
တိမ်ဗလာတွေနဲ့ကောင်းကင်ကို ကိုယ့်မမော့ကြည့်ဖြစ်တာကြာပြီ……။
တိမ်တွေငိုမယ့်အချိန်တွေကိုကိုယ်အကြာကြီးစောင့်ရဦးမှာလေ……။
ကြည်လင်တဲ့ အပြာနုရောင်မိုးသားကောင်းကင်မှာ လွတ်လပ်စွာပျံဝဲနေကြတဲ့ ငှက်ကလေးတွေကိုကြည့်ရင်း ကိုယ်အားမကျမိဘူး….။ လူတကာပေါပေါလောလော ကားရောင်စုံတွေကိုအခန့်ထည်စီးနေကြတာကိုလဲ ကိုယ်အားမကျမိဘူး….။ လူတိုင်းနဲ့တသားထဲတိုးကျိတ်သွားလာရတာကိုပိုကြိုက်မိတယ်…။ ကိုယ့်ဘဝအတွက် အဆင်ပြေမယ့်နည်းလမ်းကိုရွေးချယ်ရင်းနဲ့ မသိစိတ်က မင်းကိုလိုက်ရှာကြည့်နေမိတယ်…။
မင်းဘယ်ဆီမှာလဲကွယ်…………
ဆောင်းမပီတာကြာခဲ့ပြီဖြစ်တဲ့ကိုယ်တို့ဆီမှာ….ကိုယ့်ရဲ့နွေဦးလည်းဘာလိုလိုနဲ့နီးလာခဲ့ပြီပေါ့….။ မီးပွိုင့်မှာဘတ်စ်ကားမိတော့ လမ်းဘေးအပင်ကြီးကြီးတစ်ပင်ဆီကဥသြသံကိုကြားရတယ်…….။ ဥသြဆိုတာနွေမှာမှတွန်တတ်တဲ့ငှက်လေ…။ ဆောင်းအလည်ကြီးမှာ ဥသြတွန်သံကြားရတော့…နွေကိုသတိရမိသွားတယ်…..။
သစ်ရွက်ခြောက်တွေတကျွတ်ကျွတ်နဲ့မြည်အောင်နင်းလျှောက်ရတဲ့ ဒီလိုရာသီမျိုး… မီးခိုးနံ့တချို့ကိုရှူရှိုက်ရင်း ခြေထောက်တွေဖုန်တလူးလူးနဲ့….အသားအရေတွေ
နှုတ်ခမ်းတွေပါ စိတ်နဲ့အတူညှိုးနွမ်းခြောက်ကပ်အက်ကွဲလို့…။
အနွေးထည်ခပ်ပါးပါးလည်း ကိုယ်ပေါ်မှာ မနက်ပိုင်းနာရီပိုင်းကလေးပဲ နွေးထွေးမှုပေးနိုင်ခဲ့တဲ့ဆောင်း….။
ညနေနေဝင်ရီတရောတွေမှာ ခပ်အေးအေးလေတွေနဲ့ ဆောင်းအသက်ကိုလှစ်ပြရုံပြခဲ့တဲ့ဆောင်း……။
နှင်းပွင့်တွေ မြူခိုးတွေပုန်းနေတဲ့…ဆောင်း…။ ကော်ဖီနွေးနွေးတစ်ခွက်ကို ဇိမ်ပြေနပြေသောက်ရင်း….မပီပြင်တဲ့ဆောင်းကိုနားမလည်စွာငေးကြည့်ရင်း…….။
မိုးငွေ့
7 comments:
မလေးမှာတော့ တကယ်အဲလိုပဲခံစားရတယ်
အီကွေတာရာသီမို့ထင်ပါတယ်
ဆောင်းဆိုတာဘာမှန်းမသိလိုက်ဘူး
ဘာဆောင်းမှ မရှိတဲ့ ဟောဒီကျွန်းပိစိလေးက လူတွေညီး
ဖို့လည်း ထားပါဦးဗျ..... :))))
နှင်းငွေ့တွေ ဝေနေတဲ့ ပုံလေးက လွမ်းစရာလေး
မမိုးရဲ့ စာလေးတွေကလည်း လွမ်းချင်စရာလေး
ဒီကဆောင်းကတော့ အေးလွန်းလို့ နေ့ခင်းတောင် စောင်လေးခြုံပြီး ကွန်ပျူတာရှေ့ ငုတ်တုတ်း)
မရဲ့ မပီပြင်တဲ့ ဆောင်းလေးကို ညလေးလဲအတူ
ခံစားသွားကြောင်းပါ...:)
ကောင်းသောညပါ မ
ချစ်တဲ့...မိုးနတ်
ဒီမှာ ဆောင်းပီပြင်ချက်ကတော့ ပြောမနေနဲ့ အစ်မရေ... အေးလွန်းလို့ တခါတခါ အိပ်လို့ တောင် မပျော်ဖြစ်ရတယ်...
မြန်မာနိုင်ငံက ဆောင်းရာသီမပီပြင်တာကြာခဲ့ပြီနော်.. နှမြောဖို့ကောင်းတယ်. ရာသီဥတုတွေပြောင်းလဲဖောက်ပြန်နေလိုက်တာများ..။
ခင်တဲ့ Snow
လွမ်းစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်မိတယ် သူငယ်ချင်း.. ဒီလိုမြင်ကွင်းမျိုးကို မြင်ရင် ဘာရယ်မသိဘူး တော်တော်လေးကို လွမ်းမိတယ် .. ဘယ်ကိုလွမ်းလို့ ဘာကိုလွမ်းမှန်လည်းမသိဘူး ..
Post a Comment