Sunday, 14 June 2020

Stay Home မှာစားဖြစ်တာလေးတွေ.....












သခွားသီးထောင်း ကောက်ညှင်းပေါင်း ပလာတူးငါးကြော် ဝက်သားပေါင်း ဆီတိုဖူး နဲ့ ဒူးရင်းသီး



ချဉ်ပေါင်နဲ့မျှစ်ကြော်ထားလို့ ထမင်းနဲ့နယ် ဆိုင်မှာရောင်းတဲ့ ချဉ်ပေါင်ဇလုံထမင်းနယ်ကို ကြက်သားရို့စ်နဲ့ အာလူးကြော်လေးနဲ့ အောင်မလေး ဆွေမျိုးမေ့



ငါးမြင်းဆီပြန်ဟင်းလေးချက်စားတယ်လေ 



ငါးမြင်းဆီပြန်ဟင်း မကျည်းချဉ်ရည် ပဲတောင့်ရှည်ကြော် အာလူးပဲကြာဇံသုပ်



စိန်တလုံးသရက်တွေပေါတော့ ထိုင်းသရက်သီးအုန်းနို့ကောက်ညှင်းလုပ်စားပလိုက်တယ်




Presentation လေးလှတယ်မဟုတ်လား



မရမ်းသီးချိုချဉ်လေးလက်ဆောင်ရလို့ ငရုတ်သီးလှော်မှုန့်နဲ့ငံပြာရည်လေးနဲ့သုပ်စား 
အမလေးသွားတောင်ကျိန်းတယ်



ငါးပိရည်ဆိုရင် ဘယ်ချိန်စားစား စားကောင်းနေတာ ငါးပိရည်ထမင်းနယ်နဲ့ ကြက်ကြွပ်ကြော် စွန်ထန်ဟင်းရည်




ရှမ်းဆန်လေးကျန်နေသေးလို့ ရှမ်းထမင်းချဉ်လေးလုပ်စားတယ် အာလူးထောင်းနဲ့ ငရုတ်သီးမီးကျွမ်းကြော်နဲ့ 



တုတ်ထိုးလေးတွေလုပ်စားတယ် အပြင်မှာဝယ်စားမရတော့ကွကိုယ်လုပ်တယ်လေ 
ကြက်ကြောလုံး ဝက်အူချောင်း အပ်မှို သွားသီး ရုန်းပဒေသီး အာလူး ပဲပြား ဒညင်းသီး အစုံပဲ 
တို့စားဖို့အချဉ်ရည်ကို you tube ကကြည့်ပြီး ရှယ်လုပ်ထားတာ
သခွားသီးထောင်းစပ်စပ် အရည်ရွှဲရွှဲနဲ့ မုန့်ဖတ်နဲ့စားမယ်



သင်္ဘောသီးထောင်းကို အတို့အစုံပလုံနဲ့



ကျိုင်းတုံမုန့်တီအရည်



စတော်ဗယ်ရီကို အမြဲနို့နံသကြားနဲ့ပဲဖျော်တာရိုးနေပြီး ဒီတခါ ငံပြာရည်ငရုတ်သီးမှုန့်နဲ့ သုပ်စားတယ်လေ

သင်္ကြန်မရှိပေမယ့် အစဉ်လာမပျက် မုန့်လုံးရေပေါ်လေးတော့လုံးပြီး ဘုရားကပ်




No Bake Mango Cheese Cake လုပ်နည်းလေး ပို့စ်သပ်သပ်တင်ပါ့မယ်


စားကောင်းလို့ ညီမလေးယောက်ျားကို သုံးစိပ်ပေးလိုက်တာ 
သူက တစ်ပတ်လုံးကုန်မှာစိုးလို့ ဇွန်းလေးနဲ့ နည်းနည်းဆီဖဲ့စားတာတဲ့ကဲ


မိုးငွေ့





No comments: