မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)
Thursday, 28 November 2013
ပုံဖော်ဖြစ်ခဲ့သော....
Glasses....
ဆူးများနဲ့
 မင်္ဂလာနံနက်ခင်းလေးပါ
ဧည့်ခန်းထဲက ငွေဒေါင်းရုပ်ပန်းချီကား
ကျွန်မ၏ကတ္တီပါဖိနပ်ကလေး
မြစိမ်းရောင်ကောင်းကင်က ကြယ်နှစ်ပွင့်
 ကန်ရေပြင် အစိမ်းရင့်ရင့်သစ်တောအုပ် နဲ့ တိမ်စိုင်အလှ
တိမ်းစောင်းနေသော
 ပျံသာပျံပါ ရွှေဟသာင်္
တိမ်ကမ္ဗလာ ကောင်းကင်ပြာ
 တိမ်တွေနေတဲ့အရပ်တွေဆီ နင်နဲ့ငါ...
 မေမြို့ည
 ကောင်းကင်ယံက လွမ်းနေတတ်သော ကြယ်လေးတစ်လုံး
ငွေနှင်းမှုန် တိမ်အကွယ်က လပြည့်လ
တိမ်ကြားက အလင်းဖြန့်နေသောလ
သုံးရောင်ခြယ်
နွေရာသီအိမ်
 Pink Angel
 White Angel
ဖြူဆွတ်သော
ဝါလွင်သော
စကားဝါပန်း
ယုဇနပန်း
သနပ်ခါးပန်း
နှင်းရည်ဆွတ်သော ဖိနပ်လေးကို မနက်နေရောင်ပြခဲ့ရတယ်
ပြင်ဦးလွင်ရောက်တုန်း အဒေါ့်ခြံဝင်းထဲကပန်းကလေးတွေ ဧည့်ခန်းက အလှဆင်ထားတဲ့ ပစ္စည်းလေးတွေကို မတတ်တခေါက်ရိုက်ထားဖြစ်ခဲ့ပါတယ်...။အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်....။
မိုးငွေ့
Monday, 25 November 2013
ပြင်ဦးလွင်(Day Three)
 ငှက်ပျောကောက်ညှင်း
 ခေါပုတ်နှမ်းစေ့ကပ်ထားတဲ့ ကောက်ညှင်းမုန့် အထဲမှာအုန်းသီးပါတယ်
 ကြက်သားအစာသွတ် သာကူလုံး
 ကောက်ညှင်းပေါင်းနဲ့ ငါးငရုတ်သီးထောင်းစပ်စပ်လေး
 ဆိတ်ဒုက္ခ (အထဲမှာ ငရုတ်သီးထောင်းအစာသွတ်ထားတယ်)
 ရတနာပုံဈေးရှေ့က ထန်းသီးမုန့်
 တောင်သမန်အင်းအကြော်ဆိုင်က ဆိတ်သားခြောက်ထောင်းသုပ်
 ဦးပိန်တံတားပေးက ဘောစကိုင်းစေ့တွေနဲ့သီထားတဲပ ပိုက်ဆံအိတ် လက်ကောက်တွေနဲ့ သော့တွဲတွေ
 တန်ဆောင်မုန်းလပြည့်နေ့မို့လို့ တံတားပေါ်မှာ လူအပြည့်
တံတားအောက်ဈေးဆိုင်တန်းက ပန်းချီကားဆိုင်တစ်ဆိုင်
မန်းနဲ့ပြင်ဦးလွင်ကို ကြာသပတေးညနေကားနဲ့ တက်သွားပြီး တနင်္ဂနွေညနေကားနဲ့ ရန်ကုန်ကိုပြန်ခဲ့ကြတာပါ..။ တနင်္ဂနွေမနက်ပိုင်း ဆယ်နာရီလောက်ကို မန္တလေးပြန်ဆင်းခဲ့ကြပါတယ်...။ မန်းရောက်ရင် 16လမ်းမြီးရှည်သွားစားမယ် ရှမ်းစာတွေသွားစားမယ်နဲ့တေးထားခဲ့တာ လပြည့်နေ့ဖြစ်နေလို့ 16လမ်းမြီးရှည်လည်းဆိုင်မထွက်ပါဘူး...။ မန္တလေးဆင်ကိုးကောင် ဖိနပ်ဆိုင်သွားလည်းဆိုင်မထွက်ပါဘူး..။ တစ်မြို့လုံးဆိုင်တော်တော်များများပိတ်ပါတယ်..။ ဒါနဲ့ အိမ်အပြန်လက်ဆောင်ဝယ်ဖို့ ဘူတာကြီးနားက ထိုးမုန့်ဆိုင်သွားကြတယ်..။ ထိုင်းအောင်မယ် ဆိုတဲ့ ရှမ်းဆိုင်မှာ ရှမ်းစာတွေတ၀ကြီးစားခဲ့တယ် ကောက်ညှင်းပေါင်း ငရုတ်သီးထောင်း ဆိတ်ဒုက္ခ သာကူလုံး ငှက်ပျောကောက်ညှင်း... အိုးး ဗိုက်ကို အင့်သွားတာပဲ (ဒီနေ့ကတော့အစားနေ့ပါပဲရှင်) ...။ ပြီးတော့ ထိုးမုန့်ဆိုင်သွားပြီး ရတနာပုံဈေး(sky walk) အဒေါ်ကခဏ၀င်တုန်း ဈေးရှေ့က ဖြူဖြူနဲ့ဗန်းကို စိတ်ဝင်စားလို့ ဓါတ်ပုံသွားရိုက်တယ်..။ အဲဒါ ထန်းသီးမုန့်တဲ့ ရန်ကုန်မှာထန်းသီးမုန့်က အ၀ါနဲ့ပဲမြင်ထူးတာကိုးး...။ ဘိန်းမုန့်လိုအချပ်လိုက်ကြီး ရောင်းတဲ့ကောင်မလေးက မုန့်တစ်တုံးလှီးပြီး အုန်းနို့ရည်ထဲနစ် အုန်းခြစ်ဆံနဲ့သကြားညှပ်ထည့်ပြီး အမြည်းကျွေးပါတယ်...ဗိုက်ကတော်တော်ပြည့်နေလို့ အားနာနာနဲ့မ၀ယ်ခဲ့ပါဘူး အမြည်းပဲစားခဲ့တယ် ဟီးး..။
နေ့လည်ကို ညီမတစ်ဝမ်းကွဲအိမ်သွားလည်ကြတယ် ...။ သူက သမီးလေးနှစ်ယောက်မွေးထားတော့ ကလေးတွေနဲ့သွားဆော့တယ်...။ ဓါတ်ပုံရိုက်တယ်...။ ညနေစောင်းတော့ တောင်တမံအင်း ဆက်သွားကြတယ်...။ မန်းမှာကပူအိုက်လွန်းလို့လားမသိဘူး လူကပြင်ဦးလွင်မှာ တနေကုန်လျှောက်သွားတုန်းကထက် ပိုပင်ပန်းတယ်...။ တောင်တမံအင်းအသွားလမ်းတလျှောက် အလှူခံတွေချည်းပဲ... ၀ါးလုံးနဲ့ကိုတားပြီးအလှူခံတာ ကျီးမနိုးပွဲအတွက်တဲ့...။ ပြီးတော့ မန်းမှာက ခုလိုတန်ဆောင်မုန်းလပြည့်ညဆို အိမ်တွေရှေ့မှာ မုန့်လုံးရေပေါ်လုံးပြီး လာသမျှသူတွေကိုကျွေးတဲ့ ဓလေ့လေးရှိတယ်...။ ခုလည်း မုန့်လုံးရေပေါ်တွေလုပ်ဖို့ပြင်နေကြတာကိုတွေ့ခဲ့ရတယ်...။ ဦးပိန်တံတားပေါ်တော့လူတွေခြေချင်းလိမ်လို့...။ အကြော်ဆိုင်တွေကလည်း ခါတိုင်းလိုပဲ သန့်ရှင်းမှုက တိုးတက်မလာပါဘူး... ယင်ကောင်တလောင်းလောင်းနဲ့ပဲ အမှိုက်တွေ ခုံအောက်မှာ ပွစိတက်နေလျက်ပါပဲ..။ အကြော်ကလည်း ဆီတွေအထပ်ထပ်ပြန်ကြော်ထားတော့ အရောင်ကညစ်နေပြီ..။ ဒါပေမယ့်လည်း စားခဲ့ပါတယ် ပြောင်းဖူးကြော် ဆိတ်သားခြောက်ထောင်းသုပ်နဲ့ အုန်းစိမ်းနု...။ အုန်းစိမ်းရည်ကတော့ သောက်လို့အကောင်းဆုံးပဲ..။
အဒေါ်အိမ်ပြန်ရောက်တော့ ရေမိုးချိုး ထမင်းစားပြီး ကားဂိတ်ပြန်ဆင်းရပြီ....။ အပြန်ကားက မောင်းတာပိုမြန်တယ် ရန်ကုန်ကို လေးနာရီခွဲကတည်းကရောက်ပြီ...။ အိမ်မှာ ခနပြန်အိပ် မနက်မိုးလင်းတော့ ပြန်ထ ရုံးတက်ရတယ်...။ 
ဒေးသရီးက တော်တော်မောသွားလို့ ဘာမှလည်း ဓါတ်ပုံမရိုက်လိုက်ရဘူး... ရှိတဲ့ပုံလေးတွေကိုဘဲ တင်ပေးလိုက်ရတယ်...။ မိုးငွေ့ရဲ့ ခရီးစဉ်လေးကို အစအဆုံးလိုက်ခဲ့သူများ အားလုံးကို ကျေးဇူးအကြီးကြီးပါ..။
မိုးငွေ့