နေရောင်ခပ်ဖျော့ဖျော့တွေ ရွှေပဝါပါးတစ်ခုလိုရောက်လာတဲ့အခါ......
နှင်းတွေအရည်ပျော် လေထဲအငွေ့ပျံ ပျောက်ကွယ်သွားကြရတာ သဘာဝတရားပါပဲ.......။
နှင်းတွေဟာ ခါးသက်သလား အိန်ဂျယ်...။
ဒီဆောင်းမှာ နှင်းရဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကောင်းကောင်းခံစားသိမြင်မိသွားခဲ့ပါပြီ.....။ အဖြူရောင်နှင်းပွင့်တွေကို အနီးကပ်သေချာကြည့်မိရင် နှင်းပွင့်ဖတ်တွေဟာ ဆူးတွေလိုပဲချွန်မြထက်ရှပါတယ်....။ အဝေးကကြည့်ရင် ဝါဂွမ်းစိုင်တွေလို နူးညံ့နေလိမ့်မယ်ဆိုတဲ့ အထင်နဲ့ မာယာတွေနဲ့အမြင်ကို လှည့်စားထားတတ်ကြတယ်....။
နှင်းရဲ့မာယာထဲ မူးမိုက်မိန်းမောနေချိန်မှာ... ကိုယ့်ရဲ့အိန်ဂျယ်ဟာ...နွေးထွေးတဲ့ နေခြည်တွေကို ဆောင်ကျဉ်းပေးခဲ့တယ်.....။
ကိုယ်မသိဘဲ ... ကိုယ့်အရိပ်လို လိုက်ပါနေတတ်တဲ့ အိန်ဂျယ်ဟာ.... ကိုယ့်ကိုအမြဲကူညီဖေးမဆဲပါပဲ...။
အေးချမ်းတုန်ခိုက်လှတဲ့ ဒီဆောင်းမှာ မင်းက ကိုယ့်ကို နွေးထွေးမှုတွေနဲ့ နှင်းရဲ့မာယာတွေကို ပျောက်ကွယ်ပျက်သုဉ်းသွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်........။
I love u Angel.... ဒီစကားလုံးတွေဟာ ကိုယ့်အသွေးအသားထဲမှာ အမြဲစီးဆင်းနေကြလိမ့်မယ်...ကိုယ်အသက်ရှင်နေသရွေ့ ကိုယ်အသက်ရှုမရပ်တန့်သရွေ့........။
မိုးငွေ့
3 comments:
Angel လေးသိနိုင်ပါစေကွယ်...
ံHappy New year မိုးငွေ့ ... <3
မေတ္တာဖြင့်
တီတင့်
happy new year ... ပါ ... အစ်မ
နှင်းခါးတို့ရဲ့ ပရိယယ်ကို
အတွေးမကြွယ်တဲ့ နှင်းဆီက
တသသ မြတ်နိုးတယ် ။
တိမ်ကွယ်တဲ့ ကြယ်တစ်စင်း
ိအခု မင်း လင်းခဲ့ပြီ ။
Post a Comment