မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 12 December 2018

ချီချီရဲ့ ချီလီစ်တွေအတွက်.....




 2019 အတွက် နေခြည်ဦးရဲ့ Year Planner စာအုပ်လေးရပါပြီ...။ ပထမတုန်းက ဒီဇင်ဘာ(5)ရမယ်ဆိုပြီးတော့ (12)ရက်နေ့ကို ပြန်ပြောင်းသွားတာ...။ ဒီနေ့ အင်းဝမှာ ကူပွန်လေးနဲ့ စာအုပ်သွားထုတ်ခဲ့တယ်...။ ကျွန်မအရှေ့မှာ ကောင်မလေးတစ်ယောက် သူ့ကောင်လေးနဲ့ စာအုပ်လာထုတ်တယ်...။ နေခြည်ဦး ကြော်ငြာလေး ထိရောက်တယ်လို့တွေးပြီး ပြုံးမိသွားတယ်...။ စာအုပ်အရည်အသွေးကောင်းတယ် တစ်နှစ်ပတ်လုံး သုံးရမယ့် စာအုပ်လေးဖြစ်လို့ အဖုံးလေးက အကြမ်းခံနိုင်မှရမယ်...။



ဘောလ်ပင်တစ်ချောင်းပါတယ်




အဖုံးလေးကိုစလှန်တာနဲ့ ကိုယ့်ရဲ့Personal Data လေးဖြည့်ရမယ့် စာမျက်နှာ်


ချီချီရဲ့ နှုတ်ခွန်းဆက်စကား



 
အရေးပေါ်ဖုန်းနံပါတ်တွေ



 
ကိုယ်သွားချင်တဲ့နိုင်ငံ ကိုယ်သွားပြီးတဲ့နိုင်ငံကို အရောင်ခြယ်ခိုင်းတယ်



ပြည်တွင်းက ရောက်ဖူးပြီးတဲ့နေရာနဲ့ သွားချင်သေးတဲ့နေရာလေးတွေကို အရောင်ခြယ်




2019 တစ်နှစ်ပတ်လုံးမှာ ကိုယ်ဖတ်ပြီးတဲ့ စာအုပ်နဲ့ ရုပ်ရှင်တွေကိုရေးမှတ်ဖို့စာမျက်နှာ



လတိုင်းရဲ့ ပထမစာမျက်နှာကို Dear January စသဖြင့် တစ်လဆီမှာ အရေးကြီးတဲ့ နေ့ရက်တွေနဲ့ လုပ်ရမယ့် Plan တွေကို ချီချီက ဂရုတစိုက်နဲ့ရေးပေးထားပါသေးတယ်



နေ့စဉ်လုပ်ရမယ့် To do list နဲ့ ရေသောက်ပြီးတိုင်း တာလီချိုးဖို့ ရေခွက်ပုံလေးတွေပါတယ်



အဓိက ကတော့ သူက Beauty Blogger ဖြစ်တဲ့အတွက်ကြောင့် လတစ်လရဲ့ နေ့စွဲအကွက်တိုင်းမှာ အပတ်တိုင်း စနေနေမှာဘာလုပ် တနင်္ဂနွေမှာဘာလုပ်ဆိုပြီး Nail Spa, Facial Spa, Body Spa, Hair Spa တွေကိုလုပ်ဖို့ အရုပ်ပုံလေးတွေထည့်ပေးထားပါတယ်...။ အလှအပ၀ါသနာပါတဲ့ သူအတွက်တော့ အဆင်ပြေတယ် မပါတဲ့သူတွေကတော့ အဲဒီနေရာမှာ တခြားကိုယ်လုပ်ချင်တဲ့အရာတွေကို အစားထိုးလို့ရပါတယ် ဒီစအုပ်အတိုင်းလိုက်လုပ်ရမယ်လို့ သတ်မှတ်ထားတာမဟုတ်ဘူးလေ..။ ကိုယ်သဘောနဲ့ကိုယ် ကိုယ်ပိုင်တဲ့နေ့ရက်တွေကို လုပ်ချင်မယ့်အရာတွေကို ကိုယ်ဘာသာ ရောင်စုံဘောလ်ပင်လေးတွေနဲ့ တို့မှတ်ထားလို့ရတယ်..။ 

ကျေးဇူးတင်ပါတယ် နေခြည်ဦး ကျွန်မတို့တွေရဲ့ နေ့ရက်ကို အချိန်ဇယားလေးနဲ့ အကျိုးရှိအောင် စည်းကမ်းတကျဖြစ်အောင် ဒီစာအုပ်လေးကိုထုတ်ပေးတဲ့အတွက် နောက်နှစ်တွေတိုင်းမှာလည်း ဒီ Social Media BFF Year Planner စာအုပ်လေးထပ်ထုတ်ဖြစ်သေးနေရင် အားပေးနေပါဦးမယ်...။ နေရာတိုင်းမှာ ကြိုးစားအားထုတ်မှုရှိကြတဲ့ မိန်းကလေးတွေကို သိပ်လေးစား...။ အောင်မြင်ပါစေ ညီမလေး...း)


မိုးငွေ့


3 comments:

စံပယ်ချို said...

Body Spa ကိုတော့စိတ်ဝင်စားတယ် ဒီမှာဈေးကြီးလို့တခါမှ မသွားသေးဘူး မလေးရှားတုန်းကပေါတော့မကြာခဏသွားဖြစ်တယ်

စံပယ်ချို said...

Body Spa ကိုတော့စိတ်ဝင်စားတယ် ဒီမှာဈေးကြီးလို့တခါမှ မသွားသေးဘူး မလေးရှားတုန်းကပေါတော့မကြာခဏသွားဖြစ်တယ်

Chit Kyi Aye said...

မချစ်လည်း မှာထားတာ၊ မရသေးဘူးသိလား။ ချီချီfan မဟုတ်ပေမယ့် သူ့ကိုသဘောကျတယ်။ လုပ်ချင်တာကို ဖြစ်အောင်လုပ်တယ် ထက်မြက်တဲ့မိန်းမငယ် အဲတာကြောင့် 😄