဲ့ အောက်စီဂျင်ဟာ ရောဂါပေါင်းစုံကိုကာကွယ်ပြီးသားဖြစ်တယ်ဆိုတာ လူအတော်များများဂရုမပြုမိကြဘူး....။ ကျွန်မရဲ့ စာဖတ်သူများလဲ ကျန်းမာရေးအထူးဂရုစိုက်ကြပါလို့ မှာချင်ပါတယ် Mask တပ်ပါ လက်ဆေးပါ အဲဒါကတော့ ဘယ်ထိဆက်လုပ်နေရဦးမလဲမသိ...။


___________________

Revolution will prevail
မိုးငွေ့


No comments: