တလောက စိတ်ကူးလေးရပြီး ကိုယ်ချက်ပြုတ်ထားတဲ့ ဟင်းပွဲလေးတွေအတွက် ဘလော့အသစ်တစ်ခုလုပ်မယ်ပေါ့...။ လုပ်လဲလုပ်လိုက်ပါသေးတယ်...။ ကိုယ့်စာဖတ်သူလည်းဖြစ်တဲ့ ကြိုကြားကြိုကြား ကဗျာလေးတွေတင်တဲ့ ဘလော့ဂါညီမလေးတစ်ယောက်က မေးလ်အသစ်ဖွင့်တာရော ဘလော့တမ်းပလိတ်ရှာတာကအစ လုပ်ပေးခဲ့ပါတယ်...။ အဲဒီအချိန်လေးမှာ စိတ်ဓါတ်နဲနဲကျနေတာလဲပါတယ်...။ တခါတခါအဲလိုပဲ ကိုယ်ရေးတဲ့စာတွေပြန်ဖတ်ပြီး...။ ဒီလိုစာမျိုးကိုတော့ ငါမရေးသင့်တော့ဘူး...။ ငါဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ အနုအရွတွေကို မရေးတော့ဘူးလို့ စိတ်ကူးမိတယ်..။ ဒါပေမယ့်လည်း ဒီရောဂါဆိုတာ Anti Virus ဆေးရှိတာမှမဟုတ်တာ...။ ဆိုတော့ ဟိုဟာလည်းမလွတ်ချင် ဒီဟာလည်းလုပ်ချင် အဲလိုဖြစ်နေတယ်...။
တကယ်တမ်းကျတော့ ကိုယ်ကလုပ်ချင်တာပဲရှိတာ ပြန်စဉ်းစားကြည့်တော့အဆင်မပြေနိုင်ဘူး...။ အခုဒီဘလော့တစ်ခုထဲတောင်မှ အလုပ်လုပ်နေရင်းက အချိန်လုတင်နေရတာမဟုတ်လား...။ ကူညီပေးတဲ့ ညီမလေးကပြောပါတယ် အစ်မက ဘလော့နှစ်ခုခွသုံးမလို့လားတဲ့..။ ဟုတ်တယ်...ခုလက်ရှိသုံးနေတဲ့ ဘလော့အတွက်က ကိုယ်အလုပ်ကိစ္စအတွက်ရော တခြား ပြင်ပသူငယ်ချင်း ဘလော့သူငယ်ချင်းတွေရှိတဲ့ မေးလ်နဲ့သုံးနေတာဆိုတော့ နောက်တစ်ခုသုံးရင် ဒီတစ်ခုကို ပိတ်လိုက်ရမယ်။ အဓိက ကအလုပ်လုပ်နေတဲ့ မေးလ်မို့လို့ ခဏခဏ ဆိုင်းအောက်ဖို့အဆင်မပြေဘူး...။
အမှန်တော့ ကိုယ်က မေတစ်ရက်နေ့ကိုတောင် အဲဒီဘလော့အသစ်ကလေးကိုဖွင့်ဖို့လုပ်ထားတာ...။ ဒီအတိုင်းဆို မဖြစ်ဘူး တော်ပြီမဖွင့်တာပဲကောင်းတယ်လို့ ဆုံးဖြတ်လိုက်တယ်...။ ဘလော့တစ်ခုထဲကိုတောင် မရောက်ဖြစ်လို့ ဖုန်တက်ခံပြီး ပစ်ထားတဲ့သူတွေအများကြီးကြားမှာ ကိုယ်တစ်ယောက်တည်း အားအားနဲ့ နှစ်ခုတောင်ဖွင့်မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ....။ ကိုယ်က ကိုယ့်ချက်တဲ့ ဟင်းအမယ်လေးတွေကို ပြန်ရှာကြည့်လို့ အဆင်ပြေအောင်လေဘယ်လေးတွေ ခွဲပြထားချင်တာပါ...။ ဒါကြောင့် အသစ်မဖွင့်တော့ဘဲ မိုးငွေ့ဘလော့မှာပဲ မလိုအပ်တဲ့ အရေးသိပ်မကြီးတဲ့ လေဘယ်တွေကိုဖြုတ်ပစ်ပြီး... Simply Coral's Kitchen ခေါင်းစည်းလေးဘေးမှာ ဟင်းအမယ်တွေကိုခွဲလိုက်မယ်ပေါ့...။ အဲလိုအကြံရသွားလို့ ဒီစာလေးရေးဖြစ်သွားတာပါ... အားလုံးကိုလည်း သိစေချင်တဲ့သဘောနဲ့ ကြော်ငြာလိုက်တာပါ...။
ယနေ့ထိတိုင် ကိုယ့်ရေးတဲ့စာ ကိုယ်တင်တဲ့ပို့စ်တွေကို အစဉ်မပြတ်လာရောက်ဖတ်ရှုအားပေးသူ သူငယ်ချင်းအားလုံးကို ကျေးဇူးအကြီးကြီးပါလို့ပြောချင်ပါတယ်...။
မိုးငွေ့
8 comments:
Blog နောက်တခု ခွဲမဲ့အစား တခုထဲမှာပဲ Label လေးတွေ ခွဲတင်ပါ ညီမ... ဒါမှလည်း Blog ရဲ့ အနှစ်သာရ ပို ပေါ်လွင်မှာပေါ့... Blogger ဆိုတာ စာရေးတာ တခုတည်းမှ မဟုတ်တာ... အွန်လိုင်း ဒိုင်ယာရီလေးလို ဟိုဟာ ဒီဟာ စုံပလုံစိနေအောင် ရေးရတာ ပိုပျော်စရာကောင်းပါတယ်...း-)
ကျေးဇူးအကြီးကြီးတင်ရင် ကော်ဖီတိုက်ပေါ့ဗျာ....ငိငိငိငိ
ပန်လာရင်တိုက်မှာပေါ့ အူးလေးကလဲ ဘိုဖစ်...:P
စာလုံးပေါင်းမှားသွားလို့  ကော်မန့် အသစ်တခု ထပ်ရေးထားတာ တက်မလာဘူးးး အဟီးးးး
စာလုံးပေါင်းမှားသွားလို့  ကော်မန့် အသစ်တခု ထပ်ရေးထားတာ တက်မလာဘူးးး အဟီးးးး
Ma, cool idea and cute blog template :)
အားပေးလျှက်ပါ အမမိုးငွေ့ :)
Post a Comment