Monday, 22 December 2014

ဒီဇင်ဘာအလွမ်း.....





ဒီဇင်ဘာရဲ့ မြူနှင်းဖြူလွလွတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဇာပုဝါချထားသလိုပဲ........။

နှင်းပွင့်ဖြူလေးတွေကို မြင်တော့ မင်းကိုသတိရတယ် အိန်ဂျယ်....။ မင်းကတော့ ခရစ္စမတ်ပွဲတော်အတွက် ခုလောက်ဆို အလုပ်တွေရှုပ်နေလောက်ရောပေါ့...။

မနက်ခင်းဟာ ငှက်ကလေးတွေကျီကျီကျာကျာအသံနဲ့ အေးစိမ့်စိမ့်ကလေးနိုးလာရတဲ့ အချိန်မှာ ဒါဟာ ဒီဇင်ဘာမနက်ခင်းတစ်ခုပါလားလို့ အတွေးထဲကို တခဏချင်းဝင်သွားစေခဲ့တာနဲ့  လွမ်းဆွတ်မှုတွေက တရိပ်ရိပ်တက်လာစေခဲ့တယ်.... သူ့ကို ဒီဇင်ဘာအလွမ်းတစ်ခုလို့ ကိုယ်နာမည်ပေးလို့ရလား ဟင်...အိန်ဂျယ်.....။


မိုးငွေ့

2 comments:

Phyu Lwin said...

သေချာတာပေါ့..။ အဲဒါ ဒီဇင်ဘာအလွမ်းပါ :)

Aunty Tint said...

ဒီဇင်ဘာအလွမ်းနဲ့ထပ်တူ လွမ်းသွားပြီ....