Monday, 15 October 2012

နောက်ဆုံးကဗျာ.....



တွေ့ဆုံကြုံရ လူ့ဘ၀မှာ
ရှေးရေစက်နဲ့ စိတ်ချင်းဆက်လို့
ကဗျာတွေနဲ့စာတွေကြားမှာ
လှိုက်ဖိုရင်ခုန် ချစ်ခြင်းသံစဉ်သီကျူးခဲ့တယ်...
အပြစ်မမြင်
ချစ်ခင်စိတ်ထဲစွဲမြဲသော်လည်း
ပုံပြင်တွေထဲ ထားရစ်ခဲ့ရင်း
ရင်မှာ ထာဝရလွမ်းဆွတ်တမ်းတ
သတိရလျှက်ပါ.....။ (ကျွန်မ၏ကဗျာဆရာ)

9 comments:

ရိုးမြေကျ said...

ကျွန်မ၏ ကဗျာဆရာက ဘယ်သူရဲဟင်။ကျောက်နှင်းဆီပန်းအိုးကရော ဘယ်သူဝယ်ပေးမှာတဲ့လဲ။

လရိပ်အိမ် said...

လွမ်းသွားပြီ။ ပြန်ပြီ။

လွင်ပြင်လှိုင်းငယ် said...

အပြစ်မမြင်ချစ်ခင်တာအကောင်းဆုံးပါပဲလေ ။

စံပယ်ချို said...

အဲဒီ ကျွန်မရဲ့ ကဗျာဆရာဆိုတာကိုအရမ်းသိချင်တာပဲ
ကဗျာလေးကလဲ ဖတ်လို့ကောင်းလိုက်တာနော်
ချစ်တဲ့ jasmine

ပျိုးယုဝသုန် said...

အပြစ်မမြင် ချစ်ခင်တဲ့ သည်နှမ

ညိမ်းနိုင် said...

ဘာမှမရေးပဲ ပြန်သွားတော့မလို့ပဲ.....ခုလည်း ဘာမှမရေး
ပဲပြန်သွားတဲ့အကြောင်း ရေးရုံသက်သက်... :P

မိုးငွေ့........ said...

အင်......

မြတ်နိုးသူ said...

ကဗျာလေးကရိုးရိုးလေး
ခံစားသွားပါတယ်အမ

နွေတေးရှင် (မင်းဧရာ) said...

ဒီကဗျာလေးကတော့
ရင်ကို ထိထိရှရှကို
တိုက်စားကျိုးပဲ့ သွားစေတယ်ဗျာ ။