မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 8 January 2013

ကမ္ဘာငယ်လေး.....



ဒီသီချင်းလေးကို တော်တော်များများနားထောင်နေကြတယ်...။ ဘယ်စီးရီး ဘယ်အမ်ဘမ်ထဲကလဲတော့ မသိဘူး ဆိုတဲ့သူ့က 9 One တဲ့ featuring က အိမ့်ချစ်ဆိုထားတာ...။ အေးအေးလေးနဲ့ နားထောင်လို့ကောင်းပါတယ်...။ 9 One က rapping ဆိုတယ် အိမ့်ချစ်က melody လိုက်ထားတာ....။ မဆိုးပါဘူး....။ ခုခေတ်သီချင်းတွေ တော်တော်များများကို လိုက်နားထောင်နိုင်သေးတာပဲလို့ ကိုယ့်ကိုယ်ကိုပြန်တွေးမိတယ်.....။ နောက်ပိုင်း ကိုယ်တို့လိုလူလတ်ပိုင်းတွေက ခေတ်သီချင်း လူငယ်အကြိုက်သီချင်းတွေကို ဆူဆူညံညံမို့ သိပ်နားမထောင်ဖြစ်ကြဘူးလေ...။ အများအားဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်မှသာ ဘာသီချင်းတွေအသစ်ထွက်တယ် လူကြိုက်များတဲ့သီချင်းက ဘာလဲဆိုတာသိတာကိုး..။

ပြီးတော့ မြန်မာပြည်နဲ့ ဝေးကွာနေတဲ့ တိုင်းတပါးရောက် မြန်မာညီအစ်ကိုမောင်နှမတွေလဲ အပ်ဒိတ်လေးဖြစ်အောင်လို့ ကိုယ်နားထောင်ဖြစ်နေတဲ့ လူငယ်ကြိုက် ခပ်အေးအေးနဲ့ နားထဲဝင်နိုင်မယ့် သီချင်းမျိုးတွေကို ရွေးခြယ်ပြီး တင်ပေးချင်တဲ့ ဆန္ဒလေးတွေကြောင့်ပါ...။ ပြောသာပြောနေတာ တကယ်တော့ နိုင်ငံခြားမှာကလိုင်းကောင်းလွန်းလို့ ယူကျုကနေ သီချင်းအသစ်တွေကို မွှေနှောက်ရတာ  ကိုယ်တွေထက်တောင် အပ်ဒိတ်ဖြစ်နေကြပါသေးတယ်...။

ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှာ ပင်ပန်းနွမ်းနယ်မှုတွေ စိတ်ရှုပ်စရာတွေကို တခဏဘေးဖယ်ထားပြီး သီချင်းလေးကို နားဆင်သွားကြပါဦးလို့...း)

မိုးငွေ့


8 comments:

ထရီဆာ said...

မမိုးရေ .. သိပ်နှစ်သက်တဲ့ သီချင်းလေးပေါ့ရှင်

လွင်ပြင်လှိုင်းငယ် said...

သီချင်းလေးခံစားသွားပါတယ်ဗျာ ။

မိုးနတ်ကြယ်စင် said...

အဲဒိတီချင်းက မီးမီးကြိုက်ကြိုက်......:)
စထွက်ပြီးကတည်းက ခုချိန်ထိနားထောင်နေတာ မရိုးသေးဘူး...
ကျေုးဇူးပါနော်မမမိုးငွေ့....
ချစ်တဲ့.....မိုးနတ်

. . လင်းခေတ်ဒီနို . . said...

အင်း နားထောင်နိုင်သေးတယ်လို့ ထင်တာပဲး)

Candy said...

အဲ့သီချင်းလေး အရမ်းကြိုက်တာ.. မမမိုးငွေ့ရှယ်တော့ ထပ်နားထောင်သွားတယ် :D

ရိုးမြေကျ said...

အဲဒီသီချင်းလေးတော်တော်ကောင်းတယ်။ အိမ့်ချစ်ဆိုထားတာလေးမိုက်တယ်နော်မမ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ခုမှ နားထောင်ဖူးတာ .. ကောင်းတယ် မိုးငွေ့ .. ချစ်စရာလည်းကောင်းတယ်

san htun said...

ဒီလိုသီချင်းကိုတော့ ကြိုက်တယ်..မြန်မာပြည်က သီချင်းကောင်းလေးတွေ တင်ပေးဦးနော် မမိုး..