မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 10 December 2012

မလွမ်းလောက်ပါဘူး.....



စိုင်းစိုင်း+မိုးမိုး သီဆိုထားတဲ့ မလွမ်းလောက်ပါဘူး... အရမ်းကြိုက်တယ်...သံစဉ်ကိုရော စာသားတွေကိုရော...။ ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တယ်လို့တော့မဟုတ်ပါဘူး....။ စိုင်းစိုင်းရဲ့ စကားအလုံးအနုအရွတွေကိုခိုက်လို့.....။

သီချင်းအင်ထရိုအ၀င်မှာရွတ်လိုက်တာ...တကယ်ဆို အချစ်ဆိုတာ မကောင်းဆိုးဝါးလိုပဲ ကံနိမ့်တဲ့ကောင်မှတွေ့ရတာတဲ့ ... အချစ်ကို စိတ်နာနာနဲ့ ခိုင်းနှိုင်းထားပုံလဲကြည့်ဦး.....

 နဖူးစာရွာလည်လို့ ကံတရားရဲ့ဆန်းကြယ်မှု တယ်လီဖုန်းထဲ နှုတ်ဆက်လို့နမ်းခဲ့ဖူး ဂွတ်နိုက် ပုံပြင်တွေနဲ့ချော့သိပ်ဖူး  အဲဒီစာသားလေးနားထောင်မိတော့ ဘာရယ်မဟုတ်ဘူး မင်းရဲ့ Fly Kiss ကို သတိရသွားတယ်....း)

သူ့ rapping စာသားတွေထဲက နောက်ဆုံးအပိုဒ်မှာဆိုတဲ့ကာရံလေးတွေနဲ့ကိုအရမ်းကြိုက်တယ်..
သုံးထားတဲ့စကားလုံးတွေလဲ အရမ်းနူးညံ့တယ်လေ...။

အိပ်ယာကမနိုးထခင်မှာ ငါက အိပ်မက်သူ
           ဣစ္ဆာသယမင်းက ငါ့အချစ်ကို စိတ်ပျက်သူ
           အိမ်ရာမဲ့ငါ့ဘ၀ ရင်မောလို့ ပင့်သက်ရှူ
           ဣနြေ္ဒရှင်မင်းက ကောင်းကင်ထက်က ဆင်းသက်သူ

အိုကေ...ဆောင်းနှင်းလေငွေ့အေးအေးတွေတိုက်ခတ်လာပြီ...ဒီသီချင်းလေးနားထောင်ပြီး..
အေးငြိမ်းချမ်းသာမှုလေး ရရှိနိုင်ကြပါစေလို့...း)


မိုးငွေ့

4 comments:

စံပယ်ချို said...

စိုင်းစိုင်းသီချင်းတွေတခါမှ နားမထောင်ဖူးခဲ့ဘူး
တောကျနေတာလေ....
ခုမှနားထောင်ဖြစ်တယ်

ရိုးမြေကျ said...

အချစ်ဆိုတာကံနိမ့်တဲ့ကောင်မှတွေ့တာ အဲဒီစာသားအကြိုက်ဆုံး။

ညိမ်းနိုင် said...

အေးလေ.....လွမ်းလောက်စရာလားလို့...... :D

လရိပ်အိမ် said...

အဲဒီမလွမ်းလောက်တာကိုဘဲ လွမ်းချင်နေတာ။