ဒီသီချင်းလေးလဲ ကျွန်မနေ့စဉ်ပုံမှန်နားထောင်နေကျ ကျွန်မ iTune ထဲကတစ်ပုဒ်ပဲ...။ အမုန်းများစွာအတွက်က တကယ်တော့ မြေပဲယိုအဖွဲ့ရဲ့ သီးသန့်အယ်လ်ဘမ်ထဲက သီချင်းမဟုတ်ဘူး...။ အဆိုတော်ပေါင်းစုံပါဝင်တဲ့ အမုန်းများစွာအတွက် အယ်လ်ဘမ်ထဲက မြေပဲယိုအဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်...။ အဲဒီတုန်းက အချစ်များစွာအတွက် အမုန်းများစွာအတွက် အနမ်းများစွာအတွက် ဆိုတဲ့ သီချင်းတွေက မိုင်ဖေးဘရိတ်သီချင်းတွေပါ...:) ဒီအမ်တီဗီထဲမှာ သရုပ်ဆောင်တဲ့ ကောင်မလေးက ကျွန်မနဲ့ ညီမတစ်ဝမ်းကွဲတော်ပါတယ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ ညီမအငယ်ဆုံးလေးပါ...။ ခုတော့ အိမ်ထောင်ကျပြီး သားလေးနဲ့သမီးလေးနှစ်ယောက်အမေအဖြစ် နယူးယောက်မှာ နေထိုင်နေပါတယ်...။ ဒီအမ်တီဗီက နှစ်တော်တော်ကြာနေပြီ ဆယ်နှစ်တောင်တော်တော် ကျော်နေလောက်ပြီထင်တယ်..။
မိုးငွေ့
1 comment:
နားဆင်သွားတယ် မိုးငွေ့ရေ ♥♥♥
Post a Comment