မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 26 December 2012

Always.....






ကိုယ်ဆယ်တန်းအောင်တော့ ကျောင်းမတက်ရသေးခင်… သင်တန်းတွေလျှောက်တက်နေတဲ့ အချိန်တုန်းက စလောင်းကလာတဲ့ အမ်တီဗီတွေကိုတော်တော်လေးကြည့်ဖြစ်ခဲ့တယ်….။ အဲဒီချိန် ကိုလေး(လေးဖြူ)တို့ ကန္တာရလမင်း စီးရီးစထွက်ခါစအချိန်လေး…။ ကိုလေး ကော်ပီဆိုတဲ့ သီချင်းတွေက ဂျွန်ဘွန်ဂျိုဗီရဲ့ သီချင်းတွေချည်းပဲ…။ အမ်တီဗီမှာ ဘွန်ဂျိုဗီရဲ့ သီချင်းတွေတော်တော်လာတယ်…။ သူ့သီချင်းတွေကို အားလုံးလိုလိုကြိုက်တယ်…။ ကိုယ်မှတ်မိသလောက် သူ့အမ်တီဗီတွေမှာ အိုလီဗီးယားဆေးဗားစတုန်း ဆိုတဲ့ ခပ်ဟော့ဟော့ကောင်မလေးက သရုပ်ဆောင်ပေးလေ့ရှိတယ်…။
ဟိုတလောက ကိုယ်သွားသွားဝယ်နေကျ ရန်ကင်းစင်တာက Crab Fashion Boutique ဆိုင်က ကောင်မလေးက သူ့ဆိုင်သွားရင် သူဖွင့်ဖွင့်တတ်တဲ့ အင်္ဂလိပ်သီချင်းဟောင်းတွေကို ကြိုက်တယ်ပြောဖူးလို့ စီဒီတစ်ချပ်ကူးပြီး လက်ဆောင်ပေးလိုက်တယ်…။ အဲဒီထဲကပါလာတဲ့ Unplugged Collection ဆိုတဲ့ သီချင်းတွေထဲက Bon Jovi ရဲ့ Always ကို  Version အသစ်လေးနဲ့ပုံစံပြောင်းပြီးဆိုထားတာ အရမ်းကြိုက်တယ်…။  This Left Feels Right Live Acoustic   ထဲက Bon Jovi ALWAYS_EASY ကိုနားထောင်ပေးပါနော်...။

မိုးငွေ့

6 comments:

ရိုးမြေကျ said...

နားထောင်ချင်ပေမယ့် ကိုရွှေကွန်ကရဘူး။

စံပယ်ချို said...

Rock ထဲမှာဆိုရင်တော့
Bon Jovi ကိုကြိုက်တယ် သူ့သီချင်းတွေ
ကော်ပီဆိုပြီးနာမည်ကြီးနေတဲ့ မြန်မာပြည်ရဲ့
Rocker တွေကိုလဲနဲနဲတော့ကြိုက်တယ်
မီးမီးကိုလဲ ကြိုက်တယ်....အက်ဆေးတွေ
အရေးကောင်းလို့လေ
နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့

သဒ္ဓါလှိုင်း said...

သဒ္ဓါလည်း Bon Jovi သီချင်းလေးတွေ ကြိုက်တယ်.။
နားထောင်စီးမျောရင်းးး
ချစ်တဲ့
သဒ္ဓါ

မိုးငွေ့........ said...

မီးမီးကိုကြိုက်တယ်ဆိုလို့ ကျေးကျေး မာမီယ္ခောမ..။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မီးမီးပြောမှ သူ့သီချင်းတွေ ပြန်နားထောင်ဖြစ်တယ်.. နာမထောင်ဖြစ်တာ တော်တော်ကြာပြီ

လရိပ်အိမ် said...

ငယ်ငယ်လေးထဲက သူ့ရဲ့သီချင်းလေးတွေကို အရမ်းကြိုက်ခဲ့ပါတယ်။ မနားထောင်ဖြစ်တာတောင် ကြာသွားပြီ။ ခုမှပြန်နားထောင်ဖြစ်တယ်။