ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချက်စားဖြစ်တာလေးပါ...။ မိုးအေးအေးနဲ့ ငရုတ်သီးထောင်းလေး စားချင်နေတာနဲ့... အစပ်နဲ့ အချိုတွဲဆက် ကြက်သားဟင်းချက်လိုက်တယ်...။ ကြက်သားကို အနေတော်လေးတုံး ပဲငံပြာရည်အပျစ် ထမင်းစားဇွန်းမပြည့်တပြည့်ထည့် ကြက်သားမှုန့်နဲ့နယ်ပြီး ခဏနှပ်ထားတုန်း ငရုတ်သီးထောင်းဖို့ ပြင်ဆင်မယ်ကွယ်...။ ငရုတ်သီးမိုးမျှော်သီးအသေးလေးတွေနဲ့ ကြက်သွန်ဖြူကို ဒယ်ထဲထည့်လှော်မယ်... ပြီးရင် ဆုံထဲ ဆားနဲ့ ဟင်းခတ်မှုန့်နဲနဲထည့်ပြီး မညက်တညက်ထောင်း နံနံပင်ပါထည့်ထောင်း ရပြီ...။ ကြက်သားချက်မယ်နော်...။ ဂျင်းနဲ့ နာနတ်ပွင့်ဆီသတ်ပြီး နယ်ထားတဲ့ ကြက်သားပေါ်တင်ထားလိုက်မယ်...။ ဆီထမင်းစားဇွန်းနှစ်ဇွန်းထည့် ပူလာရင် သကြားလက်ဖက်ရည်ဇွန်းနှစ်ဇွန်းထည့် သကြားအရောင်ညိုလာရင် ကြက်သားထည့်လိုက်တော့ မီးလျှော့ပြီး အရည်ခန်းတဲ့အထိမွှေပေးမယ်... ရေခန်းတော့မှ ကြက်သားမြှပ်တဲ့အထိ ရေနွေးထည့်ပြီးတည်ထားမယ်...။ ကြက်သားနူးရင် အာလူးစိပ်လေးတွေထည့်ပြီးငါးမိနစ် ဆယ်မိနစ်လောက်နှပ်ရင်ရပါပြီ...။ ကြက်သားကိုအရည်များများနဲ့ ချက်တာ ထမင်းနဲ့ဆမ်းစားလို့ရအောင်လေ...။
မိုးငွေ့
မိုးငွေ့
11 comments:
မိုးအေးအေးမှာ အလိုက်ဆုံးပါပဲ
စားချင်စရာတွေပဲနော်တ၀ကြီးစားခဲ့ပါတယ်
ကြက်သား အာလူး အချိုချက်နဲ့ လိုက်ဖက်တဲ့ ရှမ်းငရုတ်သီးထောင်း ချက်နည်းလေးဖတ်သွားတယ် မိုးငွေ့ရေ။ တီတင့်ဆီ လမ်းကြုံရင် ဝင်လာခဲ့အုံးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရက်စက်လိုက်တာ။ စားချင်တယ်ဗျိုး။
ချက်တတ်လိုက်တာနော်..
ရှင်းရှင်းလေးဟင်းချက်နည်းဆိုရင်အတုခိုးမယ်။
ခက်ရင်တတ်ဘူးလေ...:P
မမပြောသလို လုပ်စားဦးမယ်... ကန်ဒီက ကြက်သားပဲ အဓိက စားတော့ အဲ့ဒါကိုပဲ အမျိုးမျိုး လုပ်နေရတယ် :D
ဗိုက်ဆာလိုက်တာ...
ငရုပ်သီးထောင်းနဲ့ ကြက်သားအာလူးနဲ့ နယ်စားလိုက်ရရင်တော့း)
ဗိုက်ချာတယ်ဗျို့
အချက်အပြုတ်ကိုသိပ်နားမလည်ပေမယ့် စားဖို့တော့ နားလည်ပါတယ်ဗျ။ အဲဒီရှမ်းငရုတ်သီးထောင်းဆိုတာလေး စားချင်လိုက်တာဗျာ။ မိုးအေးတဲ့အချိန်ဆို ရေနွေးလေးနဲ့ဆို ကောင်းလိုက်မှာ။ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးကို လုပ်ခိုင်းဦးမယ်။ ကျေးဇူး.......။
နေ့လည်စာ ခုမှစားရတာ မမရေ မမဟင်းခွက်လေးကြည့်ရင်း စားနေတာာာ :D
~ Kk ~
ကြက်သားအားလူးချက်ကစားချင်စဖွယ်လေးနော်
အားပေးသွားပါတယ်
အချိုနဲ့ အစပ် မိုးအေးအေးနဲ့  လိုက်ဖက်ပါပေတယ်..
Post a Comment