မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 16 June 2014

သရေစာ

အပြင်ထွက်မစားတာကြာပေါ့...။ ဘတ်ဂျက်တွေထိခို်က်လို့...။ ကိုယ့်ဘာသာကို အချိန်ရရင်တော့ ရအောင်လုပ်စားတယ် စားချင်တာတွေကို...။ ခုပုံလေးတွေက နဲနဲကြာပြီ စုဆောင်းထားတာ ပြန်ထုတ်ပြတာပါ...။ အသက်ရလာပြီလေ အိုစာမင်းစာတွေစုဆောင်းဖို့အချိန်တန်ပြီ...။ ဒါကြောင့်မို့ အရင်လို အချိန်ရော ငွေရော မသုံး/ဖြုန်းနိုင်တော့ဘူး...။ ငြီးပြတာမဟုတ်ရပါ...။ ဒါတကယ့်အဖြစ်ပျက်...း)


မုန့်လက်ဆောင်း ထန်းလျက်နဲ့တစ်ခွက် အုန်းနို့နဲ့တစ်ခွက် ကြိုက်ရာသောက်ပါ

သင်္ကြန်ရုံးပိတ်ခါနီးနောက်ဆုံးရက်က ရုံးမှာဝယ်စားဖြစ်ကြတဲ့ မာလာဟင်း  မာလာငါး ဂဏန်းချက် 


မြေနီကုန်းစီးတီးမတ်က Happy မှာပါ....ပင်စိမ်းဝက်သားကြွပ်ကြော်

မိုင်ဖေးဘရိတ် ငှက်ပျောကြော်ပျားရည်ဆမ်း


Oishii ဂျပန်ဆိုင်က သီးရွက်စုံသုပ် တန်ပူရာကြော် မိုင်ရောနစ်ဂဏန်းသားဆူရှီ ရေမှော်သုပ်ဆူရှီ

ဒါက ပြီးခဲ့တဲ့မွေးနေ့တုန်းက အဒေါ်အိမ်မှာ လုပ်စားဖြစ်တဲ့ ယူနန်ဟော့ပေါ့


ထမင်းချိုင့်မပါတဲ့နေ့က ၀ယ်စားဖြစ်တဲ့ American Roll နဲ့ ဆော်မွန်ဆူရှီ

46လမ်း Chewing Junior ဆိုင်က ပျားသံပရာ

46လမ်း Chewing Junior ဆိုင်က penne စပါဂတီကြော်

မိုးအေးအေးမှာ ကွေးနိုင်ကြသူများကိုအားကျပါ၏...

မိုးငွေ့

3 comments:

Thu said...

ရှလွတ် ဆွဲပြီနော် :P

စံပယ်ချို said...

မုန့်လက်ဆောင်း ထန်းလျက်နဲ့တစ်ခွက် အုန်းနို့နဲ့တစ်ခွက် ကြိုက်ရာသောက်ခိုင်းလဲ ၂ ခွက်လုံးကိုကြိုက်တယ် အိုမားတို့ တောင်ကြီးကလူတွေဌက်ပျောကြော်ရင်အဲလိုပဲ ကြော်တယ် သကြားနဲ့စားကြတယ်
တန်ပူရာလဲ ကြိက်တာပဲ---ဆူရှိလဲကြိုက်တယ်အဲတာတွေ အားလုံးပါဆယ်ပို့ပေးပါ လေပျံနဲ့နော်
ပါးပါးအတွက်ပါနော် ၂ယောက်စာ

ညီလင်းသစ် said...

မုန့်လက်ဆောင်း မသောက်ဖြစ်တာ မမှတ်မိနိုင် လောက်အောင်ကို ကြာခဲ့ပြီ၊ အခုမှ သွားရည်ကျတယ်၊း) အမျိုးစုံလှတဲ့ ညီမမိုးရဲ့ စားစရာတွေကို သဘောကျမိတယ်...။