Thursday, 29 November 2012

ကီဗွီသီးဆလတ်.....

 ချိုချဉ်အီဆိမ့်မွှေးကီဗွီသီးသုပ်
ပါဝင်ပစ္စည်းတွေအကုန်လုံးကိုရောနယ်ထားတဲ့ kiwiသီးသုပ်

လိုအပ်တာက လေးမျိုးတည်းပါ kiwi သီးနှစ်လုံး ချယ်ရီခရမ်းချဉ်သီး ရှစ်လုံးနဲ့  သုံးပုံတပုံရေနွေးဖျောထားတဲ့ ဥနီအတုံးသေးလေးတွေ...ပြီးတော မိုင်ရောနစ် ထမင်းစားဇွန်းနှစ်ဇွန်း

 ဒါက မနက်ရုံးမသွားခင် စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲနဲ့ ကော်ဖီတစ်ခွက်


မိုးငွေ့


Monday, 26 November 2012

စပိန်အောမလက်ကြော်၊ ငါးကြင်းပေါင်း၊ ငံပြာရည်ကြော်နဲ့ ကြက်သားငါးပိချက်





အာလူးနှစ်လုံး၊ငရုတ်ပွနှစ်လုံး၊ကြက်သွန်နီနှစ်လုံးသေးသေးစိပ်ထား...။ ကြက်ဥငါးလုံးကို ဆားနဲနဲ ကြက်သားမှုန့်ထည့်ပြီးပွအောင်ခလောက်ထားပါ...။ သေးသေးစိပ်ထားတဲ့ သုံးမျိုးကို ထောပတ်နဲ့နွမ်းနေအောင်ကြော်ပေးပြီး ကြက်ဥထဲရောထည့်မွှေထားပါ....။ ဆီပူပူမှာ အစာပလာတွေရောထားတဲ့ ကြက်ဥကိုလောင်းထည့်ပြီး မီးဖြေးဖြေးနဲ့ ပုံမပျက်အောင်ကြော်ပေး အပေါ်က ကြက်သွန်မှိတ်ဖြူးပေး..။ ဒါဆို မွှေးပျံ့တဲ့ စပိန်အောမလက်ကြော်ရပြီရှင့်...။

 
ငါးကြင်းပေါင်း  Evy's Kitchen ဆီက ပေါင်းနည်းလေးယူထားတာ..။ အရမ်းစားကောင်းတယ် ထမင်းပူပူလေးနဲ့စားတာ...ငါးအသားနုနုလေးနဲ့ ပဲငံပြာရည် ငရုတ်ကောင်းအရသားလေးနဲ့လေ...


ဆီပူပူမှာ ကြက်သွန်ဖြူဆီသတ် ရွှေဝါရောင်သန်းလာရင် ငရုတ်သီးခွဲခြမ်းထည့်ကြော် နှစ်မိနစ်လောက်မွှေပေးပြီးရင် ပုဇွန်ခြောက်မှုန့်ထည့်ကြော်... ငံပြာရည်ထည့်ကြော် ဆီပြန်လာတဲ့အထိတည်ပေး ရပြီ..


ငံပြာရည်ကြော်+တို့စရာသခွား သရက် ခရမ်းကြွ့ပ်



                                                     ကြက်သားငါးပိချက်


ငါးပိချက် ချက်နည်းက လူတိုင်းသိပြီးသားမို့ အထူးတလည်မပြောပြတော့ဘူးနော်...။ သူ့ကိုတော့ ဆလပ်ရွက်နဲ့တွဲစားတာပိုကောင်းတယ်...။

စားမြိန်ကျန်းမာအဟာရကြွယ်ဝလို့ ပျော်ရွှင်ကြပါစေ....း)


မိုးငွေ့

Saturday, 24 November 2012

ကျေပါတော့ အိန်ဂျယ်.....

အဲဒီလို ရေးခြစ်ခဲ့မိပါသည် ....အိန်ဂျယ်
အငွေ့ကိုပုံဖော်တော့ ပျောက်ပျက်လွယ်တာပေါ့နော်....
ဒါပေမယ့် ရင်ထဲမှာ ထာဝရဖော်ဆောင်ထားတဲ့ ချစ်ခြင်းတရားတွေကတော့ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ပါဘူး.....
ဂီတသံစဉ်တွေလည်း ကိုယ့်ကိုမဖြေသိမ့်ပေးနိုင်ကြဘူး.....

စိတ်ညစ်တယ် စိတ်ညစ်တယ် ခေါင်းတွေကိုက်လာပြီ.....

မျက်ရည်ခါးခါးနဲ့ ကော်ဖီခါးခါးတစ်ခွက်ကို ရောသောက်ကြည့်လိုက်တယ်
ခံစားချက်ခါးခါးတွေများပျောက်သွားမလားလို့ပေါ့....

အဲဒီပုံလေးထဲက စာသားလေးအတိုင်း မင်းအတွက်ကိုယ်လုပ်ပေးခွင့်ရှိချင်တယ်....အိန်ဂျယ်...
ဘ၀မုန်တိုင်းများအောက်မှာ မင်းလက်ကိုဆုတ်ကိုင်တွဲထားချင်တယ်.....

မင်းကတော့ထင်မှာပေါ့ ကိုယ်ပျော်နေမယ်လို့.... 
အနားနားတိုးကြည့်ကြည့်ပါ...ကိုယ့်မျက်ဝန်းမှာ မိုးတွေရွာနေတယ်....

 
My Angel ... Where have you gone?
 ~~~~~~~~~~မင်းဘယ်ဆီမှာလဲ အိန်ဂျယ်~~~~~~~~~~


 နေမ၀င်အလွမ်းများ

 You hurt me like i hurt you.....

 I'll be waiting for you forever....


ကိုယ်အဆင်ပြေမှာပါ....ဒါပေမယ့် ဒီနေ့တော့မဟုတ်ဘူး

မိုးငွေ့

Thursday, 22 November 2012

မိန်းကလေးတစ်ယောက်အသည်းကွဲနေသည်........





ခေါင်းစဉ်ကိုဖတ်ပြီး ဖြူဖြူကျော်သိန်းသီချင်းလို့တော့ထင်သွားကြမှာပဲ.......။

တကယ်တော့ မိန်းကလေးတစ်ယောက်အသည်းကွဲနေတာပါ.....။ အစကတည်းက ဒဏ်ရာပရပွနဲ့ အသဲတစ်ခု ထပ်ပြီးကွဲအက်သွားတာဟာ အဆန်းတော့မဟုတ်ပေမယ့်...နာကျင်ရတဲ့ ဒဏ်ကတော့ ပိုပိုနက်လာတယ်လို့ ကိုယ်ထင်တယ်.....။

လောကကြီးကို မထီမဲ့မြင်ပြု...နှုတ်ခမ်းကိုတစ်ချက်ကိုက် မဲ့ရွဲ့ပြီး ကောင်းကင်ကိုမော့ကြည့်တော့ ..အခါတိုင်းလိုပဲ ကြယ်ပွင့်ကလေးတွေကပြုံးပြနေကြတယ်...။ ပါးပြင်ပေါ်က လက်ခနဲလှိမ့်ဆင်းလာတဲ့ မျက်ရည်ကြည်တွေကို လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်မိတယ်...။ အဲဒီညတုန်းက အမှောင်ထုကိုခွင်းလို့ လင်းလက်သွားတဲ့ မင်းအပြုံးဖြူဖြူတစ်ပွင့်ဟာ.... ကိုယ့်အတွက် နောက်ဆုံးလက်ဆောင်လို့တော့ မပြောလိုက်ပါနဲ့....။

ကိုယ့်ရဲ့စကားတစ်ခွန်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်က ခုတော့ ကိုယ့်ဘယ်ဖက်ရင်အုံကို စူးစူးနစ်နစ်နာကျင်အောင်ပြုစားလိုက်ပြီ....။

သူ့ကို မြင်နေကျနေရာမှာမတွေ့ရတော့ဘူး.....။ သူကိုယ့်ကို အပြီးရှောင်ပုန်းလိုက်ပြီလား.....။ တစ်သက်လုံးကိုယ်ယောင်ဖျောက်ပစ်လိုက်တော့မှာလား....။

တခါတခါကျရင် ကိုယ်ဟာ အချစ်ကျိန်စာသင့်နေတာများလားလို့တောင် ကိုယ့်ကိုယ်ကိုသံသယဖြစ်မိတယ်.....။ 

နေလို့မကောင်းဘူး....။ ရင်ထဲမှာပူပူလောင်လောင်နဲ့....။ တခုခုစားနေရင်းနေရာကထပြီး ဗီဒိုတွေလျှောက်ဖွင့်ကြည့်မိတယ်...။ လုပ်နေတာတစ်ခု အတွေးကတခြား အဲလို ကယောင်ခြောက်ချားဖြစ်နေတယ်...။ ကျန်းးး ရင်မကျပ်သေးပါလားလို့ ဆရာကြီးစကားနဲ့ပြောလို့ရတယ်...။
ညီမတစ်ယောက်ကပြောတယ်...မယုံပါဘူး အဲမျက်နှာကိုလာကြည့်ဦးမယ်တဲ့....။ ကိုယ့်မျက်နှာမှာ ကိုယ့်ခံစားချက်တွေကိုဝှက်တတ်နေတာကြာပြီကွယ့်...လာကြည့်လဲ တွေ့မှာမဟုတ်ဘူးလို့...။

မင်းကို ဖုန်းဆက်ပြီးတခုခုပြောသင့်သလား....ကိုယ်မဆက်ချင်ဘူးဆိုတာက ကိုယ့်ရဲ့အပြောအဆိုတွေကို ကိုယ်မယုံကြည်လို့ပါ ...။ ပြီးတော့ မင်းအတွက်နဲ့မိန်းကလေးတစ်ယောက်အသည်းကွဲနေတာ မင်းမယုံမှာစိုးလို့ပါ....။ ကျေးဇူးပြုပြီး ဆိုင်းလန့်ရီတာအဖြစ်နဲ့တိတ်တိတ်ကလေးလာဖတ်ပေးပါ ရပါတယ်..။ ကိုယ့်ရေးချထားတဲ့ မင်းနဲ့ပတ်သက်တဲ့ စကားလုံးတိုင်း စကားလုံးတိုင်းဟာ..မင်းအပေါ်ထားတဲ့ အကြင်နာတွေနဲ့ ထပ်တူညီမျှနေပါတယ်ဆိုတာ နားလည်ပေးပါ အိန်ဂျယ်......။

ကျန်းးး ရင်မကျပ်သေးပါလား = ကြည့်စမ်း မရင့်ကျက်သေးပါလား

Bonus......မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်

မိုးငွေ့

Tuesday, 20 November 2012

နိုင်ဝင်ဘာ 14.....



 

ဒီလမ်းကြားလေးက ကိုယ်ဖြတ်လျှောက်နေကျပါ။။။ ဒါပေမယ့် အဲဒီညတုန်းကမင်းနဲ့တစ်ခါလေးပဲဖြတ်လျှောက်လိုက်ရလို့ ကိုယ့်အတွက် အမှတ်တရလမ်းကြားလေးဖြစ်သွားပြီသိလား အိန်ဂျယ်….။ ပြီးတော့ အဲဒီလမ်းထိပ်က မင်းနဲ့ မိနစ်ပိုင်းကလေးအတူထိုင်ခဲ့ဖူးတဲ့ အုတ်ခုံလေးကိုရောပဲ။ 

ဒါပေမယ့်ကွယ် ကံကြမ္မ္မာ္မအပြောင်းအလဲက သိပ်ကိုမြန်ဆန်လွန်းပါတယ်….။ ကိုယ့်နှုတ်ကထွက်သွားတဲ့ စကာတစ်ခွန်းက ကိုယ့်ရင်ဘတ်ကို မြှားအစင်းပေါင်းမြှောက်စွာပြန်ထိမှန်စေခဲ့တယ်….။ 
ယောကျာင်္းတစ်ယောက်ရဲ့မာနနဲ့ သိက္ခာကို ထိခိုက်သွားခဲ့တဲ့ ကိုယ့်စကားကြောင့်နာကျည်းမှုတွေနဲ့ ကျောခိုင်းထွက်သွားခဲ့တဲ့ မင်းကျောပြင်ကို မှုန်ဝါးမှိန်ဖျော့တဲ့အထိ ကိုယ်ကြည့်နေခဲ့မိတယ်….။ 

ကိုယ်တောင်းပန်ပါတယ် အိန်ဂျယ်…။ ကိုယ့်ကို မင်းခွင့်မလွတ်ပေးနိုင်တော့ဘူးတဲ့လား…။ ကိုယ့်ဆီကိုဘယ်တော့မှပြန်မလာတော့ဘူးတဲ့လား….။
ဖဘသုံးရင်  မီးမစိမ်းတဲ့ မင်းနာမည်က ကိုယ့်ဆိုဒ်ဘားမှာ အမြဲတမ်းထိပ်ဆုံးမှာပေါ်နေကျ….။ ဒီနေ့ကိုယ်တချက်လှမ်းကြည့်လိုက်တော့ မင်းပျောက်နေတယ် ကိုယ်ချက်ချင်း search မှာသွားရှာလိုက်တာ…။ မင်း ကိုယ့်ကို unfriend လုပ်ထားတယ်…..။ ကိုယ့်ကိုမင်းတကယ် စိမ်းပြတ်နိုင်တယ်နော်….။ အင်းလေ အစကတည်းက ကိုယ်ဟာ မင်းအတွက် စွဲလန်းတမ်းမက်စရာဘာမှ မှမရှိခဲ့တာဘဲ…။ 

ကိုယ်တကယ်စိတ်မကောင်းဘူး…အဲဒီညက ကိုယ့်ကိုအမုန်းများစွာနဲ့ ကျောခိုင်းထွက်သွားတဲ့ မင်းကျောပြင်ကို ကိုယ့်တစ်သက်ဘယ်တော့မှမေ့မယ်မထင်ဘူး….။ ပြီးတော့ ကိုယ့်ဖုန်းကိုဆက်ပြီး အကြာကြီးစကားလုံးတွေနဲ့ ပစ်ဖေါက်ခွဲသွားခဲ့တဲ့ မင်းအသံတွေ….။ ကိုယ်ဘာမှပြန်မပြောနိုင်ခဲ့ဘူး…။ ကိုယ်တောင်းပန်ပါတယ် အိန်ဂျယ်…ကိုယ်တကယ်တောင်းပန်ပါတယ်…. ကိုယ့်ကို အဲလိုထားမသွားပါနဲ့…..။ မင်းမရှိရင် ကိုယ့်ကမ္ဘာအမှောင်ကျသွားလိမ့်မယ်….။ ကိုယ့်စကားလုံးတွေအားလုံးသေဆုံးသွားလိမ့်မယ်……။ ကိုယ့်မျက်ရည်တွေ ချောင်းစီးကုန်လိမ့်မယ်..။

ဖဘမှာတောင် unfriend လုပ်ထားတာ ကျန်တဲ့ ဂျီတော့တို့ ဖုန်းတို့ကိုလဲ မင်းဘလော့လုပ်ထားလိုက်ပြီမဟုတ်လား…။ ကိုယ်ဟာ မင်းအတွက် တကယ်ပဲ မုန်းစရာမိန်းမတစ်ယောက်ဖြစ်သွားပြီလား အိန်ဂျယ်…ဟင်….ပြောစမ်းပါဦး။

မိုးငွေ့

Sunday, 18 November 2012

အမုန်းမီးလျှံ.....


















အလင်းတန်းတစ်ခု......
အဖြူရောင်အလင်းတန်းလေးတစ်ခု...ကိုယ့်ရှေ့ကနေ...ဟိုးးး အဝေးကြီး အဝေးကြီးကိုလွင့်သွားခဲ့တယ်....။ ကိုယ့်ရဲ့ အပြုအမူအပြောအဆိုတစ်ခုကြောင့်ပေါ့......။ အလင်းတန်းရဲ့လွင့်စင်သွားမှုအရှိန်တန်ပြန် မီးလျှံတွေက ကိုယ့်ကိုချက်ချင်းပြန်လာဟတ်တယ်....။ ကျွမ်းလောင်ပြီးသား နှလုံးသားတစ်ခုအတွက် ပြာမှုန်ဖြစ်သွားတော့ရော ဘာများထူးခြားလာဦးမလဲကွယ်....။

ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ မင်းအတွက် မင်းသိက္ခာကိုအကြီးအကျယ်ထိခိုက်သွားမယ့်စကားဖြစ်မှန်းမသိဖြစ်သွားခဲ့တယ်...မှန်တယ်...။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်စေတနာက အဲလိုရည်ရွယ်ချက်မျိုးမရှိရိုးအမှန်ပါ....။ ကိုယ့်ကို...မင်းစိတ်နာသွားပြီလား....။ မုန်းသွားပြီလား....ဟင် အိန်ဂျယ်....။ ကိုယ်တော်တော်မကောင်းတဲ့ မိန်းမတစ်ယောက်ပဲနော်.....။ ကိုယ်ကစာရေးပဲကောင်းတာ အပြောအဆိုမှာတော့ တဖက်ကမ်းခတ်လောက်အောင် ညံ့ပါတယ်...။

ကိုယ်တစ်ညလုံးမင်းရဲ့ပေါက်ကွဲသံစဉ်တွေကို ဘာမှပြန်မပြောဘဲ နားထောင်ခဲ့တယ်...။ မင်းရင်ထဲက ခံစားချက်ခပ်ပြင်းပြင်းရှရှစကားလုံးတချို့တွေက ဖုန်းလိုင်းကတစ်ဆင့် ကိုယ့်ခန္ဓာတစ်ခုလုံးကို ဓါးသွားလိုပဲမွှန်းရှသွားခဲ့တယ်...။

ရပါတယ်....မင်းဆီက အကောင်းအဆိုး ကိုယ်ဘာမှမျှော်လင့်ထားတဲ့သူမဟုတ်တာမို့... မင်းရဲ့တုန့်ပြန်မှုတိုင်းဟာ တခါတရံနူးညံ့နေတဲ့အခါရှိမယ် တခါတရံပြင်းထန်တဲ့အခါရှိမယ်... အရာအားလုံးကို လက်ခံနိုင်စွမ်း ကိုယ့်မှာအပြည့်ရှိပါတယ်.....။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့စိတ်စေတနာ ချစ်ခြင်းတရားတွေက အမြဲဖြူစင်နေလို့ပါပဲ....။

ကိုယ့်ဆီကို မင်းဘယ်တော့မှမလာတော့ဘူးတဲ့လား........။ ကိုယ်အမြဲတွေးကြောက်နေမိခဲ့တဲ့ နှုတ်ဆက်မှုမျိုးနဲ့ ကိုယ့်ကိုတကယ်ထားသွားပြီလား....။ ဟင့်အင်း ...ကိုယ်မင်းနဲ့ဆုံချင်သေးတယ် စကားတွေအများကြီးပြောချင်သေးတယ်....မင်းရဲ့အခက်အခဲတွေကို တွဲကူဖေးမချင်သေးတယ်... ကိုယ့်ကိုလက်ခံပေးပါ အိန်ဂျယ်...။

မိုးငွေ့


Thursday, 15 November 2012

နိုဝင်ဘာည.....




ကိုယ်အိမ်မပြန်ချင်သေးဘူး.........ညရဲ့ဆောင်းဦးလေပြေတချို့ကို ရှူရှိုက်ခွင့်တစ်ခဏလေးတော့ ရပါရစေ......။ ပြီးတော့ သံစဉ်ခပ်ပါးပါးလေးတွေနဲ့ ကိုယ်မဝေးကွာချင်သေးဘူး....။ တစုံတရာရဲ့ ဆွဲငင်သိမ်းနှုတ်မှုကို ခံစားမိနေတယ်...။ ဒါပေမယ့် ဒါဟာ အတွေးသက်သက်ပါပဲ...။ စိတ်ထဲကိုနွမ်းလျမှုတစ်ခု ဖြတ်ပြေးသွားတယ်...။

ထွက်သက်နွေးနွေးတစ်ခု.... စိုရဲလက်နေတဲ့ နှုတ်ခမ်းတစ်စုံ... ရီဝေနေတဲ့ မျက်လုံးနဲ့ မက်မွန်သီးရောင်ပါးပြင်တွေ...ပြီးတော့ ကိုယ့်လက်ဖမိုးပေါ်ကျရောက်လာတဲ့ လက်ချောင်းတွေရဲ့ ထိတွေ့မှုက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်အရွယ်လောက်ကဆိုရင် တော်တော်လေးကို ရင်ခုန်ညွှတ်နူးဖွယ်ကောင်းခဲ့မှာပါ.....။

သူဟာ...ကိုယ့်အတွက် တစ်သက်စာရေးမကုန်တဲ့ အက်ဆေးလှလှတစ်ပုဒ်လား.....။ လူတွေရိုးအီသွားမှာကို ကိုယ်ကြောက်နေမိခဲ့တဲ့ သူ့အကြောင်းတချို့ကို ကိုယ်အချိန်ကြာကြာတစ်ခုမှ ရေးဖို့စဉ်းစားထားခဲ့မိပေမယ့် သူကိုယ်တိုင်က ကိုယ့်ကို စာတွေအရေးကျဲသွားပြီနော်လို့မှတ်ချက်ချလိုက်တာဟာ... တည်ငြိမ်ချင်ဟန်ဆောင်နေတဲ့ ကိုယ့်နှလုံးသားကို လှုပ်နှိုးလိုက်သလိုပါပဲ...။

သူ့ခံစားမှုခါးခါး သူ့ဘ၀ခါးခါးတွေကို အတွင်းကျကျကိုယ်မဖတ်ချင်ခဲ့ဘူးဆိုတာ.... ကိုယ့်ရဲ့အက်ဆေးလှလှမှာတော့ ကိုယ့်ရဲ့ စကားလုံးတွေကိုမြင်ပြီး သူ့ဘ၀လေးရင်ခုန်ကြည်နူးမှုတချို့စိမ့်ဝင်နေစေချင်ခဲ့တာကြောင့်ပါ...။ ကိုယ့်နှလုံးသားနဲ့ခံစားချရေးခဲ့တဲ့စာတွေဟာ သူ့အတွက် အားတစ်ခုဖြစ်စေချင်ခဲ့တာပါ....။

ညက အေးစက်တိတ်ဆိတ်နေတယ်လို့ထင်ရပေမယ့်.... လမ်းမီးအလင်းပျပျတွေနဲ့ မောင်းနှင်နေတဲ့
ကားတစ်စီးစနှစ်စီးစကြောင့် ကိုယ်နဲ့ဆန့်ကျင်စွာ အသက်ဝင်သေးနေကြောင်း သိသာနေတယ်...။ မျက်နှာကိုလာရိုက်ခတ်တဲ့ လေအေးတချို့ကိုခံယူရင်း နိုဝင်ဘာရဲ့ အေးစိမ့်မှုအငွေ့အသက်ကိုရသွားသလို တပြိုင်နက်ထဲ ရင်ထဲက အပူငွေ့တချို့ကနေရာယူသွားတယ်....။

Good Night!!!  My dear......

အချိန်တန်ရင် ခွဲခွာကြရမယ့်သူတွေဆိုပေမယ့်လည်း အကြိမ်ကြိမ်နှုတ်ဆက်မှုတွေမှာ ဘယ်တစ်ချိန်ဟာ နောက်ဆုံးဖြစ်လာမလဲဆိုတာ တွေးကြောက်မိနေတယ်..။

မိုးငွေ့

Monday, 12 November 2012

ရှင်းလင်းခြင်း.....

ဒီစာအုပ်ပုံးကိုရှင်းမယ်လို့ကြံစည်နေတာကြာပြီ ပျင်းနေတာနဲ့လေ...
တွေ့လားကော်ဖီရနံ့နှစ်အုပ် အဲဒါကိုယ့်စာအုပ်မဟုတ်သေးဘူး(ကညိမ်းနဲ့ညီရဲအတွက်) ကိုယ်ဝယ်ထားတာက အန်တီတင့်ကိုလက်ဆောင်ပေးလိုက်ပြီ ကိုယ့်အတွက်တစ်အုပ်အသစ်ပြန်ဝယ်ရဦးမယ် ....

 ဆရာကြီး(ကိုညိမ်း)ရဲ့ ကောင်းကင်ဇာတ်လမ်းလေး ကြိုက်လွန်းလို့ ပရင့်အောက်လုပ်ထားတာ

စခရင်မ်သန့်ရှင်းရေးလုပ်တဲ့အရည်...အဲဒါ Note Book ၀ယ်တုန်းကပါလာတာလားမသိ တစ်ခါမှမသုံးဖြစ်သေးဘူး

ဟိုတလောက ဟာ့ဒစ်ကြွသွားတဲ့ ကိုယ့်ရဲ့ လက်ဆွဲတော်ကြီးပေါ့

အဟဲ တစ်ခါတည်း သန့်ရှင်းရေးလုပ်ပေးလိုက်တယ်...ဟော..ပြောင်လက်သွားပြီ အသစ်အတိုင်းပဲ


မနှစ်တုန်းက ဆေးမှတ်တမ်းတွေ

အိပ်ခါနီး ယူယူဖတ်ပြီး စာအုပ်စင်မှာပြန်မထားဖြစ်တဲ့ စာအုပ်တွေ ပြီးတော့...ကိုလေးရဲ့ လီမီတက်အက်ဒီရှင်

အရင်တုန်းက ပို့စ်စကပ်လေးတွေဝယ်တာ သိပ်ဝါသနာပါတယ် ငယ်တုန်းကပေါ့...ခုတော့ ဒီတစ်ခုကိုပဲ စာသားလေးကြိုက်လို့သိမ်းထားတာ...ဒါက မျက်နှာဖုံးကစာသား
ဒါလေးက အတွင်းပိုင်းကစာသားလေး... 
မိုက်တယ်နော် Miss” ဆိုတဲ့ လွမ်းဆွတ်တသခြင်းကို အဓိပ္ပါယ်လှလှလေးဖွင့်ထားတာ....

ကိုယ်ကလက်ရေးလေးတွေစုရတာကြိုက်တယ် လက်ရေးလှတာလေးတွေတွေ့ရင် သိမ်းထားတတ်တယ် ဒီစာအိတ်လေးက ရုံးက Supplier တစ်ယောက်ဆီက အကြွေးတောင်းစာလေးပါ

လက်ဆောင်ရထားတဲ့ တရုတ်ဖြစ်ပစ္စည်းလေးပါ...တာချီလိတ်တရုတ်တန်း တာလော့ရပ်က
အရောင်လေးတွေကတော့လှတယ်... သိပ်မကိုင်ဖြစ်ဘူး  ..ကိုယ်ကနဲနဲအစွဲကြီးတယ် ပိုက်ဆံမ၀င်တဲ့အိတ်ဆို မကိုင်တော့ဘူး ပစ်ထားတာ


အမ်ဘမ်အဟောင်းလေး နှစ်အုပ်တွေ့တယ် ဒီပုံလေးက အနန္တမေတ္တာရိပ်မွန်က ကလေးလေးတွေကို မွေးနေ့မုန့်သွားကျွေးတုန်းက
တော်တော်ကြာပြီ 2002 တုန်းကထင်တယ် ဘွဲ့ယူတာလဲ အဲနှစ်ပဲ ဆံပင်တုနဲ့ယူရတာ ကတုံးဖြစ်နေလို့
မီး,ဘယ်တစ်ယောက်လဲ ပြောပြနိုင်ရင် မုန့်ကျွေးမယ်...
ကျောင်းတုန်းက မန်းလေး ပုဂံ ပုပ္ပါး ခရီးထွက်တုန်းက long long ago ကပုံတွေပြန်ကြည့်ရတာ လူပုံတွေက ရယ်စရာလေးတွေ...
မိုးငွေ့နှင့်အတူ ဖြစ်တည်မှုအစ.....

ဒီစာအုပ်ထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်plan လုပ်ထားတဲ့ အိပ်မက်သေးသေးလေးတစ်ခုရှိတယ်

Note Book မရှိခင်က မိုးငွေ့ရဲ့ စာကြမ်း စိတ်ကူးရတိုင်း ချရေးဖြစ်ခဲ့တဲ့နေရာ

တခါက အသည်းကွဲဒိုင်ယာရီတစ်ပုဒ်
အင်္ဂလိပ်စာကျောင်းတက်တုန်းက သီချင်းကူးထားတာလေးတွေ
Mango ကက်သလောက်စာအုပ်လေးပါ ကြိုက်လို့ သိမ်းထားတာ

မဂ္ဂဇင်းတွေထဲက ကိုယ်ကြိုက်တဲ့ စာမျက်နှာတွေကိုဖြဲပြီး ယူထားတာ ဟိဟိ

ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းအစုံအစေ့ထည့်ထားတဲ့အိတ်

မပန်ရဲ့စာတွေ ကြိုက်လို့ ပရင့်အောက်ထားတာ

မသက်ဝေရဲ့ အတူတူဆိုရင်

ကိုကြီးကျောက်ရဲ့ ဇ၀နတွေလွှမ်းနေတတ်တဲ့စာတွေ

မနော်ရဲ့ အက်ဆေးလှလှတွေ





အဲလိုညှပ်ပြီးသိမ်းထားတယ် စုပြီး

လွင်ပြင်နဲ့မစံပယ်ကိုလက်ဆောင်ပေးဖို့ ကြိုးညှိခြင်းကဗျာစာအုပ်နဲ့ ကော်ဖီရနံ့
လူကြုံနဲ့ပို့ထားပေးတယ် .. ကော်ဖီရနံ့နောက်တစ်အုပ်က ဖြိုးအတွက်ပါ...
အင်း 12နိုဝင်ဘာ...ဒီနေ့ဆိုရောက်ပြီ 

မချောစုရဲ့ ဟင်းချက်စာအုပ်လဲဝယ်ထားတယ်...

အားလုံးရှင်းသွားပြီ...လို့ထင်တယ်...အမှန်တကယ်တော့ ပုံးထဲကမလိုအပ်တာလေး ဖယ်ပြီး ပြန်စီလိုက်တာပါပဲ... ...။ နက်ဖန်ရုံးပိတ်တယ် ပျော်စရာ...။ ဘာလုပ်ရင်ကောင်းမလဲ အိမ်မှာ...ပူတင်းဂျယ်လီလုပ်စားမယ် ရှမ်းခေါက်ဆွဲချက်မယ် ဟုတ်တယ်...။ ပြီးတော့ ဆိုင်တစ်ခုမှာ ၀ိုင်းရီဆာ့ဗ်သွားလုပ်ပေးဖို့ရှိတယ်... ဘာအတွက်လဲဆိုတာ နောက်မှပြောပြမယ်...။

မိုးငွေ့