အုန်းနို့ခေါက်ဆွဲကို ကိုယ်ဘာသာကိုယ်တစ်ခါဖူးမှမချက်စားဖူးခဲ့သေးဘူး ...။ ဒါပထမဦးဆုံးအကြိမ်ပဲ...။ တကယ်တော့ အုန်းနို့ခေါက်ဆွဲချက်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး ကိုယ့်အကြိုက်ဆုံးအစားစာထဲမှာလည်း သူမပါဘူးလေ..။ ညီအစ်မလိုချစ်ခင်ရသော ညီမတစ်ယောက်ရဲ့အမေအကူညီတောင်းတာကြောင့် ချက်ဖြစ်သွားသော အုန်းနို့ခေါက်ဆွဲဆိုပါတော့...။ ချက်နည်းလေးကို အစ်မတွေလိုခင်ရဲ့ အိမ်နီးနားချင်းက အစ်မရဲ့ ချက်နည်းလေးကို သွားမေးပြီးချက်ထားတာပါ...။ နည်းလေးကိုပြောပြပေးတဲ့ အစ်မကို ဒီနေရာကနေကျးဇူးတင်ပါတယ်...။ ပိတ်ရက်ဆိုတော့ ဆိုဒ်တွေထဲက ချက်နည်းတွေကိုသွား မကြည့်ဖြစ်တော့သလို စာအုပ်လဲမလှန်တော့ဘဲ အစ်မပြောပြတဲ့ နည်းလေးကိုပဲ မှတ်ပြီးချက်လိုက်တာပါ...။ အုန်းနို့ခေါက်ဆွဲချက်ရတာ မုန့်ဟင်းခါးထက်ပိုလွယ်တယ်လို့ထင်ပါတယ် အလုပ်ရှုပ်ပိုသက်သာတယ်လို့ဆိုမလားပဲ...။
လူဆယ့်ငါးယောက်စာအတွက် အုန်းနို့ခေါက်ဆွဲဖတ်ကို တစ်ပိသာခွဲလောက်ဆိုလုံလောက်ပါပြီ...။ အုန်းသီးနှစ်လုံး.. ပဲစိမ်းမှုန့်တစ်ထုပ် အိမ်ချက်မို့ ကြက်အသားရောအရိုးရောနိုင်နိုင်ထည့်ထားပါတယ်...။ ပထမဦးစွာ ခြစ်လာတဲ့ အုန်သီးနှစ်လုံးကို အရည်ညစ်ထားပါတယ် ဦးရေကို တစ်ခွက်သပ်သပ် ဖယ်ထားပါတယ်..။ အိုးကြီးထဲမှာ ရေငါးလီတာထည့်တည်ပြီး မွှေးတံဆိပ်ပဲစိမ်းမှုန့်ကိုရေဖျော်ထားပါတယ် အခဲလေးတွေကျေနေအောင် သေချာလက်နဲ့ဖိချေပေးရတယ်...။ မီးဖိုပေါ်က ရေဆူခါနီးရင် ပဲရည်လေးလောင်းထည့်ပြီး အဆက်မပြတ်မွှေပါလေ...။ ပဲရည်အိုးမမွှေခင် အနှစ်ချက်ဖို့ အဆင်သင့်ပြင်ထားပါတယ်...။ ပဲအိုးမွှေနေချိန်မှာ တခြားဘာမှမလုပ်ရတော့ဘူးလေ...။ ကြက်သားကိုရင်အုံသားနဲ့ပေါင်းသားတစ်ပိုင်း အသားချည်းပဲခွာထားတာကိုခပ်သေးသေး အတုံးလေးတွေလုပ်ထား ကြက်သည်းမြစ်နှစ်စုံကို ရေနွေးလေးခဏဖျောပြီး သူ့ကိုလည်း အတုံးသေးလေး တုံးထားမယ်...။ ကျန်တဲ့ အရိုးတွေ လည်ပင်းခေါင်း ခြေထောက်တွေကိုတော့ ဂျင်းနဲနဲနဲ့ ငံပြာရည်လေးထည့်ပြီး ပြုတ်ထားပါတယ်..။ ကြက်သွန်ဖြူနီဆီမသတ်ခင် ကိုယ်က ယိုးဒယားအုန်းနို့မုန့်ဟင်းခါးချက်နည်းလို အုန်နို့ဦးရည်ကို ဆီအရင်သတ်ပါတယ်...။ ပဲဆီ ဇွန်းကြီးနှစ်ဇွန်းနဲ့ ဦးရေကို အုန်းဆီချက်လေးမဖြစ်ခင်ထိမွှေပြီးမှ ကြက်သွန်ဖြူနီထောင်းထားတာကိုဆီသတ်ပါတယ် ကြက်သွန်တွေနွမ်းပြီးမွှေးလာတော့မှပဲ အရောင်မှုန့်လေးကို လိုချင်တဲ့အရောင်အထိ ထည့်ပြီးကြော်ပါတယ်..။ ဆား ဟင်းခတ်မှုန့်ထည့်ပြီး အသားရေခြောက်ရင်အိုးချထားလိုက်ပါ...။ ပဲရည်အိုးကိုပဲစိမ်းနံ့ပျောက်သွားတဲ့အထိမွှေပြီးပြီဆို ချက်ထားတဲ့အသားတွေထည့်တည် ကျန်တဲ့ အုန်းနို့ရည်တွေထည့် ကြက်ရိုးပြုတ်ရည်နဲ့ အရိုးတွေထည့်ပြီး အုန်းနို့ဟင်း ပွက်ပွက်ဆူလာတဲ့အထိစောင့်ပါ...အရည်ပျစ်နေတယ်ထင်ရင် ရေနွေးထပ်ရောလို့ရပါတယ်...။ ပဲသွေး/ဘဲသွေးကြိုက်ရင်လည်း အတုံးခပ်ကြီးကြီးတုံးပြီး ထည့်နိုင်ပါတယ်...။
ရပြီဆို စားပွဲပြင်ပါမယ်..။ ပန်းကန်စောက်နက်နက်ထဲကို ဂျုံခေါက်ဆွဲ(ကိုယ်ကဂျုံခေါက်ဆွဲကိုမှ ဂျုံနဲ့မလုပ်ဘဲဆန်နဲ့လုပ်ထားတဲ့ အ၀ါရောင်ခေါက်ဆွဲတွေကိုသုံးပါတယ် ဂျုံကဆိုဒါများတော့ လူကြီးတွေအတွက်အဆင်မပြေလို့ပါ) ထည့် အုန်းနို့ဟင်းရည်လောင်းထည့် ကြက်သွန်စိမ်းထည့် မုန့်ကြွပ်ဖြူး ဘဲဥပြုတ်ထည့် ငရုတ်သီးကြိုက်ရင် ငရုတ်သီးမှုန့်လေးထည့်ပြီး အချဉ်လေးညှစ်စားပါ...။ ပထမဦးဆုံးချက်တဲ့ အုန်းနို့ခေါက်ဆွဲပေမယ့် အဆင်ပြေပြေလေးနဲ့ စားကောင်းတယ်လို့ပြောကြတယ်...။ အရည်လေးတော့နဲနဲပျစ်သွားတယ်ထင်တယ် နောက်ဆိုပဲစိမ်းမှုန့်နဲနဲလျှော့ထည့်ရမယ်...။
ဒီအုန်းနို့ခေါက်ဆွဲချက်ဖြစ်တော့မှပဲ ကိုယ်ဘဲဥပြုတ်ကို ကောင်းကောင်းမလှီးတတ်သေးတာရယ် မုန့်ကြွပ်ကြော်တာ မကျွမ်းသေးဘူးဆိုတာရယ် သိသွားခဲ့တယ်...။ အဲဒါလေးတွေကျွမ်း သွားအောင်လေ့ကျင့်ရဦးမယ်...း)။
ဆိတ်ခါးပတ်ကင်ကို ၀တ်ရည်တင်ကတည်းက စားချင်စရာလေးဆိုပြီး လုပ်စားဖြစ်သွားခဲ့တယ်...။ လုပ်ရတာလည်းလွယ်တယ် စားလို့လည်းကောင်းတယ်...။ ကိုယ်ကတော့ ဆိတ်သားကို စီးတီးမတ်ကပဲ ကြိတ်ပြီးသား 200ဂရမ်လောက်ဝယ်ပြီး ၀တ်ရည်ရဲ့ နည်းလေးအတိုင်းလုပ်ထားတာပါ အရမ်းစားကောင်းပါတယ်...။
အစ်မရှဲန်လီခမ်းရဲ့နည်းလေးနဲ့ပေါင်းဖြစ်သွားခဲ့တဲ့ ငှက်ပျောဂျုံပူတင်း
ရှမ်းခေါက်ဆွဲချက်စားဖြစ်တယ် ကောင်းမှကောင်းပဲ လက်ပံပွင့်ခြောက်လေးမပြုတ်လိုက်ရလို့ ထည့်မစားဖြစ်ဘူး
ရှမ်းခေါက်ဆွဲအသားနှစ်လေးပိုလို့ နောက်နေ့ ဂျုံခေါက်ဆွဲနဲ့ဒီလိုသုပ်စားလိုက်တယ်
မိုးငွေ့
11 comments:
ပိတ်ရက်မှာ ချက်စားဖြစ်တာတွေကို ဖွင့်ရက်မှာ သွားရည်ကျသွားပါကြောင်း...း)
ရှမ်းခေါက်ဆွဲဖတ်က ကြီးကြီးပဲရော်...
ဟုတ်တယ် မောင်မိုးသက် အရှေ့ပိုင်းရှမ်းတွေက ညှပ်ခေါက်ဆွဲပဲသုံးတာလေ
အမ.ငှက်ပျောသီးပေါင်းနညီးလေးသိချင်လို့ရေးပေးပါအုံးောန်.......
အလည်လောသွားပါတယ် ခင်မင်လျက်ပါ...
ပူးပူး
sis yay.. banana putin cake loke nee lay yay pay par odd naw...
visit lar thwar par the...
.... love u blog... :)..
puupuu
ညီမလေးရေ လုပ်နည်းလေးကို ငှက်ပျောပူတင်းဆိုတဲ့အပေါ်မှာ ကလစ်လိုက်ရင်ရပြီ
အင် ... နေ့လည်စာမစားခင် ဗိုက်တာနေတဲ့အချိန်လာကြည့်မိတယ်..။ အစားအသောက်တွေအားလုံး မီးအကြိုက်တွေချည်းဖြစ်နေတော့ ပိုဆာသွားပြီ :'(
အားလုံးကြိုက်နေလို့ ဘာစားရမှန်းမသိတော့ဘူးမီးရေ
ဗိုက်တောင်ဆာလာပြီ။
ုခုည၁၀နာ၇ီကျော်နေပြီ။
နောက်လည်းအဲလိုအများကြီးတင်နော်။း)
အိုင်အိုရာ
ညီမမိုးက တကယ်တော်တာပဲ...၊း) အစားအသောက် လေးတွေက ဖွယ်ဖွယ်ရာရာ ရှိရုံမကဘဲ အပြင်အဆင် ကပါ လှလှပပနဲ့ စားချင်စဖွယ်..၊
အုန်းနို့ခေါက်ဆွဲနဲ့ ဆိတ်ခါးပတ်ကင်ကို အထူး သွားရည် ကျသွားပါကြောင်း....။း)
စားစရာတွေ များလှတယ် ... အကြိုက်တွေချည်း စုနေပါပေါ့ ... :)
Post a Comment