Wednesday, 18 May 2016

မိုးကိုမျှော်သည်...အယ်နီညိုရယ် ပြန်ပါတော့....



မိုးမရွာပုံများ ဒီနှစ် ပိတောက်ပန်းတောင် သိပ်မပွင့်လိုက်ဘူးလို့ကြားတယ်...။
အန်တီညိုရယ်... ပြန်ပါတော့ ကျေးဇူးပြုပြီး ပြန်ပါတော့ ကျွန်မတို့ အပူဒဏ်ကို တကယ်မခံနိုင်တော့လို့ပါလို့ တောင်းပန်လဲ အယ်နီညို ကတော့ သူမဟုတ်သလို အိနြေ္ဒရရနဲ့ ရွှေရောင်တ၀င်းဝင်းတောက်ပတဲ့ သူ့ဂါဝန်ကို ဖြန့်ကားလို့ပါပဲ...။

သူငယ်ချင်းတို့အားလုံးလဲ ကျန်းမာရေးဂရုစိုက်ကြပါ...။ အပြင်သွားရင် ရေဗူးဆောင်သွားကြပါ သီးစုံ ဓါတ်ဆားထုတ်လေး ဒါမှမဟုတ် 100 plus တို့ဘာတို့ဆောင်ထားကြပါ မတော်လမ်းမှာ heat stroke မိရင် ကြိုတင်ကာကွယ်နိုင်အောင်လို့...။ ရေများများသောက်ပါ..။ နေပူထဲ ချည်အကျီင်္လက်ရှည်ကို နည်းနည်းထူတာလေးဝတ်သွားပါ..။ ခရမ်းလွန်ရောင်ခြည်တွေက မနက် 10နာရီကနေ ညနေ သုံးနာရီထိရှိနေမှာ...။ နေပူပူထဲက ပြန်လာရင် ခြေလက်တွေကို ချက်ချင်းမဆေးကြပါနဲ့....။ ရေသောက် အမောအရင်ဖြေပါ....။ လက်ဆေးတာလောက်တော့ ဘာမှမဖြစ်ပါဘူးဆိုပြီးမပေါ့နဲ့...။ လက်ဆေးရင်း အေးသွားအောင် ဂုတ်ပိုးလေးပါ ရေကပ်လိုက်ဦးမှဆိုပြီး သွားမလုပ်နဲ့ အသက်ပါပါသွားမယ်....။ ညကြီးသန်းခေါင်ပူတယ်ဆိုပြီး ရေမချိုးပါနဲ့ သွေးတိုးရှိသူများ လေဖြတ် ဦးနှောက်သွေးကြောပြတ်တာတွေဖြစ်မှာစိုးလို့ပါ...။ နွေရာသီရဲ့ တုန်လှုပ်ခြောက်ခြားမှုကတာ့ အနှစ်သုံးဆယ်ကျော်လုံးလုံး ဒီတစ်ခါနဲ့ဆို နှစ်ကြိမ် ကြုံဖူးပြီ...။ ပြီးခဲ့တဲ့ 2010 တုန်းကတစ်ခါပေါ့..။ ဒါကြောင့် မိုးမြန်မြန်ရွာပါစေတော့လို့ မျှော်..မျှော်နေရတာ....။ လွန်ဆွဲပွဲလို့ခေါ်တဲ့ မိုးခေါ်ပွဲလေး  မလုပ်ကြဘူးလားမသိ...။ အဲ...မိုးတွင်းပိုင်းမှာ အခမ်းအနားများရှိရင်မိုးမရွာအောင်လို့ မိုးတားပွဲတော့လုပ်တတ်ကြတယ်....။ 

မြန်မာတစ်ပြည်လုံး ရေခမ်းတဲ့နေရာတွေခမ်းနေပြီ...။ ရှမ်းပြည်လို အိမ်တိုင်းရေတွင်းရှိနေသူတွေတောင် ရေတွင်းတွေခမ်းလို့ ရေအလှူပေးတဲ့ ကားတွေကိုမျှော်နေရပြီ...။ ခုတစ်ခေါက်ဖြစ်တာက 2010တုန်းကထက် အဆပိုများလိမ့်မယ်ထင်တယ်...။ အန်တီညို(အယ်နီညို) ပြန်သွားပြီးရင် သူ့ညီမ လာနီညာက လာလည်ဦးမတဲ့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားတယ်...။ ဆိုတော့ လာနီညာကိုကြိုဆိုဖို့ အနွေးထည်တွေ စောင်တွေ ကြိုတင် စုထားကြပါလို့လည်း သတိပေးပါရစေ...။

နောက်ဆုံး ..မှာချင်တာကတော့ “နေအေးမှ ရေချိုးနော်... သရက်သီးမစားနဲ့နော်... ဒူးရင်းသီးမစားနဲ့နော်.. ဆိုးဆေးပါတဲ့ အချဉ်ထုပ်တွေမစားနဲ့နော်.. ရခိုင်မုန့်တီဆိုင်က ပင်လယ်စာတွေမစားနဲ့နော် ရေခဲရေ မသောက်နဲ့နော်... နော်... နော်....နော်...”လို့ မှာခဲ့ချင်ပါတယ်...။


မိုးငွေ့

3 comments:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

စိတ်ချပါ မမငွတ်း)
ကျွန်တော်ရောက်နေတဲ့ ဂန့်ဂေါမှာတော့ ဗွက်တွေတောင်ထသွားတယ် တအုန်းအုန်း ရွာသွားတာ

မောင်ဘကြိုင်

Ma Tint said...

အိုကေပါ မိုးငွေ့ရေ ကျေးဇူးပါ။
မမြင်တာကြာတော့ သတိယတယ်ပေါ့။

စံပယ်ချို said...

သရက်သီး... ဒူးရင်းသီး. အချဉ်ထုပ်တွေ အဲတာတွေအားလုံးကိုဂျက်ကလွမ်းနေတာသမီးရေ
မကြာခဏတော့ရောက်ဖြစ်တယ်......စာမချန်ဖြစ်တာ.....သတိရနေတယ်