ရာသီဥတုက ပူလိုက်အေးလိုက် မိုးတွေရွာချင်ရွာချလိုက်နဲ့...ဒီလိုပဲ လမ်းတွေက ကွေ့လိုက်ကောက်လိုက် ကြမ်းလိုက် ဖြောင့်စင်းလိုက်နဲ့ သူ့ဘဝနဲ့ ခပ်ဆင်ဆင်တူတယ်လို့တွေးမိသွားတယ်...။
သူပြန်ရောက်ကတည်းက ဦးတည်ရာမဲ့ လေလွင့်နေခဲ့တာ....။ လုပ်ချင်တာလုပ်တယ် သွားချင်တာ သွားပစ်လိုက်တယ်...။ ပင်ပန်းခဲ့သမျှ လူရော စိတ်ပါ လွှတ်ချလိုက်တာ.......။
တောင်စဉ်တောင်တန်းတွေ သစ်ပင်ပန်းမံတွေ ရေမြေတွေကတော့ အရင်အတိုင်း မပြောင်းမလဲတည်နေဆဲ.....။ ဒီလမ်းတွေ ဒီမြေတွေကို သူပြန်နင်းခွင့်ရတာ.....ဒီမိသားစု မောင်နှမတွေနဲ့ သူပြန်ဆုံခွင့်ရတာကိုပဲ ဝမ်းသာမိပါတယ်....။ တဆက်တည်းမှာလဲ မရေရာတဲ့ အတွေးစတွေက အနာဂတ်အတွက် ပြင်ဆင်မှုတွေကို တွန်းထိုး ခိုင်းစေနေပြန်တယ်...။
ဒီကြားထဲ ခပ်နွေးနွေးဖြစ်နေဆဲ နှလုံးသားလေးကလဲ.... အလွမ်းတွေကို အုံဖွဲ့စုစည်းထားသေးတယ်....။ သူ့ကို ပြုစားသွားတဲ့ ကဝေပျိုမကို ပြန်မြင်ယောင်ပြီး ပြုံးမိသွားသေး...။ သူ့ဘယ်ဖက်အိပ်ကပ်ထဲမှာ ကဗျာတွေ ခမ်းခြောက်နေတာကြာပေါ့...။ ကဝေပျိုမကတော့ သူကို ကဗျာလေးတွေပေးပါလို့ အိပ်မက်ထဲ မကြာခဏလာလာပြီး လက်ဖြန့်တောင်းတတ်လွန်းလို့ သူလည်း အားနာလာပြီ....။
အမှန်တော့ သူပြန်ရောက်လာခြင်းက ရှေ့ဆက်ဖို့ ခရီးကို တထောက်ဝင်နားခြင်းသာဖြစ်ကြောင်း သူသဘောပေါက်တယ်..။ မွေးဖွားလာတာနဲ့တပြိုင်နက်လူတွေဟာ ဘဝရဲ့နေဝင်ချိန်ဆီကို ခရီးနှင်နေကြရတာ...။
မကြာခင် လာလမ်းအတိုင်းသူပြန်သွားရတော့မယ်....။ ဒီတစ်ခါတော့ ပင်လယ်ပြာကြီးက သူ့ကိုခေါ်သွားပါရစေတဲ့။ သူခေါင်းညိတ်လိုက်မိတယ်...။ သူ့အတွက် အတွေ့အကြုံသစ်ရတာပေါ့...။ လတ်ဆတ်တဲ့ စိမ်းပြာရောင်ပင်လယ်ပြင်ကြီးကို ဖြတ်တိုက်လာမယ့် လေတွေကိုသူရှူရှိုက်ရဦးမယ်...။
တောအုပ်စိမ်းစိမ်းတွေကိုလဲ သူဖြတ်ကျော်ရဦးမယ်...။ ကြမ်းတမ်းတဲ့ ခရီးကို သူနှင်ရဦးမယ်...။
ဟိုင်းးး....
မြို့ကလေးကို စတွေ့တာနဲ့ လက်ပြနှုတ်ဆက်ရမယ်...။ သူရင်ခုန်နေမိမှာသေချာတယ်.....။ သူ့အိပ်မက်တွေကို အသက်သွင်းပေးမယ့်နေရာလေးတစ်ခုလို့ သူယုံကြည်ပြီး ပြန်လာခဲ့ခြင်းပါ....။ အလုပ်သစ်ကလေးမှာ အဆင်ပြေချောမွေ့ပါစေလို့ သူဆုတောင်းရင်း မြို့ကလေးထဲကို ဘောင်းဘီအိပ်လေးနှိုက်ပြီး လွယ်အိတ်တစ်လုံးနဲ့ ခပ်ကြွားကြွားလေးဝင်သွားလိုက်မယ်....။ ပြီးတော့.....လေလိုင်းကတဆင့် သူ့ရဲ့ ကဝေပျိုမကို ပြန်ဆုံရတော့မှာကို ကြိုတင်တွေးဆရင်း ဘယ်ဖက်ရင်အုံကို ယောင်ရမ်းပြီး လက်နဲ့ ဖိမိမယ်ထင်ပါရဲ့....။
မိုးငွေ့
13 comments:
ကဝေပျိုအတွက် ဘယ်ဘက်ရင်အုံက ခံစားသမျှ ချပြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်
ကဝေမလေးလည်း ကဗျာဆရာရဲ့အသံကို လေလှိုင်းထဲက ရုတ်တရက်များ ကြားလိုက်ရရင် ဘယ်လိုများနေမလဲ..
သူအလိုလိုသိမယ်ဆိုတာ ကျွန်တော်အလိုလိုသိနေတယ်.။
ဖမ်းစားနိုင်လွန်းတဲ့ ကဝေပျိုမအတွက် သူ ကဗျာတွေပျိုးနိုင်ပါစေလေ
ကဝေပျိုမတဲ့လား..
ညွှန်းတက်လိုက်တာ မိုးငွေ့ရေ..
ရင်ဘတ်ထဲက စာသားလေးတွေကို နှလုံးသားခံစားသွားတယ်..
ခင်တဲ့
အိမ်မက်
ရာသီဥတု ကလဲပူလိုက်အေးလိုက်
နှလုံးသားထဲမှာလဲ လွမ်းလိုက် ဆွေးလိုက်နဲ့
ကဗျာဆရာ ဘယ်များသွားလိုကတယ်မသိ သများကိုလဲ
နုတ်မဆက်ဘူး------
ခံစားချက်တွေနဲ့ နက်နဲတဲ့ စာတွေနော်.. တွေးစရာလေးတွေ :D
ကဝေပျို၏နိဒါန်း.. :)
ကဝေပျို၏နိဒါန်း.. :)
သူရင်တွေသိပ်ခုန်နေမှာ :)
ကဝေပျိုမလေးကလည်း မျှော်နေမယ်ထင်ပါရဲ့. ဘယ်ဘက်ရင်အုံထဲကလာမယ့် စကားသံလေးတွေလည်း ကဝေပျိုလေးအတွက် သာယာချမ်းမြေ့စရာလေးတွေပဲ ဖြစ်ပါစေ..။
ချစ်တဲ့
သဒ္ဓါ
မှန်လိုက်တာ မမကဝေပျိုရေ....:)
Post a Comment