အမှန်တကယ်တော့ အဲနေ့က အမေမရှိလို့ဘာဟင်းမှမချက်တာနဲ့ ရေခဲသေတ္တာထဲက ရှိတာလေးထုပ်ပြီး ဟိုရောဒီမွှေနဲ့အစမ်းထွင်ကြော်ထားတဲ့ ဟင်းတစ်ခွက်ပါ...။ မုန်ညှင်းချဉ်က တာချီလိတ်က အဒေါ်အငယ်ပို့ပေးထားတာ...။ ဟင်းချက်တဲ့မုန့်ညှင်းချဉ်တော့မဟုတ်ဘူးဗျ...။ ထမင်းကြော်နဲ့စားဖို့ ရှမ်းခေါက်ဆွဲနဲ့တွဲစားလို့ကောင်းတဲ့ မယ်ဆိုင်ဖက်ကလုပ်တဲ့ ချိုချဉ်ငံစပ်မုန်ညှင်းချဉ်လေးပါ ...။ ၀က်သားကြိတ်သားကလဲရှိနေတော့ မုန်ညှင်းချဉ်နဲ့ကြော်စားဖို့အိုင်ဒီယာရသွားတယ်...။ ခါတိုင်းလိုရိုးစင်းတဲ့ မုန်ညှင်းချဉ်ကြော်မျိုးမလုပ်ဘဲ တခြားဘာထည့်လို့ရမလဲလို့ ကြောင်အိမ်ထဲရှာကြည့်တော့ ပဲကြာဇံတစ်ထုပ်တွေ့တယ်။ ကြာဇံနဲ့ရောကြော်ဖို့သတိရသွားစေတာကတော့ တရုတ်နှစ်ကူးတွေမှာ နောက်ဆုံးလက်ကျန်ဟင်းတွေကိုအကုန်ရောပေါင်းလိုက်တဲ့ ဟင်းပေါင်းကိုပါပဲ...။ ဟင်းပေါင်းကိုစားဖူးသူတိုင်း သိကြမှာပါ...။ အသားမျိုးစုံရဲ့အချိုအရသာ ကျန်မဆိုင်ရဲ့အချဉ်အရသာနဲ့ တည်ပါများလို့ကျသွားတဲ့အရည်ရဲ့အငံဓါတ်ကိုထိန်းဖို့ ပဲကြာဇံလေးထည့်လိုက်တာမျိုးကိုးး...။ ခုကြော်မယ့် မုန်ညှင်းချဉ်ကတော့ အဲဒီဟင်းပေါင်းအရသာနဲ့ခပ်ဆင်ဆင်တူလိမ့်မယ်...။ လိုအပ်တဲ့ အမယ်တွေကို အောက်မှာရေးပြထားပါတယ်...။
မုန်ညှင်းချဉ် တရုတ်ပန်းကန်တစ်လုံစာ(တအားချဉ်မှာစိုးရင်ရေဆေးလို့ရပါတယ်)
ပဲကြာဇံလက်တစ်ဆုပ်စာ(ရေနွေးစိမ်ထား)
ကြွက်နားရွက်မှိုနဲနဲ(ရေနွေးစိမ်ထား)
ကြက်/၀က်သား ကြိတ်သား 200g(ပြောင်းမှုန့် 1tsp ဆားနဲ့ ငရုတ်ကောင်းနယ်ထား)
မုန်လာဥနီအကြီး တစ်ဝက်(မီးခြစ်ဆံချောင်းလိုက်လှီးထား)
ကြက်ဥတစ်လုံး
ကြက်သွန်နီတစ်ဥ (လေးစိပ်စိပ်)
ကြက်သွန်ဖြူ နှစ်မွှာ(ဓါးပြားရိုက်)
ဂျင်းလက်တစ်ဆစ်(အချောင်းလိုက်လှီးထား)
ကြက်သွန်မှိတ်နှစ်ပင်(လက်တစ်ဆစ်အနေဖြတ်ထား)
ဆား အနည်းငယ်
ပဲငံပြာရည်အကြည် (1Tbs)
ကြက်သားမှုန့်(1Tbs)
ဆီဟင်းခတ်ဇွန်းကြီးတစ်ဇွန်းအပူပေးပြီး ကြက်သွန်ဖြူ နီ ဂျင်းကိုဆီသတ်ပါ...။ ရွှေဝါရောင်သန်းလာရင် ဆားထည့် ကြက်သားထည့်ကြော်ပါ...။ အသားကိုရေခြောက်ပြီဆို ဥနီနဲ့မုန်ညှင်းချဉ်ထည့်ကြော်ပါ...။ သုံးမိနစ်လောက်မွှေပေးပြီး ပဲကြာဇံထည့်ကြော်... ကြက်သားမှုန့် ပဲငံပြာရည်အကြည့်ထည့် ..ကြာဇံနူးမှ ကြက်ဥကိုနဲနဲမွှေပြီးလောင်းထည့် ချက်ချင်းအမွှေသေးဘဲ စက္ကန်နှစ်ဆယ်လောက်မှာ အသာမွှေပေးပါ....။ ကြက်ဥနံ့မွှေးဆိမ့်တဲ့အရသာနဲ့ မုန်ညှင်းချဉ်အရသာရောသွားတော့ စားလို့အလွန်တရာကောင်းသော ပုံမှန်ကြော်နေကျ မုန်ညှင်းချဉ်ကြော်နဲ့တူသော ဟင်းတစ်ပွဲကိုရပါပြီရှင်...။
အဟဲ...ဒီဟင်းပွဲလေးလဲ ဘာဟင်းမှမရှိလို့ အိမ်မှာရှိတဲ့အရွက်ကလေးသုပ်စားဖြစ်တဲ့နေ့က ဟင်းပွဲလေးပါပဲ...။ အခါတိုင်းလို့ ဟင်းမရှိရင် ကြက်ဥကြော်စားမယ် ဒါတွေကရိုးနေပြီလေ ...။ ဆိုတော့ စားလို့လဲမြိန် ကြက်ဥလဲပါ ဟင်းရွက်တွေလည်းပါ ချဉ်ငံစပ်လေးတစ်ပွဲနဲ့တင် ကျန်တာဘာဟင်းမှ မလိုတော့ဘူး ပြီးတော့ ညဖက် ထမင်းမစားဘဲ ၀ိတ်လျှော့နေသူတွေ အတွက်လည်း တော်တော်အဆင်ပြေတဲ့ ဟင်းပွဲလေးပါ...။
ပဲကြာဇံလက်တစ်ဆုပ်စာ(ရေနွေးစိမ်)
ကြက်ဥတစ်လုံး(အကျက်ပြုတ်)
ဥနီလုံးကြီးတစ်ဝက်(အချောင်းလိုက်လှီး)
ခရမ်းချဉ်သီးနှစ်လုံး(ပါးပါးလှီး)
ဟင်းနုနွယ်ရွက်(နွင်ပြီးသားတရုတ်ပန်းကန်နှစ်လုံးစာ)
ကြက်သွန်နီဥကြီးတစ်ဥ(ပါးပါးလှီး)
မြေပံဆံဟင်းခတ်ဇွန်းတစ်ဇွန်း(မညက်တညက်ထောင်းပြီးသား)
ငရုတ်သီးမိုးမျှော်သီး ခုနှစ်ထောင့်(ပါးပါးလှီး)
ကြက်သွန်ဖြူဆီချက်(2Tbs)
ပုစွန်ငံပြာရည်(2Tbs)
ကြက်သားမှုန့်(1Tbs)
သံပုရာသီးတစ်လုံး(အရေညှစ်ထား)
ကြက်ဥကလွဲလို့ ကျန်တာအားလုံးကို ဇလုံတစ်ခုထဲထည့်ပြီး ခတ်ဖွဖွနယ်ပေးပါ...။ စားပွဲပန်းကန်ထဲထည့်ပြီးရင် ကြက်ဥကိုအစိပ်ကလေးတွေစိပ်ပြီးအလှဆင်ပါ...။ လွယ်လွယ်လေးပဲ လုပ်စားကြည့်ပါ ဒီတိုင်း သဘောင်္သီးသုပ်တို့လို အသုပ်သဘောမျိုးနဲ့ အခါးရည်ပူပူလေးနဲ့ တွဲစားလဲ သိပ်ကောင်းပါတယ်...။
မိုးငွေ့

6 comments:
အောက်က အသုပ်လေးကြည့်ပြီးစားချင်လိုက်တာနော်
ပို့ပေးပါ ပါဆယ်နဲ့
မရေ...စားချင်လိုက်တာဗျာ...:D
သရေတောင်ကျလာပြီ...တော်တော်စားကောင်းမဲ့ပုံပဲ:)
ရှလွတ်....မဂျီးဂျက်ပြောသလို အိမ်ကိုပို့ပေးလို့
ရမလားဟင် :P
ဂလု ဂလု ...ပုံတွေကြည့်ရင်း....သက်ပျင်းချမိသည်
မြင်သာမြင် မစားရတဲ့ဘ၀ပါလား...ပါဆယ်ပို့ပေးရင်
အရမ်းကောင်းမှာပဲ ။
ဗိုက်ဆာထှာ... :P
မမမိုးငွေ့က တော်တော်စိတ်ရှည်တာပဲ... စားချင်စဖွယ် လုပ်တတ်တယ် :D
ပစ်ပစ်ကတော့ ချက်တာထက်
စားတာပိုကျွမ်းတယ်မကြီးရေ .. :P
Post a Comment