Thursday, 20 June 2013

အကြည့်......




မီးရောင်ဝါဝါအောက်မှာ.... မျက်နှာကြည်ကြည်လေးနဲ့ မျက်ခုံးနက်နက်အောက်က မင်းအကြည့်တွေက သေနိုင်လောက်တယ်....။

ယောကျာ်းဆို ကိုယ်ကတော့ မျက်ဆံအနက်ရောင်ပိုင်ဆိုင်တဲ့သူကိုပဲနှစ်သက်တယ်...။ အညိုရောင်နဲ့ စိမ်းပြာရောင်ထက် မျက်ဆံအနက်ရောင်က ပိုပြီးတည်ကြည်အင်အားကောင်းသလားလို့...။

ပကတိကြည်စင်သန့်ရှင်းနေတဲ့ မျက်နှာလေးမှာ မင်းအကြည့်တွေက ကြည်လင်လို့ရယ်......။ မင်းကိုမြင်တွေ့ခွင့်ရဖို့အတွက် မင်းပုံလေးတွေကို တင်ထားပေးတဲ့ မင်းသူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ....။ 

မင်းနဲ့ကိုယ်ဟာ unfriend ဆိုပေမယ့် မင်းကို မကြာခဏတော့ သွားချောင်းကြည့်ခွင့်ရပါသေးတယ် အိန်ဂျယ်...။
 
ခုဆို... ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးရောင် ခပ်မှိုင်းမှိုင်းတွေ အုပ်ဆိုင်းလို့... ကိုယ်သိပ်နှစ်သက်တဲ့ အရောင်အောက်မှာ မိုးအေးအေးနဲ့ ကိုယ့်ချစ်တဲ့မင်းနဲ့အတူ ကော်ဖီသောက်ခွင့်ရချင်သေးတယ်....။

မိုးအေးအေးနဲ့ ကိုယ်ဟိုးး...အရင်တုန်းကဖတ်ဖူးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရသွားတယ်...။ မင်းအပေါ်ထားတဲ့ ကိုယ့်ချစ်ခြင်းတွေက ပိုင်ဆိုင်ရယူလိုခြင်း ဘာဆိုဘာမှမပါတဲ့အဖြူသက်သက်ပါ...။

ဝေးသွားတဲ့အခါ.... 
ပိုင်ဆိုင်လိုခြင်းကင်းမဲ့ပေမယ့်
အရာအားလုံးဆုံးရှုံးသွားတဲ့အခါ
ရင်ခွင်မှာလစ်ဟာသွားသလိုပဲ....

ပေးဆပ်ခြင်းနဲ့ချစ်ခဲ့ပေမယ့်
ရုတ်တရက် အရှုံးပေးလိုက်ရတဲ့အခါ..
နှလုံးသားမှာ စည်းချက်မရှိတော့သလိုပဲ.....

မဆုံနိုင်မှန်းလည်းသိပေမယ့်
တကယ်တမ်း ဝေးရတဲ့အခါ
အိပ်မပျော်တဲ့ ညတွေဟာ ပိုမှောင်သွားသလိုပဲ..

ဒဏ်ရာဆိုတာ နာကျင်မှန်းသိခဲ့ပေမယ့်
ကိုယ်တိုင်ရင်ဆိုင်လိုက်ရတဲ့အခါ
အလွမ်းတွေဟာ သိပ်ခါးသွားသလိုပဲ....။     ။ (အမည်မသိကဗျာဆရာ)


မိုးငွေ့

5 comments:

သိင်္ဂါကျော် said...


I like it..

မိုးနတ်ကြယ်စင် said...

ပို့စ်လေးလဲ ကောင်းတယ်...
ကဗျာလေးကလဲ မိုက်တယ် ...
လွှတ်ကြိုက်စ် :)))

မိုးသက် said...

ကျွန်တော်က လည်း အင်ဗက်စတီဂိတ်တာဝါသနာပါတယ်နော်..
အိန်ဂျယ်ဘူလဲ ရှာချင်နေပီ.. မကြီးမိုးငွေ့.. :))

Han Kyi said...

ဦးဟန်ကြည်သာ ပျင်းကြောထပြီး အီလေးဆွဲနေတာနဲ့ ပို့စ်သိပ်မတင်ဖြစ်တာ အိန်ဂျယ်ကတော့ ချီတက်ဆဲပဲကိုး...

ကဗျာလေးလှပါ့ဗျာ...အိန်ဂျယ်စာစုများကို စာအုပ်ထုတ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်...အန်တီတင့်နဲ့ တိုင်ပင်ရင်ကောင်းမလားး)

နွေတေးရှင် (မင်းဧရာ) said...

မမိုးငွေ့ရဲ့ အိန်ဂျယ် အက်ဆေး တွေကတော့
အမြဲထိထိ ရှရှပါပဲဗျာ...။

အောက်က ကဗျာ လေးကလည်း
တိတိပပ ထိထိရှရှကို ကို
ကိုင်လှုပ်သွားနိုင်စွမ်းရှိ လေရဲ့ ။