ဒီ MV လေးကို တင်ပေးတာနောက်ကျနေလောက်ပြီ။ ပြီးခဲ့တဲ့ နှစ်ကုန်လေးမှာ တော်တော်ကလေး Hit ဖြစ်သွားခဲ့တဲ့ တေးရေးဝေကြီးရေးတဲ့ သီချင်းတစ်ပုဒ်..။ မကော်က ဝေကြီးဆီမှာ နောက်ထွက်မယ့် အယ်လ်ဘမ်အတွက် သီချင်းတွေသွားရွေးရင်း နောက်ဆုံး ဒီတစ်ပုဒ်ကို အကြိုက်တေ့ွပြီး အယ်လ်ဘမ်အသစ် မထွက်ခင်မှာ YOU Tube မှာ အရင်တင်တော့ ပေါက်သွားခဲ့တယ်...။ မကော်ပြောပြတာတော့ ဒီသီချင်းကို တခြားအဆိုတော်တစ်ယောက်ယောက်သာ ဆိုခဲ့မယ်ဆိုရင်တော့ ခပ်လွမ်းလွမ်းဆွေးဆွေးလေးနဲ့ ဆိုဖြစ်ကြမယ်ထင်တယ်တဲ့ မကော်ကတော့ သူ့အသံနဲ့လိုက်မယ့် နာနာကျည်းကျည်း ပေါက်ကွဲသံနဲ့ဆိုထားပါတယ်...။ စာသားရော melodyရော တော်တော်လေး အဆင်ပြေပြီး နားထောင်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ...။ ဒီသီချင်းကို ကာဗာတွေရော စာသားဖျက်ဆိုထားတာရော နှင်းဆီပုဝါခြုံတဲ့လက် အငြိမ့်မှာ သံချပ်ပုံနဲ့ပြတ်ထားကြတာကိုပါ တွေ့ရပါတယ်...။ ဒါဟာ ဝေကြီးရဲ့အောင်မြင်မှု မကော်ရဲ့ပါရမီနဲ့ကြိုးစားအားထုတ်မှုတို့ရဲ့ စုပေါင်းရလဒ် တစ်ခုပါပဲ...။ ခုနောက်ပိုင်းမှာ ဒီလိုတေးရေးဆရာကောင်း တစ်ယောက်ပေါ်ထွန်းလာတဲ့အတွက် တကယ်ဝမ်းသာဂုဏ်ယူ မိတယ်...။ ကိုယ်ပိုင်တေးရေးဆရာဆိုတာလည်း ပျောက်ကွယ်လုလုဖြစ်နေကြပြီမဟုတ်လား...။
မိုးငွေ့
No comments:
Post a Comment