Saturday, 25 May 2019

Keto Bagels.....





ကျွန်မ Keto Consumerရဲ့ တောင်းဆိုမှုကြောင့် ဒီမုန့်လုပ်နည်းလေးကို Pinterest မှာသွားကြည့်ပြီး လုပ်ထားတာပါ...။ သတင်းကောင်းပြောရဦးမယ် ကျွန်မရဲ့ consumer က Keto စားပြီး တစ်လခွဲမှာပဲ (without Gym) 14 ပေါင်လောက်ကျပါတယ် ...။ ကိုယ် Keto ချက်ပေးရကျိုးနပ်သွားတယ်...။  ၀ိတ်ချချင်သူများ စိတ်ဝင်စားရင် လိုက်လုပ်လို့ရအောင်ပါ...။ Keto ရဲ့ Menu တွေမှာ ပါဝင်တဲ့ Ingredient တွေက ဈေးကြီးတာတွေများတယ် ဈေးသက်သက်သာသာနဲ့ ကုန်ကျစရိတ်နည်းမယ့် နည်းလမ်းလေးလည်း ရှိပါတယ် ။ နောက်ပို့စ်တွေမှာ Keto ရဲ့ ဆောင်ရန်/ရှောင်ရန် အစားအသောက် ဇယားလေးတွေနဲ့ ကုန်ကျစရိတ်နည်းတဲ့ အစားအသောက်တွေ ဘာတွေစားလို့ရလည်း ဆိုတာလည်း ပြောပြပါမယ်..။



 


မုန့်လုပ်နည်းလေးမပြောပြခင်မှာ သူ့ရဲ့ ကုန်ကျမယ့်စရိတ်ကို အကြမ်းတွက်ပြချင်ပါတယ်....။

Mozzarella cheese  2 cups   8000MMK
Cream cheese        2 Tbs    1500MMK
Almond Flour   1 1/2 cups   1000MMK
Baking Powder       1 TBs      200MMK
Eggs                     2 Nos      300MM
                          -------------------------
                                       11000MMK/6 Bagels = 1850MMK per 1 Bagel 
                          -------------------------


ဒါက မုန့်မှာပါဝင်တဲ့ ပစ္စည်းဈေးနှုန်းသက်သက်ပဲရှိသေးတယ် မီးဖိုးနဲ့ ကိုယ်ဝယ်ထားတဲ့  Microwave တို့ Oven တို့ရဲ့ အချိုးကျအရင်းပါထည့်တွက်လို့ရသေးတယ်...။ Professional လုပ်ရောင်းရင်တော့ အရင်းကို နှစ်ဆ ပေါင်းတင်ပြီးရောင်းလို့ရပါတယ်...။ ဒါက Bagels ချည်းသက်သက်နော် သူ့နဲ့တွဲဖက်စားမယ် ထောပတ်တို့ ချိစ်တို့ Ham တို့ Tuna တို့မပါသေးဘူး...။ ဘယ်လိုပဲ မုန့်ရဲ့ရုပ်ထွက်မလှပါစေ အရသာအတွက်တော့ ရာနှုန်းပြည့် အာမခံတယ်...။ တစ်ခုစားပြီးရင်လည်း နေ့တစ်ဝက်ကျော်ကျော်လောက် အစာခံပါတယ်...။ တော်ရုံဗိုက်မဆာတော့ စားချင်စိတ်လည်း သိပ်မရှိတော့ ၀ိတ်တက်ဖို့လဲ မရှိတော့ဘူး။ ပြီးတော့ သူက Carb လုံးဝမပါတဲ့အတွက် ကယ်လိုရီနည်းတဲ့ အစားမို့ Ketogenic ထဲဝင်တာပါ...။





As my Keto consumer ask me to make this Keto bagels, then I need to learn from my pinterest video onece. This recipe is very very easy and take no longer. Even your first time experience  200% no fail, I guarantee :)  When I knead  cheeses dough and flour mix with hands, it was very sticky to handle. But finally, I managed to pull together a ball of dough. I rub a little coconut oil to my hands when I shape the dough into rings form.


Ingredients :
Mozzarella cheese  2 cups  
Cream cheese        2 Tbs  
Almond Flour   1 1/2 cups 
Baking Powder       1 TBs   
Eggs                     2 Nos


Method :
1. Mix almond flour and baking powder in the bowl.
2. Microwave cheeses for 90 seconds.
3. Add eggs in cheeses and fold with spatula.
4. Add in flour mix and knead with hands until the dough comes together
5. Divide the dough into 6 portions.
6. Shape the dough into a ball first and form ring.
7. Sprinkle sesame seeds or poppy seeds and place the dough on the baking tray.

Preheat oven at 190ံC bake for 20mins or till its golden brown. Consume hot or cool with butter, ham, tuna, salad and anything you like.






ကျွန်မတို့ ပထမဆုံး Microwave ထဲကို Mozzarella cheese နဲ့ Cream cheese ကို နယ်လို့လွယ်ကူအောင် စက္ကန့် 90 အပူပေးပါမယ်...။ ထွက်လာတဲ့ cheese ပျော့ပျော့တွေကို စီလီကွန်ယောင်းမ မရှိရင် သစ်သားယောင်းမ ထမင်းခတ်တဲ့ ယောင်းမအပြားနဲ့ သမအောင် စေးပိုင်အောင်မွှေပြီးနယ်ပေးပါ...။ သမသွားရင် ကြက်ဥနှစ်လုံးဖောက်ထည့်ပြီး ထပ်နယ်ပေးပါရှင့်...။ ကြက်ဥနဲ့ ချိစ်တွေ သမသွားရင် ဗာဒံစေ့မှုန့်နဲ့ ဘေကင်ပေါင်ဒါ ရောထားတာတွေကို ထည့်နယ်ပေးပါ ..။ နယ်ရင်းနဲ့ မုန့်သားလုံးတစ်ခု ရသွားပါမယ်...။ လက်နဲ့ပဲနယ်ပေးပါ...။ မုန့်သားရရင် အလုံးလုပ်ပြီး ဓါးနဲ့ ခြောက်ပိုင်းပိုင်းပါ...။ တစ်ပိုင်းချင်းဆီယူ မုန့်လက်ကောက်ပုံလုပ်ပြီး မုန့်ဖုတ်ဗန်းပေါ် သုံးခုဆီ စီပေးထားပါ...။ မုန့်ပေါ်ကို နှမ်း သို့မဟုတ် ဘိန်းစေ့လေးတွေရှိရင် ဖြူးပေးပါ...။ 190ံC ကြိုတင်အပူပေးထားတဲ့ မီးဖိုထဲကို မိနစ်20 ဖုတ်ပေးပါ ...။ မုန့်သားအကျက်ညီအောင်လို့ ဆယ်မိနစ်ပြည့်ရင် မုန့်ဗန်းကို ရှေ့နောက်လှည့်ပေးပါ...။ မုန့်ရရင် အအေးခံပြီး မိမိနှစ်သက်ရာနဲ့ စားသုံးနိုင်ပါပြီ...။  ချီးစ်များများနဲ့ ဗာဒံစေ့အမှုန့်တို့ကြောင့် ငံငံဆိမ့်ဆိမ့်နဲ့  အရသာကတော့ လွှတ်ကောင်းပဲ။



 Almond flour နဲ့ Baking powder ကိုလည်း ဇလုံသပ်သပ်တစ်ခုထဲ ရောသမနွှေထားပေးပါ


 
 
 မီးဖိုထဲစထည့်တဲ့မုန့်ပုံ



 5မိနစ်အကြာမှာ မုန့်တွေ ဒီလိုပွလာကြပြီ



My yummy bagels is ready........ to consume


Enjoy Baking !!!!!!!!


မိုးငွေ့

Wednesday, 15 May 2019

သတိရတယ်.....




ဆရာကျား(Big Bag ကျားပေါက်)ရဲ့ Anger Management အယ်လ်ဘမ်ထဲက ဒီသီချင်းလေး ကြိုက်တယ်...။ လောလောဆယ် ကျွန်မသီချင်းတွေကို လွယ်လွယ်ကူကူသိခွင့် နားထောင်ခွင့်ရတာ ဖုန်းထဲက Joox ရဲ့ကျေးဇူးကြောင့်ပါ..။ Pencell ကရိုက်ပေးထားတဲ့ Animated MV လေးက ချစ်စရာလေးပါ။ ဆရာကျားသီချင်းတွေက ခံစားမှုအပြင် အတွေးတွေအများကြီးပေးတတ်တယ်...။


.......ဒီစိတ်နဲ့ ကျရှုံးရင်း သတိရတယ်.........




သင်္ကြန်မတိုင်ခင်က Time Link မှာသွားဝယ်ခဲ့တာ Artist ဟန်ထူးလွင်(ကျားပေါက်) ကိုယ်တိုင်ဆွဲထားတာကို Print ပြန်ထုတ်ထားတဲ့ ဖိနပ်လေး ...။ ကိုယ့်ဖိနပ်ကိုအပ်ပြီးဆွဲရင် ဒေါ်လာ ၃၀၀ အနုပညာကြေးပေးရပါတယ်...။ ဆိုတော့ ကိုယ့်ဆီမှာ Nike တို့ Addidas တို့လို အဖြူပလိန်းလေးတွေရှိရင် သွားဆွဲလို့ရပါတယ်...။ ကြော်ငြာပေးတာ...အလျှော်ခံအောင် ဆွဲပြီးသားအရုပ်ပေါ်မှာ ရေစိုခံဖယောင်း code ပေးတယ်လို့ကြားတယ်...။



ဒါက ကျားပေါက်ရဲ့  Bipolarbear Tshirt


မိုးငွေ့


Wednesday, 8 May 2019

Deevaar.....



ခုလက်ရှိ ကျွန်မရဲ့စိတ်ခံစားမှုကို ကျွန်မ ဘယ်လိုပြောပြရမလဲ...။
ကျွန်မ စိတ်တွေက တခါတခါ ဟိုး...အဝေးကြီးကိုရောက်နေသလိုလို  ကျွန်မနားမှာပဲ နီးနီးကပ်ကပ်ဝဲနေသလိုလို... လမ်းတ၀က်မှာပဲ ခဏတဖြုတ်ပျောက်သွားသလိုလို။

တစ်စုံတစ်ရာကို ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို လွမ်းဆွတ်သတိရဖို့ တံတိုင်းတစ်ခုက ကာရံထားသလို ကျွန်မကိုယ်ကျွန်မ ဘောင်တစ်ခုထဲမှာ မွန်းကျပ်ပိတ်လောင်ခံနေရတယ်လို့ ခံစားနေရတယ်...။

တစ်ခုခုကို လုပ်ချင်လို့ ဒါမလုပ်ရဘူးလို့ တားမြစ်ခံရသလို တစ်ယောက်ယောက်ကို သတိရလို့ ရင်ဖွင့်ချင်လည်း ရင်ထဲမှာပဲ တိတ်တိတ်ကလေးသိမ်းဆည်းထားရမယ်လို့ ကန့်သတ်ခံရပြန်တယ်...။

မြင်တွေ့တို့ထိလို့မရနိုင်တဲ့ နံရံရဲ့အခြားတစ်ဖက်က တစ်စုံတစ်ရာကို ကျွန်မလွမ်းပိုင်ခွင့်တောင် မရှိဘူးလား...။ ဒါဆို ကျွန်မကို လွတ်လပ်စွာပျံသန်းခွင့်ပြုထားတာဟာ အလကားပဲပေါ့...။

ခုတော့ ကျွန်မဟာ နုဖတ်တဲ့ သွေးကြောမျှင်တွေနဲ့ ယှက်ဖွဲ့ထားတဲ့ အတောင်တစ်စုံနဲ့ လိပ်ပြာတစ်ကောင်လည်းမဟုတ်တော့ဘူး.......။  ဒါကြောင့် သင်းထုံမွှေးပျံ့တဲ့ ပန်းခင်းကြီး ရှိသော်ငြားလည်း လိပ်ပြာတစ်ကောင်မဟုတ်တော့တဲ့အတွက် နားခိုပိုင်ခွင့်လည်းမရှိတော့ဘူး...။

ကျွန်မဆီမှာ အမှောင်ထုရယ် မမြင်နိုင်တဲ့ နံရံတစ်ခုရယ်ပဲရှိတော့တယ်....။

တကယ်လို့များ နံရံရဲ့တစ်ဖက်မှာ တစ်ယောက်ယောက်ရှိခဲ့ရင် သူ့ရဲ့နံရံတစ်ဖက်က အလွမ်းကို ခံစားသိရှိနိုင်ပါစေလို့ ဆုတောင်းနိုင်ရုံကလွဲပြီး ကျွန်မ ဘာမှမတတ်နိုင်တော့ဘူး...။

အတိတ်ဟာ အိပ်မက်မဟုတ်တော့လဲ သူနဲ့ပတ်သက်သမျှဟာ သေရာပါ....


မိုးငွေ့

Wednesday, 1 May 2019

ပါးချိုင့်.....




သေချာပြုံးလိုက်ရင် သူ့ပါးမှာ ပါးချိုင့်လေးပါတာကို ကျွန်မသတိမထားခဲ့ဖူးဘူး...။ ကော့ပျံနေတတ်တဲ့ နှုတ်ခမ်းနဲ့ သွားစွယ်ဖွေးဖွေးတွေကိုသာ ငေးမောနေမိလို့ဖြစ်မယ်...။ တရိပ်ရိပ်နဲ့ပြန်တွေးကြည့်မှသာ သူပြုံးလိုက်တိုင်း စကားပြောလိုက်တိုင်း ညာဖက်ပါးပြင်မှာ ပါးချိုင့်ပါတာကို မြန်ယောင်လာမိတယ်...။ တကယ်တမ်း ကျွန်မက ယောကျာ်းတစ်ယောက်မှာ ပါးချိုင့်ပါတာကို သိပ်ပြီးသဘောမကျတတ်တဲ့သူ...။ ပါးချိုင့်ဆိုတာ မိန်းကလေးတွေရဲ့ မျက်နှာမှာသာ ကြည့်လို့ ကောင်းပြီး ချစ်စရာကောင်းတယ်လို့မြင်တယ်...။ ဒါကြောင့်မို့ သူ့ပါးချိုင့်ကို ကျွန်မသတိမထားဖြစ်ခဲ့တာ...။ ဟုတ်တယ် သူစိတ်ဆိုးလို့ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်လည်း သူ့ပါးချိုင့်လေး ပေါ်လာတတ်တယ်..။ 

တကယ်ဆို သူ့လိုလူမျိုးဆီမှာ ချစ်စရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ အလှတရား(ပါးချိုင့်)တစ်ခု ရှိမနေသင့်ဘူး...။ ခက်ထန်တဲ့ မျက်ခုံးနဲ့ မျက်လုံးတွေကြားမှာ ပါးချိုင့်လေးတစ်ခု ပါဝင်ရောနှော မနေသင့်ဘူး....။ ကျွန်မကတော့ သူနဲ့ အဲဒီပါးချိုင့်မလိုက်ဖက်ဘူးလို့မြင်တယ်...။ သူ မထီမဲ့ပြုံးပြုံးတဲ့အခါ သူ့မျက်လုံးတွေဟာ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လို ပြီးတော့ သူ့နှုတ်ခမ်းတွေက ပိုပြီးပါးလွှာကျယ်ပြန့်သွားကြတဲ့အချိန်မှာ ပါးချိုင့်လေးဟာ ဘယ်လိုမှ မလှနိုင်တော့ဘဲ တိမ်မြှုပ်နေရမှာ....။ ကျွန်မသူ့မျက်နှာကို ဘယ်ချိန်မှာ သဘောကျသလဲဆို သူခပ်တည်တည်ကြည်ကြည်နဲ့ နှုတ်ခမ်းစေ့ထားတဲ့အခါ သူမျက်ဝန်းတွေဟာ ညှို့ယောင်သန်းလာကြတဲ့အချိန် သွားစွယ်တွေ ပေါ်ရုံလေးပြုံးတဲ့အချိန်... စီးကရက်တစ်လိပ်ကို ဇိမ်ပြေနပြေနဲ့ မျက်လုံးတွေမှးစင်းပြီး ရှိုက်လိုက်တဲ့အချိန်....။

ဟုတ်တယ် ပြန်တွေးကြည့်တော့ သူ ကျွန်မကို မကျေနပ်တဲ့အခါ မဲ့ပြုံးပြုံးလိုက်ရင် ပါးချိုင့်ပေါ်လာတတ်တယ်...။ သူ ကျွန်မကို ချစ်ခင်မြတ်နိုးစိတ်နဲ့ တောက်တောက်ပပ ကြည့်တဲ့အခါကျရင်လည်း သူ့ပါးချိုင့်ပေါ်လာတတ်တယ်...။ အထူးသဖြင့် ပါးချိုင့်တစ်ခုဟာ အရပ်အမောင်းနဲ့မဆိုင်ပေမယ့် ရှည်ကိုင်းကိုင်းအရပ်နဲ့ အမြဲတစေ ရုန့်ရင်းဆန်ပြီး သွေးဆူနေတတ်တဲ့ လောကကြီးကို အမြဲမကျေနပ်နေတဲ့ လူငယ်တစ်ယောက်ဆီမှာ မွေးရာပါရှိနေတာကိုက အံ့သြစရာ..။


မိုးငွေ့