Tuesday, 29 May 2012

ကဗျာမဆန်တဲ့ ကဗျာဆရာ…..




ကျမလက်ဆောင်ပေးတဲ့ ပင်နီအကျီၤကိုသူဝတ်ထားပါတယ်…
ဆံပင်တွေက ထိုးထိုးထောင်ထောင်
နှုတ်ခမ်းမွှေးစစကို ရိတ်မထားဘူး
နေဒဏ်လေဒဏ်ကြောင့် အသားအရေက ညိုညစ်ညစ်
လက်ထဲမှာ ပန်းစည်းမပါဘူး
ကိုင်နေကျ ကင်မရာတစ်လုံးပဲပါတယ်
ထုံးစံအတိုင်း ကျမဘုရားရှိခိုးနေတဲ့ပုံလေးကို လှမ်းရိုက်ထားတယ်
ဆီမီးထွန်းပါလား ဓါတ်ပုံရိုက်ချင်လို့ပါတဲ့
အို…ကျမက သူ့မောဒယ်လ်ဖြစ်နေပြီလား
လေတွေအားကြီးတိုက်လို့ ဆီမီးထွန်းရတာမလွယ်ဘူး
သူ့ကင်မရာကို ကျမကိုင်ထားတယ်
သူကိုယ်တိုင်လေတိုက်နေတဲ့ကြားက
ဆီမီးဆယ်ခွက်ထွန်းညှိဖြစ်လိုက်တယ်…
ဒီတော့ ကျမဆီမီးထွန်းတဲ့ပုံ သူမရိုက်လိုက်ရဘူး…း)
ကျမသူ့ကိုထိုင်စောင့်နေကျ ကြာသပတေးဒေါင့်ရှေ့က အုတ်ခုံလေးမှာ ကျမတို့အတူထိုင်ဖြစ်တယ်…
သူ့ကင်မရာထဲကပုံတွေကို ကြည့်တယ်…
ဘုရားလှေကားကနေအတူဆင်းလာခဲ့ကြတယ်…
ကျမက အလာကတည်းက ဖိနပ်စီးမလာဘူး ခြေဗလာနဲ့လို့ပြောတော့
သူမျက်လုံးပြူးပြီးလှည့်ကြည့်တယ်…..
မဟုတ်ပါဘူး ပန်းဆိုင်မှာထားခဲ့တယ်မဟုတ်လားတဲ့…..။
ဘုရားကနေ ကော်ဖီဆိုင်လေးဆီကို လမ်းလျှောက်ကြတယ်
တော်တော်လှမ်းပေမယ့် လမ်းလျှောက်ရင်း စကားပြောကြမယ်လေ…
ကျမလက်ကို သူတွဲမလျှောက်ပါဘူး…(မိုးငွေ့စိတ်ကူးယဉ်ပြီးရေးထားတဲ့စာထဲကလို)
ကော်ဖီဆိုင်လေးမှာ… သစ်ပင်တစ်ပင်နားက နေရာလေးကို ရွေးထိုင်လိုက်ကြတယ်
ကင်မရာလေးထုတ်ပြီး မြေမှာကပ်ပေါက်နေတဲ့ ဂမုန်းရွက်လိုလိုအရွက်ကို ကင်မရာနဲ့ရိုက်နေတယ်….
ကော်ဖီဆိုင်လေးကို အုပ်မိုးထားတဲ့ ကုက္ကိုပင်ကြီးကို ရိုက်တယ်…။
ဟိုအကြောင်းဒီအကြောင်းတွေပြောကြတယ်…..
သူ့မျက်လုံးတွေထဲမှာ ကဗျာဆန်တာဘာမှမတွေ့ရဘူး…
လျှပ်စီးတွေလက်တယ် မိုးတွေထစ်ချုန်းတယ်…လေးပြင်းတွေတိုက်ခတ်တယ်…။
မိုးလေးတစ်ပေါက်နှစ်ပေါက်ရွာချလာတယ်..။
ကျမတို့ အိမ်ပြန်ဖို့ပြင်ကြတယ်…..
အငှားကားလေးကိုတားလိုက်တယ်…
ကားပေါ်မှာ ကျမကို သူလက်ဆောင်လေးနှစ်ခုထုတ်ပေးတယ်
ဂျပန်ကြောင်ရုပ်နဲ့သော့ချိပ်ကလေးရယ် ကြောင်ရုပ်လေးပါတဲ့ မှန်ကလေးရယ်…
တော်တော် ကဗျာမဆန်တဲ့ ကဗျာဆရာ…..
တကယ်ဆို…..
ကျမကို သူ့လက်ရေးလေးနဲ့
စက္ကူစုတ်လေးပေါ်မှာ ကဗျာတစ်ပုဒ်ဖြစ်ဖြစ် ရေးပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲ…
ခုတော့………….ဟင့်
ဂွတ်နိုက်……….
နက်ဖြန်လေယာဉ်ကွင်းအစောကြီးဆင်းရမယ်မဟုတ်လား..
ကောင်းသောခရီးဖြစ်ပါစေ…..။


မိုးငွေ့



12 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာဆရာက မိုးငွေ့အတွက် ကဗျာတွေ ရင်ထဲမှာ အပြည့်ရှိမှာပါ။လက်ရေးနဲ့ မရေးပေမယ့် နှလုံးသွေးနဲ့တော့ရေးပြီလောက်ရောပေါ့။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ရင်ထဲက ကဗျာတွေ စာရွက်ပေါ်မှာ ချရေးရလောက်အောင် စကားလုံးတွေ စာလုံးတွေ ရှာမတွေ့လို့နေမယ်..

မြသွေးနီ said...

လက်စသတ်တော့ စာရွက်ပေါ် ကဗျာဆရာ ချမရေးသွားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရတာပါလား..

Candy said...

ကဗျာဆရာက ကဗျာမဆန်တော့ မမကပဲ ကဗျာလိုလို စာလေးတပုဒ်ဖန်တီးလိုက်တယ် ဆိုပါတော့ :D

စံပယ်ချို said...

တခါတလေ ရင်ဘတ်ထဲကခံစားချက်တွေ
လက်ရးနဲ့ရေးလိုက်ရင်ပေါ့သွားတတ်တယ်လေ

သဒ္ဓါလှိုင်း said...

ကဗျာမဆန်တဲ့ ကဗျာဆရာရဲ့
နှလုံးသားထဲမှာလည်း ကဗျာတွေအပြည့်ရှိနေမှာပါ။
ချစ်တဲ့
သဒ္ဓါ

လင်းခေတ်ဒီနို said...

ကဗျာဆရာဟာ သူ့ရဲ့စိတ်ကို သော့ချိတ်လေးမှာ ချိတ်ပေးလိုက်တယ် . . တခါတရံ မပြောပဲ ထားလိုက်တဲ့စကားလုံးတွေဟာ ပြောလိုက်တာထက်ကို နက်ရှိုင်းတယ် . . . ကဗျာဆရာဟာ သော့ချိတ်ကလေးက ကြောင်ရုပ်ကလေး ဖြစ်ချင်နေမှာပေါ့ . . . သူဟာ မင်းအနားမှာ အမြဲနေချင်သူမို့ပဲလေ . .
ကဗျာဆရာဟာမှန်ကလေးမှာပါတဲ့ ကြောင်ရုပ်လေး ဖြစ်ချင်နေမှာပေါ့ . . . သူဟာ မင်း မျက်နှာရှေ့တည့်တည့်ကနေ မင်းကို အမြဲ ထာဝရ ကြည့်ချင်နေသူမို့ပဲလေ . .
ကဗျာဆရာဟာ ကဗျာနှလုံးသားနဲ့ မင်းကို ချစ်တတ်ခဲ့သူပေါ့


ခင်မင်စွာဖြင့်
မောင်ငယ် ဗညားရှိန် . . .
စကားချပ် ။ ။ ငါ့အစ်မရဲ့ ကဗျာဆိုသူကိုတော့ တွေ့ဖူးချင်ပါရဲ့း)))) ပြန်လာရင် လာကို ကြည့်ဦးမှာ . . . ပြန်လာရင် ကော်ဖီတိုက် ဒါပဲ . . .း))

Anonymous said...

အင်း..ကဗျာမဆန်တဲ့ ကဗျာဆရာက ကဗျာတစ်ပုဒ်ကို လှလှပပလေး ရေးသွားတာကိုးးးးးးးး :)

Anonymous said...

အင်း ကဗျာမဆန်တဲ့ ကဗျာဆရာက လှပသေသပ်တဲ့ ကဗျာ ၁ ပုဒ်ကို ဖန်တီးသွားတာကိုး.......
:)

blackroze said...

ကြောင်ရုပ်လေးဘယ်သူပေးသွားလည်း
ဆိုတာသိလိုက်ရပြီ..
တခါတလေ ကဗျာရေးမပေးပေမဲ့
ကဗျာဖြစ်သွားတာတွေအများကြီးဘဲအမရ
အခုလိုပေါ့လေ...

San San Htun said...

ကဗျာမဆန်တဲ့ ကဗျာဆရာအတွက် မမိုးက ကဗျာဆန်လိုက်တာပေါ့လေ..:)

မိုးခါး said...

ဟွန်း
ဒေါက် ဆိုပြီး ခေါက်ပလိုက် :P