မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 4 January 2013

ငါအကြောင်းနဲ့ငါ့ကံ.....



မီးမီးခဲ နောက်ဆုံးထွက်ထားတဲ့ Miss Call အမ်ဘမ်ထဲကပါ....။ မစ်ကောထဲမှာ ဒီသီချင်းကို လူကြိုက်များကြတယ်...။ ကိုယ်လဲကြိုက်တယ်...။ မီးမီးခဲရဲ့ အသံသြရှရှလေးနဲ့ ခပ်ဆွေးဆွေးလေးဆိုထားတာကို သိပ်သဘောကျတယ်...။ အသဲကွဲသီချင်းတွေချည်း နားထောင်နေမိတာတော့ အသဲကွဲနေတာလို့အထင်လွဲကုန်ဦးမယ်...။ အသဲကွဲနေတာကပို့စ်တွေထဲမှာပါ...။ အပြင်မှာက ဒီမိန်းမအသည်းမာလွန်းလို့ပါ...ဟဲ..ဟဲ...။ အစကတည်းက သီချင်းနားထောင်ဖြစ်ရင် အဲလိုခပ်အေးအေး ခပ်ဆွေးဆွေးသီချင်းတွေကိုပဲကြိုက်တာကိုး...။ ပြီးတော့ ဒီသီချင်းတွေက ခံစားချက်ရှိနေရင်လည်း ထွက်ပေါက်အဖြစ်နဲ့နားထောင်ကောင်းသလို ...အိပ်မပျော်တဲ့ညတွေ အတွက်လည်း အိပ်ဆေးဖြစ်နိုင်ပါသေးတယ်...။ ကိုယ့်အတွက်တော့အဖော်ကောင်းပဲ...း) ။

ဒီသီချင်းထဲကလိုပဲ... ကိုယ့်အကြောင်းနဲ့ကိုယ့်ကံပဲပေါ့...မဟုတ်လား....။ ဘယ်တတ်နိုင်ပါ့မလဲနော်......။
“အသက်ရှင်နေချိန်မှာ ကြိုးစားခွင့်ရှိသေးတာကို သတိမပြုမိတဲ့ အန်တိုနီယိုက အရူး” တဲ့...မိုးသက်ဆီကမ'လာတာ...။ ဘယ်သူ့ကိုမှ ကိုယ်...“အန်တိုနီယို”လို အရူးလို့မပြောချင်ပါဘူး... သူ့အကြောင်းနဲ့သူ့ကံပေါ့နော်...။

မိုးငွေ့


7 comments:

လွင်ပြင်လှိုင်းငယ် said...

မီးမီးခဲ အသံကိုတော့ကြိုက်တယ် ။အသဲကြီးကွဲနေကြတာပဲ ။

ညိမ်းနိုင် said...

နားထေင်လို့ကောင်းတယ်.....၊ပုံမှန်ဆို ဖြူဖြူက လွဲလို့
အမျိုးသမိးအဆိုတော်တွေရဲ့ သီချင်းတွေကို နားမထောင်
ဖြစ်ဘူး...၊မကြိုက်လို့မဟုတ်...၊ကိုယ်တွေလိုက်ဆိုလို့
မကောင်းလို့....၊ဒီသီချင်းလေးကိုတော့ ၃ ၄ ခေါက်လောက်
နားထောင်ဖြစ်တယ်...။

ပန်းချီ said...

မီးမီးခဲ ကိုအသံရော၊ ရုပ်ကလေးရောချစ်တာ အစ်မရေ။ သူ့သီချင်းတွေကိုတော့ ပြောမနေပါနဲ့တော့။ အစ်မရေးထားတဲ့ နောက်ဆုံးစာကြောင်းလေး ခိုက်တယ်း)

သဒ္ဓါလှိုင်း said...

နားမထောင်ဖူးသေးတဲ့ သီချင်းလေး နားထောင်ခဲ့ရတယ်။
သီချင်းတွေနဲ့တောင် ဝေးကွာနေတယ်...

ချစ်တဲ့
သဒ္ဓါ

အလင်းသစ် said...

သီချင်းလေး နားထောင်ရင်း တူတူလွမ်းသွားပါတယ်ဗျာ... :)

ချစ်ကြည်အေး said...

မီးမီးခဲ အမစ်မလည်း ကြိုက်တယ် ညီမမိုးရေ...။ နားထောင်သွားပါတယ်။ သူ့ ဒီအခွေက ထင်သလောက် မပေါက်ဘူးနော်..

Candy said...

သီချင်းလာနားထောင်တယ် မမမိုးငွေ့ရေ...
အေးအေးလေး ကန်ဒီ့အကြိုက် :D