Friday, 24 October 2014

နှုတ်ဆက်မိုး.....


ကြည့်ပါဦး အိန်ဂျယ်....
မြို့ပြရဲ့ အဆိပ်ခိုးငွေ့တွေကြားမှာ လသာညဆိုတာ ရှုရှိုက်ဖို့တောင်ခက်ခဲလှတယ်...။

မင်းသိပ်ကြိုက်တဲ့အဖြူရောင်နှင်းပွင့်ရာသီဆီကို တဖြေးဖြေးချင်းနင်းဝင်ရောက်လာနေပြီ...။ တုန်ခိုက်အေးချမ်းမှုတွေ လျော့ပါးပျောက်ကွယ်လုနေပြီဖြစ်တဲ့ ဆောင်းရာသီမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုဆိုတာ လိုအပ်နေပါဦးမလား...။

တခါတခါ နှုတ်ဆက်မိုးတွေကတော့ ရုတ်တရက်ရွာချနေတုန်းပဲ အိန်ဂျယ်....။
အဲခါမှာ မိုးရေထဲ အရင်လို မင်းဘောလုံးကန်ဖြစ်သေးလား....း)

မင်းနဲ့ပတ်သက်ခဲ့သမျှ အကြောင်းအရာတွေဟာ များများစားစားသိပ်မရှိလှပေမယ့် ကိုယ်ကတော့ မင်းအတွက် အမှတ်တရလက်ဆောင်အဖြစ် စာစုလေးတွေကို ဒီနေ့ထိ မြောက်မြားစွာဆက်တိုက်ဖန်တီး နေတုန်းပဲ...။ အင်းလေ ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဆိုတာ လက်ချိုးရေတွက်လို့တောင်ရခဲ့တာကိုး...။ ဒါနဲ့တောင် မင်းအတွက် မကုန်ဆုံးနိုင်သော အမှတ်ရမှုစကားလုံးတွေက ပန်းပွင့်ကလေးတွေလို ပွင့်လန်းဆဲ(မြဲ)ပါပဲ...။

အောက်တိုဘာရဲ့ နှုတ်ဆက်မိုးတွေ ၀ုန်းဒိုင်းကျဲချိန် ကိုယ်...မိုးရေထဲရောက်မနေခဲ့ဘူး....။ မွန်းကျပ်လှောင်ပိတ်မှုအောက်မှာ မိုးသံကိုနားထောင်ရင်း မိုးကိုတောင် ကိုယ်ငေးမောခွင့်မရလိုက်ဘူး...။
မိုးပွင့်မိုးစက်တွေကိုအဖော်လုပ်ပြီးလည်း ကော်ဖီပူပူတစ်ခွက်ကို မသောက်ရတာဘယ်လောက်ကြာပြီလဲ..။
ဘာပဲဖြစ်ဖြစ် လွမ်းတယ် အိန်ဂျယ်....။

မိုးငွေ့

3 comments:

ဆွေလေးမွန် said...

မိုးပွင့်မိုးစက်တွေကိုအဖော်လုပ်ပြီးလည်း ကော်ဖီပူပူတစ်ခွက်ကို မသောက်ရတာကြာလဲပြီ..။

ဟုတ်တယ် .. အဲလို မသောက်ရတာကြာပြီ.

Ma Tint said...

အိန်ဂျယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ များများစားစားမရှိပေလို့ပဲ မိုးငွေ့ရေ....
တမ်းတခြင်းလေးတွေ အလှည့်ပြန်ကျပြီပေါ့ ... :)

စံပယ်ချို said...

ဟုတ်တယ်အိန်ဂျယ် ကိုယ်လဲမင်းကိုလွမ်းနေမိတာပဲ
တဂယ်ပါ ရင်ထဲက လာတဲ့စကား
အိန်ဂျယ် မင်းကိုချစ်နေမိပြီထင်တယ်။