ဒီဓါတ်ပုံလေးက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပဲခူးပန်းပျိုးလက်ဘကကျောင်းမှာ ကလေးတွေကို ထမင်းသွားကျွေးတုန်းက ရိုက်ထားခဲ့တာ..။ အနီရောင်လေးနဲ့ ညီမလေးက ကျွန်မနဲ့နာမည်တူတယ် သူလည်းမီးမီးပဲ...။ ကျွန်မနဲ့ ဆယ်နှစ်တိတိငယ်တယ်...။ ခုတော့ ဒီကလေးမလေးတောင် မင်္ဂလာဆောင်တော့မယ်...။ အေးလေ...သူလည်းအရွယ်မှမငယ်တော့တာပဲ...။ အဲဒီတုန်းက ကျွန်မက အသက် (၃၈) သူကလေးက (၂၈)...။ အဲဒီဓါတ်ပုံလေးမရိုက်ခင်က ကျွန်မတို့နှစ်ယောက်စကား ထိုင်ပြောကြတော့ မီးမီးက ကျွန်မကို မမီးကကြည့်လိုက်ရင် အမြဲနုပျိုနေတာပဲတဲ့ သမီးတို့ အဲဒီအရွယ်ရောက်ရင် အဲလိုအရွယ်တင်ပါ့မလားတဲ့ အဲဒီတုန်းကပြောတဲ့စကားက နောက်ပိုင်း ကျွန်မကိုတွေ့တိုင်း သူထပ်ထပ်ပြောတယ်...။ ကျွန်မလည်း ကိုယ်နဲ့ခင်မင်ရင်းနှင်းခဲ့တဲ့ ကိုယ့်ထက် ဆယ်နှစ်ကျော်အသက်ကြီးတဲ့ တချို့အစ်မတွေကိုတွေ့ရင် အဲလိုစကားပြောဖြစ်တယ်...။ ကိုယ့်မျက်စိထဲတော့ ရုပ်မပြောင်းသွားကြဘူးဆိုပေမယ့် ဇရာကဇရာပါပဲ အသက်အရွယ်ကြီးရင့်ခြင်းဟာ ကိုယ်နေ့စဉ်ကြည့်နေတဲ့ မှန်ထဲကမမြင်နိုင်ပေမယ့် ကင်မရာကိုတော့ ဘယ်လိုမှမလိမ်နိုင်ပါဘူးလို့စ်.....:P
ကျွန်မဘဝမှာ ကျွန်မနဲ့နာမည်တူတဲ့ မီးမီးတွေနဲ့ သုံးလေးယောက်လောက်ခင်မင်ခဲ့ဖူးတယ်...။ တာချီလိတ်က သူငယ်ချင်းမီးမီးကတော့ ကျွန်မနဲ့ သုံးနှစ်လောက်ငယ်တယ်...။ သူနဲ့မဆုံဖြစ်တာကြာပြီ သူကခု တာချီလိတ်မှာ သဌေးမကြီးဖြစ်နေပြီ...။ နောက် မီးမီးနှစ်ယောက် ကျွန်မခုနှစ်တန်း ရှစ်တန်းတုန်းက ခင်ခဲ့ဖူးတဲ့ ကျွန်မထက်ကြီးတဲ့ အိမ်နီးချင်းအစ်မတွေပါ သူတို့လည်းအိမ်ထောင်ကျပြီး တိုက်တိုက်ဆိုင်ဆိုင် အဲဒီအစ်မနှစ်ယောက်လုံးက မန္တလေးမှာအခြေချနေထိုင်ကြတယ်..။ သူတို့နဲ့ဆိုမတွေ့ဖြစ်တာ နှစ်နှစ်ဆယ်လောက်တောင် ရှိရော့မယ်...။ ခုလောက်ဆို သားသမီးတွေကြီးလို့ ချွေးမတွေ သမက်တွေ ရတော့မယ်ထင်တယ်..။ မမီးနောက်တစ်ယောက်ကိုတေ့ာ့ အပြင်မှာမတွေ့ဖူးပေမယ့် ဘလော့လည်ရင်း ချစ်ခင်ရတဲ့ အစ်မတစ်ယောက်ပါ...။ ကျွန်မတို့လိုပဲ ဘလော့ဂါ ကျိုင်းတုံက မမီးမီးငယ်ပါ..:) ။
ဘာရယ်မဟုတ် ကိုယ်ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက် အိမ်ထောင်ကျတော့မယ်ဆိုလို့ မီးမီးနဲ့ ဆက်စပ်တာလေး အမှတ်ရလေးရေးဖြစ်သွားတာပါ...။
မိုးငွေ့
1 comment:
အိုး...
မီးမီးရယ်...
မီးမီးမရှိလို့တို့နိုင်ငံကြီးတောင်
တိုးတက်မူ့တုန့်ဆိုင်းတာ
အများအသိ..
အော်..လျှပ်စစ်မီးကိုပြောတာ
ရူပ်ကုန်ပြီ...
:D :P
ကိုယ့်မှာလည်းတာလေကလူတွေတွေ့ရင်
ပြောရတာအမော..
တာလေကညီမလေးတယောက်နဲ့ခင်တယ်ဆိုပြီးလေ...
နောက်တခါပြန်ရင်
ညီမလေးကော်ဖီဆိုင်မှာ
(အဲ့အချိန်ဆိုဖွင့်လောက်ပြီနေမှာပါလေ)
တွေ့ကြတာပေါ့...
ညီမလေးကိုယ်တိုင်ဖျော်တိုက်မဲ့
ကော်ဖီလေးသောက်ရင်း..
၂မီးတွေ၎မီးတွေဖွင့်ကြတာပေါ့လေ...
အဟဲ...Merry Christmas to you dear!!!
Post a Comment