မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 19 August 2014

မုန်လာဥဖြူ ပန်ကိတ်ကြော်.....


ကြာသပတေးဆွမ်းဟင်းချက်တဲ့မနက်က အသားနဲ့ဟင်းရည်နှစ်မျိုးပဲဖြစ်နေလို့ အသီးအရွက် တစ်ခုခုကြော်ရအောင် ရေခဲသေတ္တာထဲမွှေလိုက်တော့ မုန်လာဥဖြူ နှစ်လုံးတွေ့တာနဲ့ white radish pan cake လေးကြော်ဖို့စိတ်ကူးရသွားခဲ့တယ်...။ ကြော်နည်းလေးပြောပြမယ်နော်...။





မုန်လာဥဖြူ   ၂လုံး
ကြက်ဥ ၁ လုံး
ကြက်သွန်ပင်တစ်ပင်
ဂျုံမှုန့် ၄ ဇွန်း
ပြောင်းကော်မှုန့် ၁ ဇွန်း
ဆား လက်ဖက်ရည် ၁ဇွန်းတစ်ဝက်
ငရုတ်ကောင်းစေ့ ၅စေ့
သံလွင်ဆီ

မုန်လာဥကို ဂျစ်နဲ့ အမျှင်လေးခြစ် ဇလုံတစ်ခုထဲထည့်ပြီး ပါဝင်ပစ္စည်းအားလုံးထည့် ငရုတ်ကောင်းက ကြိတ်စက်လေးရှိရင် လတ်လတ်ဆတ်ဆတ် တစ်ခါထည့်လှည့်ပြီးထည့်..မရှိရင် လှော်ပြီး ထောင်းထည့်..။
နယ်ထားတဲ့ မုန်လာဥမုန့်နှစ်ကို သုံးပုံပုံပြီး ပန်ကိတ်သုံးချပ်ရအောင်ကြော်မယ်...။ ဒယ်ပြားကိုအပူပေးပြီး သံလွင်ဆီလေးနည်းနည်းထည့် မုန့်နှစ်လေးကို ဖွဖွခပ်ထည့်ပြီး ဘေးဖက်ကို အ၀ိုင်းလေးဖြစ်အောင် ယောက်မနဲ့တဖြေးဖြေးချဲပေးပါ...။ တစ်ဖက်လှန်ပြီးရင် ယောက်မနဲ့ ဖိပြီးကြော်ပေးပါ...။ ငရုတ်ကောင်းနံ့လေးမွှေးပြီးစားကောင်းလှတဲ့ မုန်လာဥပန်ကိတ်ကို ထမင်းနဲ့ပဲစားစား သရေစာအဖြစ် ဆော့နဲ့တို့စားစား အရမ်းကောင်းပါတယ်...။


မိုးငွေ့

1 comment:

Ma Tint said...

တကယ့်ကို ထူးထူးခြားခြားလေးပဲ မိုးငွေ့ရေ.. ဦးက ၀ါတွင်းတစ်လလုံး သက်သတ်လွတ်ဆိုတော့ မိုးငွေ့ဆီ ၀င်ဝင်ရှာပြီး ရန်ကုန်မှာ ဦးရှိတဲ့အချိန်ဆို တီတင့်ကချက်ပေးနေတာလေ ... ကျေးဇူးပါနော် ..