Wednesday, 16 February 2022

AWA 1740s.....


 


စာရေးဆရာခက်ဇော်ရဲ့ စာအုပ်တွေကို  The Guys of Yangon 1930s နဲ့ The Guys From Mandalay 1950s စာအုပ်နှစ်အုပ်ကတည်းက အားပေးလာတာ အခု "အင်းဝ ၁၇၄၀" လဲ စွန်းမိုက်တယ်....။ ဒီစာအုပ်မထွက်ခင် အွန်လိုင်းမှာတွေ့ကတည်းက အရမ်းဖတ်ချင်နေတာ စာအုပ်လိုက် ကိုင်ဖတ်ရတာကို ပိုအားရလို့ အွန်လိုင်းမှာတင်တာကိုလုံးဝသွားမဖတ်ဘဲ စာအုပ်ကိုပဲစောင့်နေတာ ခုတော့လက်ထဲရောက်ပြီ....။ သုံးရက်နဲ့အပြီးဖတ်လိုက်တယ်....။ 

ဒီစာအုပ်ထဲပါတဲ့အကြောင်းအရာတွေတချို့က ကျွန်မဒီတလောကြည့်ထားတဲ့ မြန်မာမင်းသား"ဒေါင်း"ပါတဲ့ ထိုင်းဇာတ်လမ်းတွဲနဲ့ ဝီကီမှာ နတ်သျှင်နောင်အကြောင်းသွားဖတ်ထားတဲ့ အကြောင်းအရာတွေ ဒီအင်းဝစာအုပ်ထဲမှာ ပါလာတယ်....။ လောကမှာတိုက်ဆိုင်မှုဆိုတာမရှိဘူးလို့ ယုံကြည်တယ် အားလုံးကိုမဆိုလိုပေမယ့် တချို့အရာတွေက သူ့အစီအစဉ်နဲ့သူလာပြီးသား....ဒီအချိန်မှာဒီအရာတွေဖြစ်ပျက်ရမယ်ဆိုတာမျိုးပေါ့...။ 

၁၇၄၀  အင်းဝခေတ်က တိုင်းပြည်ကြီးရဲ့ ဖြစ်ပျက်နေမှုတွေဟာ စာရေးဆရာက ဇာတ်လမ်းကျောရိုးကို စာအုပ်ပေါင်း ၃၀ကျော်က အထောက်အထားတွေနဲ့ ဇာတ်လမ်းဆင်ရေးသားထားတာပါ....။ အဲခေတ်က ပေါ်တူဂီမလေး လွီဇာဒီမဲလိုး ကို တည်ပြီး အင်းဝရဲ့ လူနေမှု နိုင်ငံရေးနဲ့ စစ်ဘေးနောက်ခံနဲ့ ရေးထားတာဖြစ်တယ်....။ ဆွဲဆောင်မှုရှိတဲ့စာရေးဆရာရဲ့ အရေးအသားနဲ့ ဇာတ်လမ်းဆင်ထားမှုကြောင့် ဖတ်ရတာပျင်းစရာမကောင်းဘူး အရှေ့မှာဖတ်ခဲ့တဲ့ နှစ်အုပ်လိုပဲ ဒီတစ်အုပ်လဲ လက်ကမချချင် လုံးဝဂွတ်တယ်လို့ပြောပါရစေ....။

အဲခေတ်က အင်းဝနိုင်ငံတော်ကြီးဟာ ခုခေတ်ကျွန်မတို့လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ တော်တော်ဆင်တူတယ်....။ ဒီစာအုပ်ရေးသားနေချိန်ဟာ စကစတွေ အာဏာမသိမ်းခင်ကဖြစ်လို့...တိုက်ဆိုင်တယ်လို့ ယူဆလို့မရနိုင်ပါဘူး....။ ဖြစ်ချင်းဖြစ် သူတို့တွေကသာ ခေတ်နောက်ပြန်စွဲ ဘုရင်ရူးရူးပြီး ဟိုခေတ်ကလို လိုက်လုပ်တာဖြစ်နိုင်တယ်....။ ဖတ်ကြည့် ဖတ်ကြည့်......။

ဘာပဲပြောပြော ဖတ်ရတာအားရတယ်.... အခုတစ်အုပ်က Season 1 ပါ....။ နောက်ထပ် Season 2 ထပ်လာဦးမယ့်သဘောပါ....။ စောင့်မျှော်တာပေါ့ နောက်တစ်အုပ်ကို....။ ထုံးစံအတိုင်းပဲ "AWA 1740s" စာအုပ်ကို အင်းဝစာအုပ်ဆိုင်ကဝယ်တာပါ....။ ဆိုင်မသွားချင်လဲ အွန်လိုင်းကနေ မှာလို့ရပါတယ်လို့ တခါတည်းကြော်ငြာပေးလိုက်ပါတယ်....။ 



ဒီပို့စ်နဲ့မဆိုင်ပေမယ့် လက်ဆောင်ရထားတာလေးကြွားချင်လို့သက်သက် 


MA VIE ဆိုတာ ပြင်သစ်လို My Life လို့ အဓိပ္ပါယ်ရတယ်....။ Boss ရေမွှေး for women  ရထားတာ 2022ဟာ ကျွန်မဘဝအတွက် ထူးခြားမယ့် ကောင်းသောအတိတ်နိမိတ်ပဲ Boss Lady ဖြစ်မယ့်ကိန်းပေါ့  Lol !!!!! .....။ တကယ်ဖြစ်လာရင်တော့ မသေခင် ကမ္ဘာပတ်မယ့် စီမံကိန်းကို အကောင်ထည်ဖော်ရမယ်...။ စကားမစပ် ကျွန်မရဲ့ ခန္ဓာစွမ်းအားကို စစ်ဆေးကြည့်ချင်လို့ ကူးစက်မှုနှုန်းအင်မတန်မြင့်မားလျင်မြန်လှချည်ရဲ့ဆိုတဲ့ COVID-19 Omicron P ဖြစ်နေသူနဲ့ အတူအနီးကပ်ကော်ဖီထိုင်သောက်တာ လက်ဆွဲနှုတ်ဆက်တာလုပ်တယ်...ဘာမှထူးခြားမှုမရှိခဲ့ဘူး ဒီလိုဆို Wonder Woman လို့ပြောတာမလွန်ဘူးပဲ....။ ဒါဟာ 2018 ခုနှစ်တုန်းက စမ်းသပ်ချက်နဲ့ စိတ်နဲ့ခန္ဓာကို လေ့ကျင့်ပေးထားမှုရဲ့ ရလဒ်ကောင်းကျိုးတစ်ခု....။ 



______________________
Revolution will prevail
မိုးငွေ့


No comments: