Friday, 8 February 2013

Angel Smile.....





တချို့တွေကတော့ မင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုအဖြစ်သည်းလိုက်တာ ဖွဲ့နွဲ့လိုက်တာလို့ထင်ကြမှာပဲ…..။ အိန်ဂျယ်လို့သတ်မှတ်လို့ရတဲ့ အိန်ဂျယ်ရှိတဲ့လူတိုင်းတော့ ကိုယ့်ခံစားမှုကိုနားလည်လိမ့်မယ်လို့ထင်တယ်…။ 

အိန်ဂျယ်ဆိုတာ ရုပ်ရည်ချောမောစရာမလိုပါဘူး လိမ္မာစရာမလိုပါဘူး အသက်အရွယ်ကွာခြားလွန်းတာကိုလည်း ဂရုစိုက်စရာမလိုပါဘူး…. ။ အိန်ဂျယ်လို့သတ်မှတ်ဖို့လောက်ထိ ကိုယ့်ကိုဆွဲဆောင်နိုင်တဲ့သူဖြစ်ဖို့သာလိုတာပါ…။

အဲဒီအဖြူရောင်အပြုံးပွင့်တွေက ကိုယ်နဲ့ပတ်သက်တော့မှ ပျောက်ဆုံးသွားကုန်ကြသလားဟင်…..။
ကိုယ်ဟာ...တော်တော်မကောင်းတဲ့ မိန်းမတစ်ယောက်ပဲနော်….။ အပြုံးဖြူဖြူတွေကို ညစ်ထေးအောင်လုပ်နိုင်တဲ့ စုန်းမတစ်ယောက်လို့များကိုယ့်ကို နောက်ကွယ်မှာ မင်းကိုယ်တိုင်မဟုတ်ရင်တောင် မင်းအပေါင်းအသင်းတွေက ပြစ်တင်ကဲ့ရဲ့နေတော့မှာ…။
ဟုတ်တယ်…..။ ဖြူစင်တဲ့ အပြုံးတွေကို ထာဝရပျောက်ဆုံးအောင်လုပ်လိုက်မိတဲ့ ကိုယ့်ကို ကံကြမ္မာက ကောင်းကောင်းဒဏ်ခတ်လိုက်ပြီးပြီပဲလေ.။  ဒါကိုပဲ ဘာကိုထပ်ပြီး တောင်းတချင်နေသေးသလဲ….။ ဘာမှပြန်မရနိုင်တော့လောက်အောင် ကိုယ်တိုင်ပဲလုပ်ခဲ့တာလေ….။

ဒါပေမယ့်လေ…သိလား အိန်ဂျယ်…မင်းဆီကကိုယ်ရခဲ့ဖူးတဲ့ နောက်ဆုံးညတုန်းက အပြုံးလက်လက်လေးတစ်ပွင့်ကတော့ ကိုယ်ရင်ထဲခုထိတိုင်စွဲထင်ကျန်နေတုန်းပဲ….။ အဲဒီညတုန်းက ကောင်းကင်က ကြယ်ပွင့်လေးတွေနဲ့အပြိုင် လက်ခနဲလင်းခနဲမင်းရဲ့အပြုံးတွေကို ကိုယ်အမှတ်တမဲ့တွေ့ခဲ့လိုက်ရတာ….။ အိုကွယ် အဲဒီနောက်ဆုံးလက်ဆောင် မင်းအပြုံးတွေကို...ပန်းပွင့်လေးတွေလို…သေတ္တာငယ်လေးတစ်ခုထဲမှာ သိမ်းထားလို့ရရင်သိပ်ကောင်းမှာပဲ… ဒါပေမယ့်လဲလေ………..။

ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာတစ်ခုကို ပြန်လည်တောင်းတရတဲ့ နောင်တမျိုးကို အကြိမ်ကြိမ်ရဖူးခဲ့ပေမယ့်…..မင်းနဲ့ပတ်သက်ပြီး..ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာအားလုံးအတွက်ကို တည်ငြိမ်မှုမဲ့စွာ ကိုယ်ခုချိန်ထိန့်လန့်နေတုန်းပဲ……….။

ဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့အတွေးစလေး ခေါင်းထဲဝင်လာတိုင်း မင်းအပြုံးလေးတွေနဲ့ကိုယ်အစားထိုးပစ်လိုက်စမြဲပဲ….။ လက်တွေ့တကယ်ဖြစ်နေပေမယ့် အတွေးနဲ့တောင်မှ ကိုယ်ရင်မဆိုင်ရဲလောက်တဲ့အဖြစ်…ဒါပေမယ့်လည်း လက်တွေ့ရင်ဆိုင်နေရတာပဲ လတ်တလောတကယ်ကြီးဖြစ်ပျက်နေတာပဲ…. အဲဒါကို ကိုယ်မသိချင်ယောင်ဆောင်ပြီး လက်မခံနိုင်ဖြစ်နေတာ..။



မိုးငွေ့

5 comments:

သဒ္ဓါလှိုင်း said...

ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဆိုတဲ့ အသိမျိုးက ရင်ထဲ စူးစူးနစ်နစ်ရှိလိုက်တာ...
တွေးမိတိုင်း ထိတ်လန့်ရတဲ့ ခံစားမှု........
ချစ်တဲ့
သဒ္ဓါ

မိုးနတ်ကြယ်စင် said...

မရဲ့ အိန်ဂျယ်စာစုလေးတွေက
ဘယ်လောက်ပဲ မကရေးရေး...
ညလေးအတွက်လဲ ဘယ်လောက်ပဲဖတ်ဖတ်
ရိုးမသွားတဲ့ ခေါင်းစဉ်တစ်ခုလိုပဲ...
ဖတ်ပြီးတိုင်း ရင်ထဲ တခုခုတော့ ကျန်ခဲ့မြဲ
အဲဒိအတွက်လဲ မ ကိုကျေးဇူးတင်ပါတယ်ရှင်..
ချစ်တဲ့....မိုးနတ်

Yoemyaykya said...

မမရဲ့ အိန်ဂျယ်စီးရီးက ရင်ထဲကခံစားချက်တွေကို ဖမ်းဆုပ်နိုင်တယ်။

blackroze said...

အိန်ဂျယ်ဆိုတာဘယ်သူလည်း
အရမ်းသိချင်နေပြီမကြီးရေ

မောင်ဘုန်း said...


အိန်ဂျယ်ရှိတဲ့လူတိုင်း ခံစားမိပါတယ် ... ။

ဘယ်တော့မှပြန်မလာတော့ဘူးဆို ပင်မဲ့
အပြုံးလေးတစ်ခု ကို တန်ဖိုးထားနေခဲ့ရတဲ့ အစ်မ အတွက်
တုန့် ပြန်မှု တစ်ခု တော့ တချိန်ချိန်မှာ ရရှိမယ်လို့  ထင်မိတယ် .... ။

ဒီတုန့် ပြန်မှု ဟာ နောင်တတွေ ကင်းမဲ့ပြီ တစ်သက်တာ အေးချမ်း ပျော်ရွှင်မှု တွေဖြစ်ပါစေလို့ 
မောင်ဘုန်း ဆုတောင်းခဲ့ပါ .... ။