ကိုညိမ်းနိုင်ဆီကရခဲ့ဖူးတဲ့ ကော်ဖီခွက်လက်ဆောင်
ပြီးခဲ့တဲ့ ဒီဇင်ဘာတစ်လလုံး ပိတ်ရက်တွေက သုံးရက်ဆက်တွေချည်းပဲ သူများတွေ ခရီးသွားပေမယ့် ကျွန်မကတော့ ခရီးတော့မသွားနိုင်တော့ဘူး...။ ဒီတစ်နှစ်လုံးမှာပဲ ခရီးကများနေပြီလေ....။ နောက်နှစ်အတွက် ချန်ထားမယ်လို့ တေးထားရင်း ပိတ်ရက်တွေမှာ စာဖတ်ဖြစ်တယ်..။ ဘာစာအုပ်တွေလဲဆို အရင်ဝယ်ထားတဲ့ စာအုပ်တွေကိုမဖတ်ဖြစ်သေးဘဲ စာအုပ်ဗီဒိုထဲ သိမ်းသော့ခတ်ထား...။ ခုလောလောလတ်လတ် နောက်ဆုံးဝယ်ဖြစ်တဲ့ မယ့်ကိုးနဲ့ ဂျာနယ်ကျော်မမလေး ဖတ်ဖြစ်တယ်...။ အဲနှစ်အုပ်က ပါးပါးလေးပေမယ့် နှစ်ရက်လောက်ဖတ်ယူရတယ်...။ အဲစာအုပ်တွေ အကြောင်းတော့ နောက်မှ သပ်သပ်လာပြောပြမယ်...။ နောက်ဆုံးပိတ်ရက်ကိုတော့ အေးအေးလူလူ သီချင်းလေး နားထောင်ရင်း 2011 ကစပြီး တင်ဖြစ်ခဲ့တဲ့ မိုးငွေ့နှင့်အတူ ဘလော့က စာတွေကို ပြန်ဖတ်တယ်..။ ကော်မန့်တွေပြန်ဖတ်ရင်း အဲဒီတုန်းက အချိန်တွေကို ပြန်လွမ်းတမိသွားတယ်...။ အဲမှာ ကော်မန့်တွေလာလာရေးတဲ့အထဲမှာ ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို ထိပ်ဆုံးကနေ အမြဲအားပေးတတ်တဲ့ ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့နားခိုရာ) ရဲ့ ကော်မန့်တွေကိုပြန်ဖတ်မိရင်း သူ့ဘလော့ကို သွားလည်ဖြစ်တယ်..။ ကျွန်မသူ့ဘလော့ကိုသွားလည်တိုင်းလည်း ကျွန်မအကြိုက်ဆုံးပို့စ်တစ်ပုဒ်ဖြစ်တဲ့ “ကြည်စင်ကောင်းကင်၌ တည်သောပန်းနုရောင်မိုးတိမ်” ကိုအရင်ဦးဆုံးပြန်ဖတ်ဖြစ်တယ်...။ အကြိမ်ရေဘယ်နှစ်ခေါက်မှန်းမသိဖတ်ဖြစ်နေတဲ့ ကိုညိမ်းနိုင်ရေးတဲ့ ခံစားမှုဝတ္ထုလေးက ကျွန်မရဲ့ ဖေးဘရိတ်ဆိုပါတော့...။ အဲဒီတုန်းက သူ့ဘလော့မှာ ကောင်းကင် ကောင်းကင်ဆိုပြီး ဟိုးလေးတကြော်ကြော်ဖြစ်တဲ့အချိန် ကျွန်မရဲ့ ဘလော့မှာက အိန်ဂျယ် နေရာယူနေတဲ့အချိန်...။ တနေ့သူနဲ့စကားပြောဖြစ်ရင်းက သူ့ရဲ့ ကောင်းကင်နဲ့ အိန်ဂျယ်ကို ဇာတ်လမ်းလေးတစ်ပုဒ်လောက် ရေးချင်တယ်လို့ ပြောလာခဲ့တယ်...။ ဟား မိုက်တယ်ပေါ့... ကျွန်မ အရမ်းကို ခရေဇီဖြစ်နေတဲ့ သူ့ရဲ့ဇာတ်ကောင် ကောင်းကင်ဆိုတဲ့ တင်ပါးလုံးကျစ်ကျစ်နဲ့ ကောင်မလေးနဲ့ ကျွန်မရဲ့ အိန်ဂျယ်နဲ့ သူဘယ်လိုများဇာတ်လမ်းဆင်မလဲလို့ စိတ်ဝင်စားမိသွားခဲ့တယ်..။ ဒီလိုနဲ့ သူရေးမယ်လို့ ပုံပြင်တွေပြောပြီး အတော်ကြာတဲ့အချိန်တစ်ခုအထိ ပို့စ်က တက်မလာခဲ့ဘူး...။ ကျွန်မလည်း သူနဲ့တွေ့တိုင်း အိန်ဂျယ်နဲ့ကောင်းကင်ဇာတ်လမ်း မရေးသေးဘူးလားလို့ ဂျီကျနေကျ...။ ဒါနဲ့ 2013 မတ်လ 13ရက်နေ့မှာ “အိန်ဂျယ်အလင်း မြတ်နိုးခြင်းကောင်းကင် ယုံကြည်စွာတည်အပ်သောချစ်ခြင်းများ” ဆိုတဲ့ ပို့စ်လေး တက်လာခဲ့တယ်...။ ကျွန်မမျှော်လင့်ထားသလို ကိုညိမ်းနိုင်က အိန်ဂျယ်နဲ့သူ့ကောင်းကင်ကိုဆုံပေးပြီး ဇာတ်ဖွဲ့မထားခဲ့ပါဘူး... အိန်ဂျယ်ကိုတမ်းတတဲ့သူမနဲ့ ကောင်းကင်ကိုလွမ်းဆွတ်နေတဲ့သူ့ကို ခေါင်းစဉ်လေးနှစ်ပိုင်းခွဲပြီး ရေးထားပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ အိန်ဂျယ်ကို အရေးတယူနဲ့ စာတပုဒ်ရေးပေးခဲ့တဲ့အတွက် ကိုညိမ်းနိုင်ကို ဒီနေရာကနေ ထပ်ပြီးကျေးဇူးတင်ပါတယ်..။ ကျွန်မက ကော်ဖီကြိုက်တတ်တာသိကြလို့ အပြင်မှာ တိုင်းတပါးက ပြန်လာတဲ့ဘလော့ဂါတွေနဲ့ဆုံတိုင်း ကော်ဖီခွက်လက်ဆောင် ပေးတတ်ကြတယ်လေ...။ အပေါ်ပုံက ကော်ဖီခွက်ပေးတုန်းကဆို အိကု(ကိုညိမ်းနိုင်)က ကော်ဖီထည့်မသောက်ဘဲ ဘီယာထည့်ရမယ့်ခွက်ကြီးတဲ့ ပြောသေးတယ်..။
ကိုညီလင်းသစ်ပေးခဲ့ဖူးတဲ့ ကော်ဖီခွက်လက်ဆောင်လေး
ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို ကော်မန့်လာပေးတဲ့အထဲမှာ ကော်မန့်တွေကိုလှလှပပ ဖွဲ့ဆိုရေးတတ်တဲ့ ကိုညီလင်းသစ် တစ်ယောက်ရှိသေးတယ်...။ ကိုညီလင်းနဲ့ ကျွန်မအပြင်မှာဆုံဖူးခဲ့ပါတယ်...။ ဆွီဇာလန်နိုင်ငံမှာနေထိုင်နေတဲ့ ကိုညီလင်း မြန်မာပြည်ကို အလည်တစ်ခေါက်ပြန်ရောက်တုန်းကပါ...။ ကျွန်မနဲ့ မွေးနှစ်တစ်နှစ်ထဲတစ်လထဲ မွေးပြီး ကျွန်မထက် ရက်ပိုင်းလေးပဲအသက်ကြီးတဲ့ ကျွန်မရဲ့ ဘလော့စီနီယာအစ်ကိုတစ်ယောက်ပါ...။ စာရေးကောင်းပြီး စိတ်ဝင်စားစရာအကြောင်းအရာတွေကို မထပ်အောင်တင်တတ်တဲ့ ဘလော့ဂါတစ်ယောက် အော်..နောက်ပြီးတော့ ဓါတ်ပုံဆရာလည်းဟုတ် ဂီတာတီးကောင်းပြီး သီချင်းအဆိုလည်းကောင်းတဲ့သူတစေ်ယာက်ပါ...။ ခုတော့ ပို့စ်တွေမတင်ဖြစ်တော့ဘဲ ဘလော့ကနေ ပျောက်ချက်သားကောင်းနေတာ နှစ်ချီနေပြီ...။ ပထမတစ်ခေါက် အစ်ကိုပြန်လာလည်တော့ ပန်းဆိုးတမ်း ကမ်းနားက ရွှေဘဲမှာ တခြားဘလော့ဂါတွေနဲ့အတူ ညစာစားရင်း ဆုံဖူးခဲ့တယ်..။ အစ်ကို့ဆီက Switzerland ကလက်ဆောင် ရိုးရာဓါးမြှောင်လေးတစ်ခုလက်ဆောင်ရခဲ့ဖူးတယ်...။ အဲဒီတုန်းက အစ်ကို့ကို စာအုပ်လက်ဆောင်ပြန်ပေးခဲ့ဖူးတယ်ထင်တယ် ဘာစာအုပ်လည်းတော့ မမှတ်မိတော့ဘူး...။ ချစ်စရာကောင်းတဲ့အစ်ကို့သားလေးနဲ့အတူ ဓါတ်ပုံရိုက်ခဲ့ဖူးသေးတယ်...။ ဒုတိယတစ်ခါတော့ အစ်ကိုနဲ့မဆုံဖြစ်လိုက်ပေမယ့် အစ်ကိုကြိုက်တတ်တဲ့ချဉ်ပေါင်ကြော်ကိုတော့ လက်ဆောင်ပေးခဲ့လိုက်ရပါတယ်...။ အစ်ကိုရေးတဲ့ ပို့စ်တွေထဲမှာ အထူးသဖြင့် ခရီးသွားပို့စ်လေးတွေကို သိပ်ကြိုက်တယ်..။ ခရီးတခုကပြန်လာတိုင်း အစ်ကို ပြန်ရေးပြတဲ့ နေရာဒေသတွေက တကယ်မျက်စိထဲမျက်ယောင်ပြီး ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်..။ နောက်ပြီးအက်ဆေးလေးတွေ ကောင်းတယ်...။ အစ်ကိုကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်းကောင်းတယ်...။ ကျွန်မတို့ဘလော့ဂါတွေက တော်တော်များများစာရေးတာအပြင် ဓါတ်ပုံရိုက်လည်း ကျွမ်းကျင်ဝါသနာတစ်ခု အဖြစ် တွဲပါမြဲမဟုတ်လား..။ အဲဒီချိန်တုန်းက B&W Photo Challenge နဲ့ Lovely Toys Photo Challenge ဓါတ်ပုံတွေ ငါးရက်ဆက်တိုက်တင်ဖို့ ဖဘမှာတဂ်တွေလုပ်ကြတယ်...။ အဲဒါကို မသက်ေ၀ စလုပ်တာ...။ အဲဒါကနေအဖြူအမဲပုံတွေ ကိုယ်ကြိုက်တဲ့ အရာဝတ္ထုပစ္စည်း နေရာဒေသ တစ်ခုခုကို ရိုက်ပြီးတစ်နေ့တစ်ပုံတင်ရတာမျိုး... ပျော်စရာတော့ကောင်းတယ်...။ အဲစိန်ခေါ်ပွဲမှာ အစ်ကိုညီလင်းလည်း ပါတယ်...။ သူကတော့ ပို့စ်တစ်ခုအဖြစ် ဒီမှာ ဒီမှာနဲ့ ဒီနေရာ တွေမှာ တင်ထားခဲ့ဖူးတယ်...။ အဲတုန်းက ကျွန်မရဲ့ အဖြူအမဲပုံတွေကို ဒီမှာ ပို့စ်မတင်ဖြစ်ခဲ့ပါဘူး...။ ဒါကြောင့် လက်ရာဟောင်းလေး ပြန်လာကြွားချင်တာနဲ့ အောက်မှာတင်ပေးလိုက်ပါတယ်...။ ကြည့်ရှုအားပေးကြပါကုန်...။
နောက်ထပ်အမှတ်ရစရာ ဘလော့ဂါတွေအကြောင်းကို အပိုင်း(၂)မှာစောင့်ဖတ်ကြပါလို့....:)
မိုးငွေ့
5 comments:
အားလုံးကို သတိရလိုက္တာ...
မျှော်နေပါတယ်
ကိုညီလင်းသစ် ကိုသတိရလိုက်တာ ။ ဘလော့ပို့စ်ဟောင်းတွေခင်ရတဲ့ဘလော့ဂါတွေဆီ သွားသွားဖတ်၇တာလည်း ပြန်ပြိးနုပျိုစရာ ။
Blogတခေတ်ပြန်ရောက်စေချင်လိုက်တာ ညီမရယ်၊ အဲ့တုန်းက ဘလော့ဂ်အပေါ်စွဲလမ်းမှု သိပ်ကြီးခဲ့ကြတာ...၊ ဘယ်သူဘယ်ဝါရယ်လို့ မျက်နှာတွေကို သိမနေကြတာကိုက နှစ်သက်စရာတမျိုးလေ....
လွမ်းတယ်... (ဒါပဲ ပြောတတ်တော့တယ်)
Post a Comment