Saturday, 17 March 2012

ဖီလင်...37





တွေးကြည့်ရင် အမေတွေကို သိပ်သနားတယ် အရမ်းလဲ လေးစားမိတယ် အရမ်းလဲ ချစ်ခင်မိတယ် စူးစူးနစ်နစ်ပါပဲ..။

တကယ်တော့ မိန်းမဘဝဖြစ်ရတာ သိပ်ကိုမြတ်ပါတယ်.....။ ကျမကတော့ ကိုယ့်ကိုယ်ကိုမိန်းမဖြစ်ရတာကို ဂုဏ်ယူတယ်.....။ မိန်းမတိုင်းဟာ ကမ္ဘာလောကကြီးရဲ့ မျိုးဆက်သစ်အတွက် မိခင်လောင်းတွေပဲ.....။ ဒါကြောင့် မိခင်လောင်းတွေဟာ ကိုယ့်ဝမ်းကလွယ်မွေးတာမဟုတ်ပေမယ့် ကလေးလေးတွေကို အလိုလိုချစ်ခင်ကြင်နာတတ်တဲ့ စိတ်သန္ဓေလေးက မွေးရာပါ ကိန်းအောင်းနေတတ်ကြတာ.......။
ကျမတို့ကလေးဘဝက ကျမတို့အမေတွေ ဘယ်လိုခက်ခဲပင်ပန်းစွာ အသက်နဲ့ရင်းပြီးမွေးခဲ့တယ်.....။ ကြီးပြင်လာတဲ့ အထိဘယ်လို ပြုစုစောင့်လျှောက်ခဲ့တယ်ဆိုတာ ရုပ်ရှင်အနှေးပြကွက်နဲ့ တစ်ကွက်ခြင်းဆီပြန်ကြည့်ကြည့်ပါ.....။ အမေလို ကိုယ်တိုင်ရော လုပ်နိုင်ပြီလား.....လို့မေးကြည့်ပါ....။ ဟင့်အင်း ကျမတို့ နေ့စဉ်လုပ်ကိုင်နေတာ အမေကို ခုထမမှီနိုင်သေးပါဘူး....။ အမေဆိုတာ သူ့သားသမီးကို မွေးပြီး ပညာသင်ပေးပြီး အသက်ကြီးလာတာနဲ့ လက်လွတ်လိုက်ရတာမဟုတ်ဘူး....။ သူအသက်ရှင်နေသရွေ့ သူ့သားသမီးတွေဟာ အမြဲတမ်းသူ့အတွက် ရင်ခွင်ပိုက်ကလေးလေးလို တယုတယရှိနေတုန်း စိုးရိမ်တတ်နေတုန်းလေ.......။ သူ မြေးတွေမြစ်တွေရတဲ့အထိ သူ့သားသမီးတွေပေါ်ထားတဲ့ မေတ္တာဓါတ်ကပြယ်သွားတယ်ရယ်မရှိဘူး......။ သိပ်ကိုလေးစားမြတ်နိုးစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ.....။

ကျမ အခုအမေလိုလုပ်နိုင်ပြီလားလို့ ကိုယ့်ကိုယ်ထပ်မေးကြည့်တယ်.......။
နိုးးး.... ကျမ မလုပ်နိုင်သေးဘူး.....။ ကျမ အမေ့ကိုလိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး.....။ ဒါပေမယ့် ကမ္ဘာလောကကြီးအတွက် ကျမဟာ ဘာမှမသုံးမဝင် တန်ဖိုးမရှိတဲ့ သူတစ်ယောက်ဘယ်တော့မှအဖြစ်မခံနိုင်ဘူး....အဲဒီတစ်ခုတော့ ကျမ ကတိပေးပါတယ် အမေ....။ အမေ့ကို ကျေးဇူးတင်တယ်.... ကျမကို အမေ့အရိပ်မှာ နားခိုစေခဲ့တာ ၃၇နှစ်ရှိခဲ့ပြီ...။

စိတ်ချပါအမေ....................။
ဟောဒီ....နှလုံးသားနဲ့ ကျမကမ္ဘာကြီးကို ပျော်ရွှင်အောင်လုပ်မယ်.......။ ဟောဒီ.....နှုတ်ခမ်းနဲ့အမြဲတမ်းကမ္ဘာကြီးကို ချိုသာစွာနှုတ်ဆက်မယ်.......။
ဟောဒီ.....လက်နဲ့ကလေးသူငယ် သက်ကြီးရွယ်အိုတွေကို အခွင့်ရတိုင်းစောင့်ရှောက်မယ်.....။ ဟောဒီ....ခြေအစုံနဲ့ ခရီးအဝေးကြီးကိုမဆုံးတမ်းလျှောက်ဦးမယ်......။

ဒီနေ့.....၁၇ရက်နေ့....။
ကျမကို လူ့လောကထဲ ကောင်းမွန်ကြည်စင်တဲ့ စိတ်ဓါတ်ကလေးနဲ့ ရပ်တည်နေခွင့်ပြုပေးတဲ့ အမေ့ကို ကျမဒီပို့စ်လေးနဲ့ ကန်တော့ပါတယ်...။

ပြီးတော့ မွေးနေ့မွေးလတူ ကျမချစ်ရသော မောင်နှမတွေဖြစ်တဲ့ ကိုကြီးငယ် Augustine Nge ၊ ညီမလေးခေါင်ခေါင်၊ ညီမလေးတင်ထက်ထက်ဗို နဲ့ ညီမလေးပေါက်စီ တို့ကိုလည်း ဒီပို့စ်လေးနဲ့မွေးနေ့လက်ဆောင်ပေးလိုက်ပါတယ်....။


အမေနဲ့တကွ အမေများအားလုံးကို လေးစားချစ်ခင်တဲ့

မိုးငွေ့

25 comments:

ညလင်းအိမ် said...

ဟတ်ပီးဘတ်ဒေးပါ မမီး ...

အစ်မ ဖြစ်ချင်သော ဆန္ဒများသည် ယနေ့မှစ၍ အောင်မြင်ပေါက်ရောက်နိုင်ပါစေသား ....

လေးစားသမှုဖြင့်
ညလင်းအိမ်

စံပယ်ချို said...

မိုးငွေ့ရဲ့ မွေးနေ့မှစ၍ ပျော်ရွှင်မှုတွေအပြည့်အ၀ခံစားရပါစေလို့
ချစ်တဲ့ jasmine

သဒ္ဓါလှိုင်း said...

ချစ်ရတဲ့မမိုး ပျော်ရွှင်ဖွယ်မွေးနေ့တွေကို စိတ်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ။
ဆန္ဒအားလုံး ပြည့်ဝအောင်မြင်ပါစေ။
ချစ်တဲ့
သဒ္ဓါ

လွင်ပြင်လှိုင်းငယ် said...

ဖြစ်ချင်တဲ့ ဆန္ဒများ အားလုံးပြည့်ဝပါစေဗျာ

မေမြို့မိုး said...

ဟက်ပီဘက်ဒေးပါ.. အစ်မမိုးငွေ့..
နာမည်လေးက မိုက်တယ်...။ မရွာခင်အခြေအနေလေး
ပေါ့..။

mstint said...

မိုးငွေ့အတွက် မွေးနေ့အမှတ်တရ။
စည်းစိမ်ဥစ္စာ အနှစ်ရှာ ပြုပါဒါနမှတ်
မိမိခန္ဓာအနှစ်ရှာ စောင့်ပါသီလမှတ်
အသက်ဇီဝါအနှစ်ရှာ ဘာဝနာဟုမှတ်
လှူပါ စောင့်ပါ ပွားများပါ သုံးဖြာအနှစ်မှတ်။
မင်းကွန်းဆရာတော်ဘုရားကြီးရဲ့အဆုံးအမလေးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ပျော်ရွှင်စရာနေ့ရက်တွေ မိုးငွေ့ အတွက်ဖြစ်ပါစေ...

ဒီပို့စ်လေးကိုဖတ်ပြီး ကြည်နုးစေတဲ့ ရသလေး ရလိုက်တယ် သယ်ရင်း..

ချစ်တဲ့
ဝသုန်

:P said...

Happy Birthday !!

အဖြူရောင်နတ်သမီး said...

HAPPY BIRTHDAY.. My Princess
I wish you all the best and your dreams become true. XXX

မောင်ဘုန်း said...

မွေးနေ့  သဝဏ်လွှာ ....

အခါနွေ ဆန်း ၊ လေဖြန်း ဝှေ့ ဝှေ့ 
နှင်း သဲ့သဲ့ နှင့် ၊ မြိုင်ခြေ ဆင့်ဆင့်
သွေ့ သွေ့ ဟန်ဆင် ၊ ပင်ယံ နုနု
စိမ်းစိမ်း လျှံကာ ၊ ရွက်ဝါနီ တို့ 
မစည် ကြဲကြဲ ၊ လေဟုန် ဆင်းပျံ
မြေသို့  ချဉ်းကာ ၊ အလှ ဆင် မှ
ကို ဥသြ လည်း ၊ လင်္ကာ ဆိုတေး
သံစဉ် ဖက်လို့  ၊ နှိုင်းတု မမှီ
ရာသီ ချိန်ဝယ် ၊ “ မင်္ဂလာ” လွှမ်းခြုံ
ကျရောက် ပါသော ၊ ယနေ့  ချိန်ကာ
အမည် ဆန်းတဲ့ ၊ “ မိုးငွေ့ ” အစ်မ
မွေးနေ့  “ မင်္ဂလာ” ၊ ရက်မြတ် မဟာ ….. ။

ရာသီ ဆန်းနှင့် ၊ မွေးနေ့  “မင်္ဂလာ”
ထွန်းတောက် ချိန်ဝယ် ၊ မွေးနေ့  ရှင် အား
အကျွန့် သခင် ၊ ချစ်သက် ငယ်နှင့်
ထပ်တူ ပြု၍ ၊ “မင်္ဂလာ” တောင်းဆု
စိတ်ဝယ် စု လို့  ၊ ပြုရ လို ကာ
ယနေ့  မှ စ ၊ မွေးနေ့  ရှင် သည်
ရွှင်ရွှင် လန်းလန်း ၊ ကံရောင် ဆန်းဖြင့်
ချမ်းချမ်း မြေ့မြေ့ ၊ စိတ်စဉ် စမ်းနှယ်
နှစ်နှစ် လလ ၊ ဘဝ များတိုင်
စဉ်စဉ် ဆက်ဆက် ၊ ချစ်ရ သူနှင့်
ဆုံးဆုံး တိုင်တိုင် ၊ ထပ်တူ မြဲ ယင်း
ဆင့်ဆင့် ကဲကဲ ၊ မေတ္တာ လန်း ကြပါစေ ….. ။

မောင်ဘုန်း

မီးမီးငယ် said...

ဟတ်ပီးဘတ်ဒေး...
မီးမီးမိုးငွေ့ လေးရေ...
မွေးနေ့ ကစပြီးချစ်တဲ့သူတွေနဲ့ ပျော်ရွှင်စွာ
သက်ထက်ဆုံးတိုင်အောင်နေနိုင်ပါစေလို့ နော်..
ရန်ကုန်ရောက်တုံးက..
သတိရမိနေပါသေးတယ်..

blackroze said...

Happy Birthday ပါမကြီးမိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင်သော မွေးနေ့ပါ မမိုးရေ..
နေ့ရက်တိုင်းကို ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်းရှိပါစေ..
ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး မမိုးရဲ့ ဆန္ဒအားလုံးပြည့်ဝပါစေ နော်

ပဥာက် said...

အမေ့ကိုတော့ ဘယ်လိုမေ့ရမလည်း သူငယ်ချင်း...မွေးနေ့အတွက်နောက်ကျမှ ဆုတောင်းပေးလို့ခွင့်လွှတ်..ယနေ့မှစရ်ျပျော်ရွှင်အေးချမ်းပါစေ

Han Kyi said...

မွေးနေ့မှသည် နှစ်ရာချီအောင်
ကြည်လင်အေးချမ်း ရွှင်လန်းဝမ်းသာ
မာတာပီတ အားရကျေနပ်
မွေးကျိုးနပ်တဲ့ နတ်သမီးလေးဖြစ်စေသော်ဝ်...

rose of sharon said...

ံHappy birthday :)

May all your wishes come true!

ATN said...

Happy Birthday, Nyi Ma Moe. Ad thanks for your lovely post too.. :)

Anonymous said...

Happy Birthday~!
Wish you health and happiness~!
^_^

Yin Sue said...

မကြီးမိုးငွေ့ရေ ဟက်ပီးဘတ်ဒေးပါ နော်....
အခုမှ အွန်လိုင်းပေါ်တက်ဖြစ်လို့ သိသိချင်းလာခဲ့ပါတယ်....နောက်ကျသွားလို့ တောင်းပန်ပါတယ်နော်..." အစ်မကြီးမိုးငွေ့....ဘ၀မှာ ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်း ကျပါစေနော်....."

Snow May said...

Happy Birthday.. sis!!!

Snow May said...
This comment has been removed by the author.
ညိမ်းနိုင် said...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ
လို့ကိုယ်ကျမ်းမာပါစေ မမိုး...........။

မိစံ said...

မွေးနေ့မှသည်...
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပြီး...
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျလို့
အေးချမ်းသာယာတဲ့ဖီလင်လေး
အမြဲပိုင်ဆိုင်နိုင်ပါစေရှင်း)


ချစ်ခင်လျှက်

ညီလင်းသစ် said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာ ဖြစ်ပါစေ မမိုးငွေ့ရေ..၊ ဒီနေ့ဒီရက်မှသည် လာမယ့် နေ့ရက်၊ နှစ်များစွာကို ချစ်သူ၊ ခင်သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပါတယ်...။

မဒမ်ကိုး said...

နောက်ကျသွားတဲ့ဆုတောင်းလေးပါ မမိုးရေ

ပျော်ရွှင်ဖွယ်နေ့ရက်တွေကိုချစ်သောသူတွေနဲ့အတူပိုင်ဆိုင်ခွင့်ရရှိပါစေ


ချစ်တဲ့

ဒိုးကန်