Friday, 27 January 2012

အပြာရောင်တောင်တန်းနှင့်တွေ့ဆုံခြင်း.....






သိပ်မကြာခင်ကပဲ ဖဘရဲ့ ကျေးဇူးကြောင့် ငယ်တုန်းက သိပ်ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့ခဲ့တယ်..။ ခေါင်ခေါင့်ရဲ့ကော်မန့်တစ်ခုမှာသူ့ကိုပြန်တွေ့ခဲ့တာ...။

ငယ်သူငယ်ချင်းဆိုပေမယ့် သူ့ကိုကျမဆယ်တန်းအောင်ပြီး ဆရာလူထုဦးစိန်ဝင်းရဲ့ အင်္ဂလိပ်စာသင်တန်းမှာတွေ့ပြီး ခင်ခဲ့တဲ့ သူငယ်ချင်းပါ....။ အဲဒီသင်တန်းမှာ သူက ကျမထက်စီနီယာကျပါတယ်... အသက်ကတော့ ကျမထက်နှစ်နှစ်ငယ်ပါတယ်...။ ကျမတို့ သင်တန်းမှာ ကျောင်းစအပ်တာနဲ့ ဆရာကြီးက အင်္ဂလိပ်နာမည်ပေးတတ်တယ်...။ ကျမရဲ့ မြန်မာနာမည်ထဲမှာ သန္တာပါလို့ ဆရာကြီးက Coral ဆိုပြီးပေးခဲ့တယ်...။ သူ့နာမည်ကပျိုးယုဝသုန် ဆရာကြီးပေးတဲ့ နာမည်က Mona Lisa တဲ့.....။ ကျမသူငယ်ချင်းက နာမည်နဲ့လိုက်ဖက်အောင် လှပကျော့ရှင်း မိန်းမဆန်တဲ့ မိန်းကလေးတစ်ယောက်ပါ......။ သူ့နာမည်လေးအကြောင်းကို ဒီမှာ ရေးဖူးပါတယ်....။

ဖဘမှာ သူ့နာမည်ကိုတွေ့တော့ သူပဲလို့သေချာအောင် သွားကြည့်တော့ဟုတ်တယ် အဲဒါနဲ့ ကျမသူ့ကို အက်ဖရန်းလုပ်လိုက်တယ်.....။ ကျမတို့ပြန်တွေ့ဖြစ်ကြတာဝမ်းသာစရာပါ...။ တိတိကျကျမမှတ်မိတော့ပေမယ့် လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်တုန်းက သူအင်္ဂလန်ကိုထွက်သွားခဲ့တယ်...။ ခုကျမပြန်တွေ့တော့သူ အော်ဇီကိုရောက်နေတာတဲ့..။ ကျမတို့စကားပြောဖြစ်ကြတယ်...။ ပြီးခဲ့တဲ့လတုန်းက မြန်မာပြည်ကိုသူရောက်နေပေမယ့် ကျမတို့ မဆုံလိုက်ရဘူး.... သူဒီမှာကြာဦးမယ်ဆိုလို့ အေးဆေးမှတွေ့ကြမယ်ဆိုပြီး ခုတွေ့မယ်ပြောတော့ သူက အော်ဇီကိုပြန်ရောက်သွားပြီတဲ့.....။

စာပေဝါသနာတူမို့ ကျမတို့ငယ်ငယ်တုန်းကသင်တန်းမှာစုပြီး ကဗျာစာအုပ်တွေထုတ်ကြတယ်...။ သူက ကဗျာရေးကောင်းတယ် ဝတ္ထုတွေရေးတာကောင်းတယ်... သူ့စာတွေ တော်တော်များများ စာမျက်နှာပေါ်မှာတွေ့ရတယ်.....။ ခုတော့ မမဝသုန်နှင့်အပြာရောင်တောင်တန်းများ ဆိုတဲ့ဘလော့လေးတစ်ခု လုပ်ထားတာ မကြာသေးပါဘူး....။ သူ့စာတွေကို ကျမအားရင် အားသလိုသွားသွားဖတ်နေတယ်.....။ ကျွန်မထက် စာရေးအများကြီးကောင်းတဲ့ ကျွန်မထက်အများကြီး ဆရာကျတဲ့ သူငယ်ချင်းလေးပါ.....။ ခု...သူက ဆရာမပျိုးယုဝသုန်ဖြစ်နေပါပြီ....။ သူရေးတဲ့ စာတွေက ကျမအကြိုက်တွေများတယ်....။ “အပြာရောင်တောင်တန်းများသို့ လွမ်းချင်း”ကို အကြိုက်ဆုံးပဲ...။ သွားဖတ်ကြည့်စေချင်တယ်... ကျမသူငယ်ချင်း စာရေးဘယ်လောက်ကောင်းလဲဆိုတာ ကြွားချင်လို့ပါ....။

ကျမတို့ အင်္ဂလိပ်စာသင်တန်းတက်တုန်းက အကြောင်းလေးကို ပို့စ်လေးရေးဖြစ်ဦးမှာပါ......။ ကျမရဲ့ ငယ်ဘဝအကြောင်းတွေရေးဖြစ်တဲ့ တစ်ခါတုန်းကတို့ရွာမှာလည်းတော်တော်လေးစုံစုံလင်လင်ရေးဖြစ်ပြီးနေပြီ...။ တစ်ခါတုန်းကတက္ကသိုလ်ခေါင်းစဉ်အောက်မှာ ကျမရေးပါ့မယ်.....။


မိုးငွေ့

13 comments:

Mon Petit Avatar said...

Looking forward to read about your experiences from the class, sis.

Baby taster said...

သူ့ဘလောဂ်လေးကို ခုတလော သွားသွားဖတ်ဖြစ်တယ်
ဟဟ ပိန်ချင်လို့လေ။ ဟုတ်တယ် မိုးငွေ့ပြောသလိုပဲ
သူတကယ် လှပကျော့ ရှင်းနေတာပဲ(သူ့ပုံလေး တင်ထားလို့ပါ)

ညိမ်းနိုင် said...

ဟုတ်တယ်မမိုး....အဲ့အစ်မက စာရေးကောင်းတယ်..။
တလောကပဲ သွားဖတ်ဖြစ်တာ....။

မောင်သီဟ said...

အင်းလေ မမိုးငွေ့ညွန်းမှတော့ သွားကြည့်ရမပေါ့း)း)

:P said...

ဂူဂဲကနေ ကလေးကဗျာတွေရှာရင်း ပျိုးယုဝသုန် ဘလော့ကိုရောက်ဖူးသွားတာ။
သူ့ကဗျာတွေ တအားကြိုက်တယ်။
လူလည်း လှတယ်.. ဖေ့ဘွတ်မှာ မြင်ဖူးလို့။

Anonymous said...

မိုးငွေ့ရေ... မကြာမကြာ အလည်ရောက်ဖြစ်တဲ့ ဘလော့လေးပါပဲ...။ တွေ့ဆုံမှုအတွက် ၀မ်းသာပါတယ်..။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ဘိုဖြူ said...

သွားရောက်ပြီးကဗျာတွေဖတ်ခဲ့ဖူးတယ်ဗျာ

ဆူးသစ် said...

သွားဖတ်ကြည့်ပါဦးမယ်။ မိုးငွေ့က သူငယ်ချင်းကို ညွှန်းထားတာမို့ပါ။

blackroze said...

သွားကြည့်လိုက်မယ် မကြီးမိုးငွေ့

San San Htun said...

မမိုး ညွှန်းလို့  သွားဖတ်ဦးမယ်

လွင်ပြင်လှိုင်းငယ် said...

သွားရောက်ဖတ်ပါ့မယ်

Angelhlaing(May everybody be happy and healthy! said...

သွားဖတ်ကြည့်မယ်နော် မမ :):)

ညီရဲသစ် said...

ဟုတ်တယ် အစ်မ... ကျွန်တော်လဲ အစ်မ သူငယ်ချင်းဆိုဒ်ကို စာသွားသွား ဖတ်ဖြစ်တယ်... စာရေးတာတော်တော်လေးကို ကောင်းတယ်...