သင်္ကြန်စာဆိုလို့ ဟောစာတမ်းလို့မထင်နဲ့ဦး... သင်္ကြန်ပိတ်ရက်အတွက် အလ္လာပ သလ္လာပရေးမယ့်စာ သို့မဟုတ် သင်္ကြန်တွင်းမှာ မုန့်လုပ်စားဖို့ သင်္ကြန်စာ အဲလိုလဲ ယူဆလို့ရပါတယ်...။
သင်္ကြန်ဆိုတာ ကိုယ်နဲ့ဝေးနေခဲ့တာ ဘယ်လောက်ကြာနေပြီလည်း...။ ငယ်စဉ်ကာလကတည်းက ပျော်ခဲ့ပါးခဲ့ပြီးပြီမို့ အတိုင်းတာတစ်ခုထိတော့ သင်္ကြန်ရဲ့ အရသာကို ခံစားဖူးခဲ့ပြီးပြီလေ...။ ရန်ကုန်စရောက်တဲ့ ခုနှစ်တန်းနှစ်ကနေ ကျောင်းပြီးခါနီးထိ သင်္ကြန်ကိုရေပက်ခံထွက် ဒါမှမဟုတ် မဒဏ္ဍ်ထိုင်တဲ့အလုပ်များကိုလုပ်ခဲ့ဖူးသလို... သီလရှင်ဝတ် တရားစခန်းဝင်တဲ့ ကုသိုလ်အလုပ်များကိုလည်း လုပ်ခဲ့ဖူးပြီးပြီ..။ နောက်ပိုင်း အသက်ရလာလေလေ သင်္ကြန်ဟာ ကိုယ်နဲ့ဝေးလာလေလေဖြစ်လာခဲ့တယ်...။ သင်္ကြန်တွင်းဆို အိမ်မှာ မုန့်လုပ်စား အပြည့်အဝအနားယူတယ် သက်သတ်လွတ်စားတယ် အဲဒါတွေကိုပဲ အဓိကလုပ်လာခဲ့တယ်...။ ကြည့်စမ်း ငယ်တုန်းကလိုမလိမ္မာတော့ဘူး တရားစခန်းဝင်ဖို့ ပူတယ်အေးတယ်နဲ့ ချေးများလာတတ်ပြီ...။ အသက်ကြီးလာလေ မိုက်လာလေလေဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်ကိုပြန်စဉ်းစားမိတယ်...။ တကယ်တော့ တရားစခန်းဝင်မှ သီလရှင်ဝတ်မှရယ်မဟုတ်ပါဘူး ဘယ်နေရာရောက်ရောက် လူဆိုတာ စိတ်ထားတတ်မှသာ ကုသိုလ်ကောင်းမှုဖြစ်တာမဟုတ်လား...အဟဲ ဒီလိုပဲ ဖြေလိုက်ပါတယ်...။ တကယ်တော့ ငပျင်းကျနေတာလည်းပါတယ်...။
ပိတ်ရက်လေးမှာ ဘယ်နေ့ဘာလုပ်စားမယ်ဆိုတာ schedule ဆွဲထားပြီးသား ပြီးတော့ ဖတ်စရာစာအုပ်တွေလည်း ရွေးပြီးစုထားပြီးသား... ကြည့်စရာရုပ်ရှင်ကားတွေလည်း ငှားတန်ရှိငှား အဟောင်းထဲက ပြန်ကြည့်ချင်တာများပြန်ရွေးထုတ်တန်သည်ရွေးထုတ်ပေါ့ ပြီးတော့ အသစ်ထွက်တဲ့ ဇာတ်ကားတွေလည်းဝယ်... ပြန်နားထောင်ချင်တဲ့ သီချင်းတွေပြန်ရှာထား အဲလိုပေါ့ အိုးး..ဘာပြောကောင်းလိုက်မလဲ ဇိမ်ကျချက်ပေါ့နော်..။
စာဖတ်သူ သူငယ်ချင်းမောင်နှမများလည်း ပိတ်ရက်ကလေးမှာ ပျော်ရွှင်စွာ အေးအေးလူလူနားနေနိုင်ကြပါစေလို့....။
မိုးငွေ့
2 comments:
Schedule က ဂွတ်လှချည်လား မိုးငွေ့ရေ...
တီတင့်လဲ မိုးငွေ့အသက်အရွယ်က အဲ့လိုပါပဲ...
အခုတော့ သင်္ကြန်အကြိုကနေ နှစ်ဆန်း ၁ရက်နေ့အထိ လင်မယားနှစ်ယောက်လုံး သာသနာ့ဘောင်ဝင်ပြီး ကောင်းမှုကုသိုလ်လေးတွေနဲ့ သံသရာရိက္ခာလေးတွေ စုဆောင်းလိုက်အုံးမယ်ကွယ် ..
မေတ္တာဖြင့်
တီတင့်
အဲလိုလေးဇိမ်ကျချင်သားကွယ်....
Post a Comment