မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)
Friday, 17 January 2014
အချစ်တွေဆီက.....
နှစ်ပတ်လည်တစ်ခုအတွက်ရတဲ့လက်ဆောင် ကလေးနာရီပေမယ့် အဲလို စပေါ့စတိုင်လ်ကိုကြိုက်တယ်
မြန်မာရင်ဖုံးဝတ်တယ် အဲနာရီပတ်တယ် ...း)  (မမချစ်ညီမစစ်စစ်လေ)
ညီမတော်တ၀မ်းကွဲနောက်တစ်ယောက်ကပေးတဲ့ မျက်ရစ်ဆွဲအစိုရည် ဘော်ဘီဘရောင်းမိတ်ကပ်တောင့် ရေမွှေး
 ဒါက ကွကိုယ်ဝယ်သည် Parkson shopping mall က
 (Quick Silverဆိုင်က) Roxy လက်ကိုင်အိတ်
 ဒါလည်း Parkson ကပဲ နှင်းဆီပန်းရင်ထိုးလေးပြောပါတယ် ဘီးကုတ်လေးတွေက Spirit က
 Spirit မှာ အမှန်တော့ ဂျူးစာအုပ်အသစ်သွားရှာတာ မရလို့ စာရေးကိရိယာတန်းပတ်လိုက်တာ အဲဒါတွေပါလားတယ် Handy Note book ကတော့ အွန်လိုင်းကမှတ်စရာ ချက်နည်းပြုတ်နည်းဖုတ်နည်း Recipe တွေကိုမှတ်ဖို့
 Bobby Browm  မိတ်ကပ်တောင့်လေးက နံပါတ် 5 Honey ဖြစ်တယ် ကိုယ့်အသားရောင်က နဂိုက အဖြူမဟုတ် အညိုဆိုတော့ တော်တော်လေးအဆင်ပြေတယ် အသားနဲ့တရောင်တည်းဖြစ်နေလို့ ကြိုက်တယ်။ Eyes Liner အရည် (ထောင်ထားတဲ့တစ်ခု)က ဆွဲပြီးရင် အရောင်ကခြောက်သွားတယ် Matte ကာလာပေါ့ ဆွဲလို့ကောင်းတယ် လှဲထားတဲ့တခုက မစမ်းရသေးဘူး
 အဒေါ်တစ်ယောက် ဗုဒ္ဓဂါယာကအပြန်လက်ဆောင်တဲ့  ကုလားမလက်ကောက်ကွင်းတွေ
ပျော်ရွှင်သော ပိတ်ရက်လေးဖြစ်ပါစေ...း)
မိုးငွေ့
3 comments:
ချစ်ကြည်အေး said...
လာပြီး ဝေစုခွဲဦးမှပဲ။ မရရင် လုမယ်ကွာ....း)
ရိုးမြေကျ said...
Quick Silver အိတ်လေးလှတယ် မမ။
နေ၀သန် said...
များလိုက်တဲ့ လက်ဆောင်တွေ။ နှိုက်ယူရလည်း ခပ်ခက်ခက်.. မိန်းကလေးပစ္စည်းတွေချည်းပဲရယ်.. :P
ခင်မင်လျက်
နေ၀သန်