Monday, 3 March 2014

ထိခိုက်ကြေကွဲလွယ်သူ@စိတ်နုသူ.....

 




ခံစားမှုတစ်ခုဆိုတာ လွယ်လွယ်လေးနဲ့အဆုံးသတ်လိုက်လို့ရရိုးလား.....???

ဟိုအရင်ကဆို ကိုယ်ဟာ တစ်ခုခုကို ငြီးငွေ့လွယ် ဖြတ်တောက်လွယ်ခဲ့တယ်...။ ဒါဟာလည်း ရင်နဲ့ နင့်နင့်နဲနဲ မခံစားခဲ့ရလို့ လို့ ကိုယ်တော့ မှတ်ချက်ချချင်တယ်..။ ဒါဖြင့် ခုရော...။ ခုတော့ စိတ်က ပိုပြီးခံစားလွယ်လာတယ်...ပိုနုလာတယ်လို့ဆိုရမလားဘဲ...။

ဟိုခပ်ငယ်ငယ်က ရည်းစားမထားဖူးလို့ ထားကြည့်ဦးမှဟဲ့ ဆိုပြီး သင်တန်းလေးတွေလျှောက်တက်တုန်း ကိုယ့်ကိုလိုက်တဲ့ တစ်ယောက်ကိုရည်စားပြန်ထားဖူးခဲ့တယ်...။ ဘာမှမကြာဘူး တစ်ပတ်ပဲ ပြတ်သွားတယ်..။ ကိုယ်ပဲစဖြတ်လိုက်တာ.....။ အဲတစ်ယောက် မျက်ရည်နဲ့မျက်ခွက်ပေါ့...။ အဲတုန်းက သူ့ခံစားချက်ကိုလည်း ကိုယ်ချင်းစာရကောင်းမှန်းမသိဘူး... နားလည်ပေးရကောင်းမှန်းလည်းမသိခဲ့ပါဘူး...။ စိတ်လိုက်မာန်ပါနဲ့ ဖြတ်ပလိုက်တာပဲ...။ သူနဲ့ရည်းစားစဖြစ်ပြီး တစ်ပတ်လုံးလုံး နဖူးပေါ်လက်တင်ပြီးစဉ်းစားတယ်...။ သူ့ကိုငါတွဲတာ ပျော်ရဲ့လား... စိတ်ချမ်းသာရဲ့လား ငါသူ့ကိုတကယ်ချစ်ကောချစ်ရဲ့လားပေါ့...။ တစ်ပတ်တိတိရက်မှာပဲ သူ ကိုယ့်ကျောင်းကို စက်ဘီးလေးနဲ့ရောက်လာတော့ အတန်းထဲမှာပဲ သူ့ကို သူငယ်ချင်းတွေလိုပဲဆက်နေရအောင်လို့ ကိုယ်စပြောလိုက်တယ်..(အဟဲ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလို့မြင်ယောင်ကြည့်ပါလေ) ဟောဗျာ ကိုယ်တော်က ချက်ချင်းပဲ မျက်ရည်တွေ ရစ်ဝိုင်းအိုင်ထွန်းလာတာ.... သိတယ်မဟုတ်လား ကိုယ်ကလည်း မျက်ရည်ခပ်လွယ်လွယ် သူမျက်ရည်မကျခင် ကိုယ်က တောက်တောက်ကျနေပြီ သူ့ရှေ့မှာ...။ အဲသာ အဖြတ်ခံလိုက်ရသူက ဖြတ်တဲ့သူကို မျက်ရည်ပြန်သုတ်ပေးလိုက်ရတဲ့အဖြစ်ပေါ့...။ ဒါပေမယ့် အဲလို ဇွတ်တရွတ်လုပ်ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာ မဟုတ်ရင် ကိုယ်မကြိုက်နှစ်သက်ဘဲ အားနာနာနဲ့ ဆက်တွဲနေရတာမျိုးနဲ့ကြုံနေမှာ...။ ကိုယ်ပြောချင်တာ အဲအရွယ်တုန်းက စိတ်မြန်တယ် ဖြစ်ချင်တာပဲဇွတ်လုပ်တယ်  တဖက်သားကို ကိုယ်ချင်းစာဖို့ဘာဖို့သိပ်မတွေးတတ်ဘူး..။

ခုကျတော့လဲ ကိုယ့်ကြောင့် တခြားသူဘယ်လိုထိခိုက်ခံစားသွားမလဲဆိုတာကို ဦးစားပေးတွေးတတ်နေပြီ..။ ပိုပြီး ခံစားလွယ်နေပြီ....။ အရင်က ကျောက်သားပြင်လို အေးစက်မာကျောတဲ့ စိတ်က ပန်းပွင့်ဖတ်တွေလို နူးညံ့ပျော့ပျောင်းလာတယ်.....။ အရာရာကို ဦးစားပေးလုပ်ပေးချင်စိတ်တွေများလာတယ်...။ တဖက်သားရဲ့ ခံစားမှုကိုအရင်ကထက် ပိုနားလည်တတ်လာတယ်..။ ခံစားမှုတစ်ခုကို လွယ်လွယ်နဲ့အဆုံးမသတ်နိုင်ဘဲ အချိန်အကြာကြီးအထိသယ်ဆောင်ခံစားတတ်လာတယ်..။ ဒါဟာ တင်ဇာမော်(စွဲလန်းမှုပြဿနာ)ပဲ...။

ကိုယ့်ကိုအပြင်ပန်းကကြည့်ရင်တော့ ဘယ်လိုမှထင်နိုင်မှာမဟုတ်ဘူး...။ ကိုယ်ဟာ မာနကြီးသူ စိတ်ဓါတ်မာကျောသူလို့ပဲ ယေဘူယျကောက်ချက်ချကြလိမ့်မယ်...။

တကယ်တမ်းတော့ ကိုယ်ဟာ ကြေကွဲလွယ်သူတစ်ယောက်ပါလေ....။


မိုးငွေ့

10 comments:

Unknown said...

ကျွန်တော်တို့ လုပ်ငန်းဆိုင်ဟာ ***ရွှေရည် ပြည့်ရမည်။ အလေးချိန် တိကျရမည်။ ဈေးနှုန်းမှန်ကန်ရမည်။*** တခြားလုပ်ငန်းဆိုင်တွေနဲ့မတူ တမူထူခြား ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။ ဝယ်ယူသူတွေ စိတ်တိုင်းကျ ဖြစ်စေဖို့ မြင့်မြတ်သူ ရွှေပန်းတိမ်လုပ်ငန်းမှ တာဝန်ယူ အာမခံချက်ဖြင့် လုပ်ဆောင်ပေးနေပါတယ်။ http://mmtgs.blogspot.com/ နဲ့ https://www.facebook.com/mmtgs တွေမှာ ကျွန်တော်တို့ လုပ်ငန်းအကြောင်း ရှင်းပြထားတာမို့ တက်ရောက် လေ့လာ ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ညီလင်းသစ် said...

ငယ်စဉ်တုန်းမှာတော့ စိတ်မြန်၊ ကိုယ်မြန်နဲ့ ဆုံးဖြတ်၊ လုပ်ကိုင်ကြတာ သဘာဝလိုပါပဲလေ..၊ အသက် အပိုင်းအခြားတစ်ခု ရောက်တဲ့အခါမှာတော့ ခံစား၊ ချင့်ချိန်၊ တွေးဆ ရတာတွေက များလာတယ် မဟုတ်လား..၊ စွဲလမ်းမှု ပြဿနာရဲ့ code name ကိုတော့ သဘောကျသွားပြီ ညီမမိုး...။းဝ)

စံပယ်ချို said...

အရင်က ကျောက်သားပြင်လို အေးစက်မာကျောတဲ့ စိတ်က ပန်းပွင့်ဖတ်တွေလို နူးညံ့ပျော့ပျောင်းလာတယ်-----(အချစ်ကို ခံစားတွေ့မိခြင်း တပိုင်းတစပေါ့)

Iora said...

ကိုယ်လည်းမိုးငွေ့ လိုဘဲ။
မာကျောသလိုလိုနဲ့ သိပ်ပျော့ညံ့တာ။
နှလုံးသားကခံစားလွယ်တယ်။ ကိုယ်ကတော့လေပျော့ညံ့ပြီးခဲ့မှမာကျောသွားတာ။
ငယ်စဉ်ကပေါ့။
အိုင်အိုရာ

Aunty Tint said...

စမ်းသပ်စဉ်ကာလက ခံစားချက်နဲ့ လက်တွေ့ဘ၀ကို အတွေ့အကြုံများစွာနဲ့ လျှောက်လှမ်းလာတဲ့အခါ ရင်ဆိုင်ရတဲ့ ခံစားမှုတွေကွာလာတာထင်ပါရဲ့ မိုးငွေ့ရေ..


မေတ္တာဖြင့်
တီတင့်

Yoemyaykya said...

ကျနော်လဲ ကြေကွဲလွယ်သူပါပဲ။

Han Kyi said...

ငယ်စိတ်နဲ့ လုပ်ခဲ့တဲ့ အလုပ်တွေကို သည်အရွယ်မှာ ပြန်တွေးရင်တော့ ရယ်လည်းရယ်ချင် လွမ်းလည်းလွမ်းမိတာပါပဲ...

အမ်တီအန် said...

ငယ်ရွယ်စဉ်ကာလမှာ စိတ်ကူးစိတ်သန်းတွေ ကောင်းတယ်။ ဆုံးဖြတ်ချက် မြန်ဆန်တယ်။ စိတ်သွားတိုင်းကိုယ်ပါပေါ့။ အသက်တွေ ကြီးရင့်လာတော့ စိတ်အလို ဦးနှောက်က ချွန်းအုပ်ထားခံလိုက်ရပြီ။ ရင့်ကျက်လာလို့ အမှားအယွင်းနည်းသွားနိုင်ပေမယ့် တစ်ခါတစ်ရံ ငယ်ဘ၀ကို အလွမ်းသား။

မောင်သီဟ said...

တိုးတိုးတိတ်တိတ် ခပ်ဆိတ်ဆိတ် လူသူမသိအောင်
ကြေကွဲရခြင်းမျိုးဆိုရင်တော့ တကယ်ကို ကိုယ်ချင်းစာ နာမိပါရဲ့ မမငွက်ရေ.......

ပန်းကဲ့သို့ပျော့ပြောင်းသူအတွက် ကြေကွဲခြင်း ကြေကွဲလွယ်ခြင်း အလျင်းမရှိပါစေနဲ့ဗျား)

Anonymous said...

သူများအတွက်ကို တွေးပေးတတ်တယ်ဆို ကိုယ်ကပဲ ခံစားရတတ်တယ်၊ ဒါပေမယ့် ကိုယ့်ကြောင့်တော့ သူများ မျက်ရည်ပေါက်ကြီးငယ် မကျရတော့ဘူးလေ၊ ဒီမှာတင် ကိုယ့်ရဲ့ ပြောင်းလဲလာမှုက မှန်ကန်မှုလေး တစ်ရပ်ပေါ့ အမရယ်။