မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 5 September 2012

ဘုရားမသွားဖြစ်လိုက်ဘူး


ဒီတစ်ပတ် ဘုရားမှာ ၀ါခေါင်လပြည့် ပန်းပေါင်းရှစ်သောင်းလေးထောင်ပူဇော်ပွဲ သွားချင်တာ။ တနင်္ဂနွေမနက်ကိုဘုရားသွားမယ်...မနက်စာကို ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ Feel မြန်မာမုန့်ဝင်စားမယ် လက်ဖက်ရည်ပေါ့ဆိမ့်သောက်မယ်ပေါ့...။ မသွားဖြစ်လိုက်တာက စနေနေ့ညက မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့တွေ့ပြီး အစီစဉ်ပျက်သွားတာ....။ ဒါနဲ့ နေ့လည်ကို သင်တန်းမစမီ ညီမတစ်ဝမ်းကွဲက ဆယ်လပိုင်းဘာစီလိုနာသွားရင်ဝတ်ဖို့စားဖို့ ခုကတည်းက ၀ယ်စုနေပြီဆိုတော့ အဲဒါလိုက်ပြီး ရှော့ပင်ထွက်ပေးရတာ...။

တော်ဝင်စင်တာ Balazon အ၀င်ဝက Mangoတံဆိပ် အ၀တ်စားဆိုင်အသစ်

ပြည်လမ်းပေါ်က တော်ဝင်စင်တာမရောက်တာကြာပြီ...။ အဲဒီအောက်ထပ်ဝင်ဝင်ခြင်းက Blazon ထဲမှာဘရင်းတွေ တင်တာများတယ်...။ အရင် Bonia လက်ကိုင်အိတ်နေရာကို Mango ကယူလိုက်တယ် Charlie's @ Keth ဖိနပ်ကိုယ်စားလှယ်နဲ့တစ်ဦးတည်းတဲ့...။ ဒါကြောင့် ဆိုင်က ကပ်လျက်ကလေး...။ ချိန်းထားတဲ့ ညီမရောက်မလာခင်မှာ တစ်ယောက်တည်း အပြင်မှာ ယောင်လည်လည်ရှိတုန်း လျှောက်ရိုက်ထားတာ..။



Mango သူ့Brand တွေကို မော်ဒယ်ရုပ်ရှင်မင်းသမီး ပင်နီလို့ခရုဇစ်တို့ညီအစ်မ ကြော်ငြာထားတဲ့ စာအုပ်တော့ ဖတ်ဖူးတယ်...။ နာမည်ရှိတဲ့ ဘရင်းပေမယ့် ဈေးလေးတွေမဆိုးဘူ့း တစ်သောင်းကျော်ကနေ ငါးသောင်းကျော်တန်တွေ...။

သူ့ဖိနပ်တွေက ဟီးလ်တွေ ဝေ့ဂ်ျတွေဆို လှတယ် ဒါပေမယ့် စီးလို့မကောင်းဘူး ခြေထောက်နာတယ်...။ အပါးလေးတွေတော့ သဘောကျတယ်...။ သုံးလေးငါးသောင်း ဈေးကြီးတယ်...။ ၀ယ်စီးဖူးတယ်ဆိုတာက ဒီကောင့်ကပ်ရတုန်းက ၀ယ်ဖူးတာ...။



မော်ဒယ်ကို တစ်ကိုယ်လုံးရိုက်ချင်တာ မရလို့ ခြေထောက်ပဲ ရိုက်ခဲ့လိုက်တယ်

ဒါကတော့ မော်ဒယ်မိုးငွေ့ ဟိဟိ

စောင့်ရတာ ကြာလာတော့ ပျင်းတာနဲ လျှောက်ရိုက်တယ် ကုလားမဆာရီ မလှဘူးလား.. မီးမီးခရေဇီ ပန်းဆီရောင်တောက်တောက်...တစ်ခါလောက်တော့ ဆာရီဝတ်ဖူးချင်သေးတယ်


အဟိ... သများကင်မရာအောက်ကို သူရို့ရောက်လာကြတာ သများတမင်ရိုက်တာဟုတ်ဝူးးနော်...။ အဆင်လေးလှတယ်နော် ဖိနပ်မိုက်မိုက်လေးနဲ့ဆို အိုကေပြီ

အဟဲ... ဒါ့ပုံရိုက်သူက မှန်ထဲကအရိပ်ထဲမှာ ရှာကြည့်

ဒီအကျီင်္လေးအရမ်းကြိုက်တယ် ..အီး ဟီးး အရမ်းကြိုက်တယ် ကြိုက်တယ် Mango က...
လကုန် ဘဏ်တိုးရရင် ၀ယ်ဝတ်မယ် ဒါဘဲ...

ဂျော်ဒန်းနိုးက... ဒီပုံစံလေးတွေက နွေဦးရာသီ ဖက်ရှင်... မိုးရာသီမှာ ဘယ်လိုစိတ်ကူးနဲ့များ အဖြူနဲ့ ကာကီကို ဆင်ပေးထားသလဲ ဂျော်ဒန်းနိုးရဲ့ ဘရင်းမန်နေဂျာ အိုင်ဒီယာကို နားမလည်တတ်တော့

တော်ဝင်စင်တာ အပေါ်ထပ်က အရုပ်ပိစိ ကွစိလေးတွေ ရောင်းတဲ့ ဆိုင်မှာ ဖုန်းကာဗာလေးတွေ မလှဘူးလား.... အပေါ်က သံပရာဝါရောင်လေးက အိန်ဂျယ်အတောင်ပံလေးတစ်စုံ
(((ဟမ်))) အိန်ဂျယ်လဲ ပါလာပြန်ပီး)


စတစ်ရှ်ရုပ်ကလေးကတော့ နေရာတကာ...ချစ်စရာလေး...။ ကောင်လေးနဲ့ကောင်မလေးကာတွန်းရုပ်ကလေးက စုံတွဲလေးတွေအတွက်လိုက်ဖက်တယ် အိုင်ကာဗာတွေ...။ ဟင့် သများ အိုင်မကိုင်နို်င်သေးပါဝူးဆို နေရာတကာ သူ့ကာဗာချည်းပဲ...။
ရုပ်ရုပ်ကလေးတွေ ကြိုက်လား...း))
ကျားရုပ်ရဲ့ မျက်လုံးတွေသေချာကြည့် ညုတုတုရုပ်ပေါက်မနေဘူးလား...ဟဟ
အိမ်က ကြောင်ရုပ်ကလေးကိုတောင်သတိရသွားတယ်...

BSX

ညီမလေးကိုင်တဲ့ ဂလက်စီနုတ်

တော်ဝင်မှာကြည့်ပြီး မော်တင်ဆက်သွားကြတယ် ထုံးစံအတိုင်း Neo Cafe မှာ Ice Lemon Tea သောက်တယ်
အပေါ်ထပ်တက်တော့ Sabina တံဆိပ် အတွင်းခံဆိုင်က 60% တောင်ချတယ်...အဟဲ အဲဒါနဲ့ တစ်သောင်းခွဲတန်တုန်းက ၀ယ်ချင်ခဲ့တဲ့ ဟာလေးတွေကို လေးငါးထောင်နဲ့သုံးစုံဝယ်ပစ်လိုက်တယ်... ပုံတွေတော့ရိုက်မပြတော့ဘူး..ဟိဟိ

မီးအိမ်ကလေး... ဘ၀မှာ အမြဲထွန်းလင်းနေနိုင်ပါ့မလား...
(အဟဲဟဲ...သများတွေလို ဒါ့ပုံအောက်မှာ ဒဿနာဆန်ဆန်လေးရေးကြည့်တာ)

မော်တင်ပီးတော့ သင်တန်းတက်တယ် အပြန် ဒဂုံစင်တာထပ်ဝင်တယ် .. ။ ရှော့ပ် ရှော့ပ် ရှော့ပ် ဒီရောက်တော့မှ ညီမက သူလိုချင်တဲ့ဖိနပ်တွေ အင်္ကျီတွေရတယ်...။ အဲဒီ ဖိနပ်ဆိုင်ရှေ့မှာပဲ အသိလင်မယားနှစ်ယောက်က သူတို့ ကလေးလေးနဲ့ ရှော့ပင်လာထွက်တာ ကလေးကိုတခါတည်းဖမ်းပြီး ဒါ့ပုံရိုက်လိုက်တယ်...။

ချစ်ရှာလေးနော် အိန်ဂျယ်ခေးလေး ခေါင်းမှာ ပန်းပွင့်နဲ့ ဖက်ရှင်ကတော့အလန်းစားပဲ...
သူ့မျက်လုံးလေးတွေ အရမ်းလှတယ်...


စာတွေရေးတင်ချင်သေးတယ် လဆန်းပိုင်းအလုပ်များတယ်...။ အလုပ်များတဲ့ကြားက ဖဘနဲ့ဂျီမေးလ်ကိုလဲ အခါမလပ်ချောင်းချောင်းကြည့်ရသေးတယ် သံယောဇဉ်မပြတ်နိုင်တာ...။ မနေ့က ဧရာဝတီတိုင်းရေဘေးအတွက် အ၀တ်တွေကောက်ထားတဲ့ အထုပ်တွေ စေတနာပန်းခင်းအဖွဲ့ကို အပ်လိုက်တယ်... ။ လာမယ့် 9ရက် 10ရက်ကျရင်တော့ ဇလွန်ဖက်က ရွာကလေးတွေဖက် သွားလှူုဖို့ရှိသေးတယ်။ ကိုယ်မ၀တ်ချင်တော့တဲ့ အ၀တ်တွေ အသုံးမလိုတော့တဲ့ အိမ်သုံးပစ္စည်းလေးတွေနဲ့ စားသောက်စရာတွေကိုလှူချင်ရင် ဆက်သွယ်နိုင်ပါတယ်...။ အောက်ပါ အကျိုးတော်ဆောင်နှစ်ယောက်ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ကြောင်း ထပ်မံ နှိုးဆော်ပေးလိုက်ပါတယ် ရှင့်...။
မပန်းအိ 0943 126 140
ကိုရဲ 0973 116 241

မေတ္တာအားဖြင့်
မိုးငွေ့


7 comments:

စံပယ်ချို said...

ဒီနေ့မှ ဘလော့ထဲပြန်ရောက်တာမို့ပါ
မော်ဒယ်မိုးငွေ့ကအားလုံးထက်ပိုလှမယ်ထင်ပါတယ်
(မုန့်ကျွေးနော်)

Sweety Snow said...

မရောက်တာကြာတဲ့ ရန်ကုန်မြင်ကွင်းတစ်ချို့ကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါမမ.. အရင်ဆုံးပြောလိုက်တဲ့ လက်ဖက်ရည်ကျဆိမ့်လေးတော့ လွမ်းလိုက်တာ :)

Nyi Linn Thit said...

တကယ့်ကို အမုန်း ရှော့ပ် ပစ်လိုက်တာပဲကိုး...၊း) ဒါလည်း ကောင်းတာပဲ၊ ဘယ်ဟာတွေကို ဘယ်ဈေးနဲ့ ဘယ်လိုရောင်းနေကြလဲ ဆိုတာ မျက်ခြေမပြတ် တော့ဘူးပေါ့..။း)

mstint said...

ဘုရားမရောက်ပေမယ့် စိတ်ရဲ့ဖြေရာ ဈေးဝယ်ထွက်လိုက်တော့ စိတ်ခွန်အားပြည့်သွားတာပေါ့ မိုးငွေ့ရယ်။ ကယ်ဆယ်ရေး အထောက်အကူအဖြစ် အလှူအတန်းအတွက်လည်း သာဓု သာဓု သာဓု။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

မျက်လုံးနှစ်လုံးနဲ့ဘဲ အပန်းဖြေသွားတယ်။

မိုးနတ်ကြယ်စင် said...

ဟုတ်ပါ့..ခုတလောမသွားနိုင်ခဲ့တဲ့ ရှော့ပင်းကို သူများသွားထားတာကြည့်ပြီးလာအားကျသွားတယ်နော်..:P
ခင်တဲ့...မိုးနတ်

မိုးခါး said...

အမလေး
ဖတ်ပြီး ညောင်းလိုက်တာ :P